ပဲခူးနှင့် မွန်ပြည်နယ်တွင်း ရေဘေးသင့်များထံ တာချီလိတ်နာရေးကူညီမှုအသင်းက အလှူရှင်များနှင့်အတူ သွားရောက် ထောက်ပံ့လှူဒါန်းရန် ပြင်ဆင်နေ
ပဲခူးနှင့် မွန်ပြည်နယ်တွင်း ရေဘေးသင့်များထံ တာချီလိတ်နာရေးကူညီမှုအသင်းက အလှူရှင်များနှင့်အတူ သွားရောက် ထောက်ပံ့လှူဒါန်းရန် ပြင်ဆင်နေ
ဇူလိုငျ 31, 2018
By Tachileik News Agency
ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းမည့် အစီအစဉ်တွင် ပါဝင်လိုသူများ အနေဖြင့် တာချီလိတ်နာရေးကူညီမှုအသင်း ဖုန်း 09257263334 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရေဘေးကြုံတွေ့နေရသဖြင့် ဒေသအသီးသီးမှ ပြည်သူများကလည်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ပဲခူးနှင့် မွန်ပြည်နယ်မှ ရေဘေးသင့်များအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ တာချီလိတ်နာရေးကူညီမှုအသင်းက အလှူရှင်များနှင့်အတူ သြဂုတ်လဆန်းပိုင်းတွင် သွားရောက် လှူဒါန်းရန် ပြင်ဆင်နေကြောင်း သိရသည်။
“ကျွန်တော်တို့က နှစ်စဉ်နှစ်တိုင်း အလှူရှင်တွေနဲ့အတူ ရေဘေးသင့်ဒေသတွေကို တတ်နိုင်သလောက် သွားလှူနကြေပါ။ မနှစ်ကတော့ ဧရာဝတီတိုင်း၊ ဒီနှစ်ကတော့ ပဲခူးတိုင်းကို အဓိကထား သွားမယ်။ ပဲခူးတိုင်း၊ မွန်ပြည်နယ်ပေါ့။ ၂၀၁၅ တုန်းကဆို မကွေးတိုင်းဘက်မှာ ကျပ် သိန်း(၂၀၀၀)၊ (၃၀၀၀)ဖိုးလောက် လှူနိုင်ပါတယ်။ မနှစ်ကတော့ သိန်း(၅၀၀)ဖိုးလောက်ပဲ လှူနိုင်ပါတယ်။ ဒီနှစ်တော့ ဘယ်လောက်လှူနိုင်မယ် မသိသေးဘူးပေါ့”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းမည့် အစီအစဉ်တွင် ပါဝင်လိုသူများ အနဖြေင့် တာချီလိတ်နာရေးကူညီမှုအသင်း ဖုန်း 09257263334 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရေဘေးကြုံတွေ့နေရသဖြင့် ဒေသအသီးသီးမှ ပြည်သူများကလည်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်နကြခြေင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~