မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးလုပ္ရင္းေသဆံုးသြားသူအား ထုိင္းဘုရင္က ေတာ္ဝင္အစီအစဥ္ျဖင့္ သၿဂိဳလ္မည္

မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးလုပ္ရင္းေသဆံုးသြားသူအား ထုိင္းဘုရင္က ေတာ္ဝင္အစီအစဥ္ျဖင့္ သၿဂိဳလ္မည္
ဇူလိုင် 6, 2018
By 🌸
မယ္ဆုိင္ဂူ ကယ္ဆယ္ေရးအတြင္း ေသဆံုးသြားခဲ့သည့္ ထုိင္းေရတပ္အထူးအဖြဲ႕ဝင္ေဟာင္း တပ္ၾကပ္ႀကီး စမန္းခြန္နန္ကို ၎၏စြန္႔လႊတ္စြန္႔စားမႈကို ဂုဏ္ျပဳသည့္အေနျဖင့္ ထုိင္းဘုရင္က ေတာ္ဝင္အစီအစဥ္ျဖင့္ သၿဂိဳလ္သြားမည္ျဖစ္ေၾကာင္း ThaiPBS ၏ သတင္းအရ သိရသည္။

စမန္းခြန္နန္သည္ ေရတပ္အထူးအဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္ၿပီး လက္ရိွတြင္ သုဝဏၰဘူမိေလဆိပ္၏ လံုၿခံဳေရးအရာရိွအျဖစ္ ေဆာင္ရြက္ေနျခင္းျဖစ္ရာ လက္ရိွေရတပ္တာဝန္ထမ္းေဆာင္ေနသူမ်ား၏ ခံစားခြင့္အတိုင္း ခံစားခြင့္မရိွေသာ္လည္း ၎အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ႏိုင္မည့္အစီအစဥ္မ်ားကို စဥ္းစားေဆာင္ရြက္ေနေၾကာင္း ေရတပ္၏ ေျပာေရးဆိုခြင့္ရိွသူက ထုတ္ေဖၚေျပာၾကားထားသည္။

စမန္းခြန္နန္သည္ မယ္ဆုိင္ဂူအတြင္းမွ ကေလး(၁၃)ဦးကယ္ဆယ္ေရးအတြက္ ပါဝင္ကူညီေနသူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၅)ရက္ေန႔ ည(၈)နာရီခြဲမွစ၍ ဂူအတြင္းအမွတ္(၃)ေနရာမွ ကေလးမ်ားခိုလံႈေနရာဘက္ရိွ ဂူလမ္းေၾကာင္းဆံုရာမွ ေရတပ္အထူးအဖြဲ႔အတြက္ ေအာက္ဆီဂ်င္ဗူးမ်ားပို႔ေပးၿပီး ဂူအမွတ္(၃)ဘက္အျပန္တြင္ ေသဆံုးသြားျခင္းျဖစ္သည္။

သတင္း #ဇာႏွင္း
Photo:NationPhoto

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ရင်းသေဆုံးသွားသူအား ထိုင်းဘုရင်က တော်ဝင်အစီအစဉ်ဖြင့် သဂြိုလ်မည်
***************
မယ်ဆိုင်ဂူ ကယ်ဆယ်ရေးအတွင်း သေဆုံးသွားခဲ့သည့် ထိုင်းရေတပ်အထူးအဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး စမန်းခွန်နန်ကို ၎င်း၏စွန့်လွှတ်စွန့်စားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ထိုင်းဘုရင်က တော်ဝင်အစီအစဉ်ဖြင့် သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

စမန်းခွန်နန်သည် ရေတပ်အထူးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် သုဝဏ္ဏဘူမိလေဆိပ်၏ လုံခြုံရေးအရာရှိအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ရာ လက်ရှိရေတပ်တာဝန်ထမ်းဆောင်နေသူများ၏ ခံစားခွင့်အတိုင်း ခံစားခွင့်မရှိသော်လည်း ၎င်းအတွက် ဂုဏ်ပြုချီးမြှင့်နိုင်မည့်အစီအစဉ်များကို စဉ်းစားဆောင်ရွက်နေကြောင်း ရေတပ်၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖေါ်ပြောကြားထားသည်။

စမန်းခွန်နန်သည် မယ်ဆိုင်ဂူအတွင်းမှ ကလေး(၁၃)ဦးကယ်ဆယ်ရေးအတွက် ပါဝင်ကူညီနေသူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့ ည(၈)နာရီခွဲမှစ၍ ဂူအတွင်းအမှတ်(၃)နေရာမှ ကလေးများခိုလှုံနေရာဘက်ရှိ ဂူလမ်းကြောင်းဆုံရာမှ ရေတပ်အထူးအဖွဲ့အတွက် အောက်ဆီဂျင်ဗူးများပို့ပေးပြီး ဂူအမှတ်(၃)ဘက်အပြန်တွင် သေဆုံးသွားခြင်းဖြစ်သည်။

သတင်း #ဇာနှင်း
Photo:NationPhoto

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~