မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ကိုင်နေရင်း သေဆုံးသွားသည့် ရေတပ်မှ တပ်ကြပ်ကြီးအား ထိုင်းဘုရင်က ရေတပ်ဒုဗိုလ်အဖြစ် ရာထူးတိုး ချီးမြှင့်

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ကိုင်နေရင်း သေဆုံးသွားသည့် ရေတပ်မှ တပ်ကြပ်ကြီးအား ထိုင်းဘုရင်က ရေတပ်ဒုဗိုလ်အဖြစ် ရာထူးတိုး ချီးမြှင့်
ဇူလိုင် 14, 2018
By Tachileik News Agency



ဆာမန်ခူနန်အား ဘုရင်အပါအဝင် တစ်နိုင်ငံလုံးက သူရဲကောင်းအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ၎င်းအား ဇာတိမြေဖြစ်သည့် ဝပ်နောင်းခူးတွင် ဇူလိုင်လ (၁၄)ရက်နေ့ ညနေ (၄)နာရီ၌ နိုင်ငံတော်အဆင့်အနေဖြင့် သဂြိုလ်မည်ဖြစ်သည်။

Tachileik News Agency
Photo crd; sc royal


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူကယ်ဆယ်ရေးတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်စဉ် ရေငုပ်နေရင်း သေဆုံးသွားသည့် ရေတပ်အထူးအဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး ဆာမန်ခူနန်အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၎င်းအားမသဂြိုလ်မီ နာရီပိုင်းအလို၌ ဒုဗိုလ်အဆင့်သို့ ထိုင်းဘုရင်က ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

အသက်(၃၈)နှစ်အရွယ် ဆာမန်ခူနန်သည် ရေတပ်အထူးအဖွဲ့ဝင်ဟောင်းဖြစ်ပြီး လက်ရှိတွင် သုဝဏ္ဏဘူမိလေဆိပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ထမ့်လွမ်ဂူအတွင်းမှ ကလေးများ ကယ်ဆယ်သည့် ရေတပ်အထူးအဖွဲ့အား ကူညီပေးရန် ရောက်ရှိလာခြင်းဖြစ်ပြီး ဇူလိုင်လ (၆)ရက်နေ့က ဂူအတွင်း အောက်ဆီဂျင်များ သယ်ပေးစဉ် အောက်ဆီဂျင်ပြတ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆာမန်ခူနန်အား ဘုရင်အပါအဝင် တစ်နိုင်ငံလုံးက သူရဲကောင်းအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး၎င်းအား ဇာတိမြဖြေစ်သည့် ဝပ်နောင်းခူးတွင် ဇူလိုင်လ (၁၄)ရက်နေ့ ညနေ (၄)နာရီ၌ နိုင်ငံတော်အဆင့်အနဖြေင့် သဂြိုလ်မည်ဖြစ်သည်။

Tachileik News Agency
Photo crd; sc royal

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~