မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားအား ေခၚထုတ္လာမည့္ကယ္ဆယ္ေရးပံုစံ ထုိင္းရဲတပ္ဖြဲ႕ထုတ္ျပန္

မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားအား ေခၚထုတ္လာမည့္ကယ္ဆယ္ေရးပံုစံ ထုိင္းရဲတပ္ဖြဲ႕ထုတ္ျပန္
ဇူလိုင် 8, 2018
By 🌸
�Update: 3:10 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
ကေလးမ်ားအား ေရငုပ္သမားမ်ားက ေစာင့္ေရွာက္ၿပီး ေခၚထုတ္လာမည့္ပံုစံကို ကယ္ဆယ္ေရးစတင္ေနသည့္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၈)ရက္ေန႔ ညေနပိုင္းတြင္ ထုိင္းရဲတပ္ဖြဲ႕က BBC သတင္းဌာန၏ သရုပ္ျပပံုမ်ားျဖင့္ သတင္းထုတ္ျပန္ထားသည္ကို ေတြ႔ရသည္။

ေရငုတ္သမားႏွစ္ဦးက ကေလးအား အလယ္တြင္ထားၿပီး ကေလးႏွင့္ လံုၿခံဳေရးႀကိဳး ခ်ိတ္ဆက္ထားသည့္ ေရငုပ္သမားက ေရွ႕မွဦးေဆာင္ကာ ကေလးအတြက္ ေအာက္ဆီဂ်င္ဗူးကို သယ္ေဆာင္ထားေပးမည္ျဖစ္သည္။

 ေနာက္မွလုိက္ပါမည့္ ေရငုပ္သမားက လမ္းျပရန္သြယ္တန္းထားသည့္ႀကိဳးကို ထိန္းေပးမည္ျဖစ္ကာ ရႊံ႕ေရမ်ားရိွေနၿပီး က်ဥ္းေျမာင္းသည့္လမ္းေၾကာင္းတြင္ ကေလးအား ေရငုပ္သမားႏွစ္ဦးလံုးက လံုၿခံဳေရးႀကိဳးျဖင့္ ခ်ိိတ္ဆက္ထိန္းညိႇကာ ေခၚေဆာင္လာၾကမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါကယ္ဆယ္ေရးပံုစံကို ကေလးမ်ား၏မိဘမ်ားကို ရွင္းလင္းေျပာျပထားၿပီးျဖစ္ေၾကာင္း ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ယေန႔ နံနက္ပိုင္းသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။

မယ္ဆုိင္ဂူအတြင္းမွ ကေလး(၁၃)ဦးကို ဇူလုိင္လ(၈)ရက္ေန႔ ထုိင္းစံေတာ္ခ်ိန္ နံနက္(၁၀)နာရီကတည္းက ေခၚထုတ္ေနၾကျခင္းျဖစ္ၿပီး ည(၉)နာရီဝန္းက်င္တြင္ ေရွ႕ဆံုးမွထြက္လာမည့္ကေလး ဂူအျပင္သို႔ ေရာက္ရိွႏုိင္မည္ဟု ခန္႔မွန္းထားၾကသည္။

သတင္း Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေးများအား ခေါ်ထုတ်လာမည့်ကယ်ဆယ်ရေးပုံစံ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်
�Update: 3:10 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
ကလေးများအား ရေငုပ်သမားများက စောင့်ရှောက်ပြီး ခေါ်ထုတ်လာမည့်ပုံစံကို ကယ်ဆယ်ရေးစတင်နေသည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ ညနေပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က BBC သတင်းဌာန၏ သရုပ်ပြပုံများဖြင့် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရေငုတ်သမားနှစ်ဦးက ကလေးအား အလယ်တွင်ထားပြီး ကလေးနှင့် လုံခြုံရေးကြိုး ချိတ်ဆက်ထားသည့် ရေငုပ်သမားက ရှေ့မှဦးဆောင်ကာ ကလေးအတွက် အောက်ဆီဂျင်ဗူးကို သယ်ဆောင်ထားပေးမည်ဖြစ်သည်။

 နောက်မှလိုက်ပါမည့် ရေငုပ်သမားက လမ်းပြရန်သွယ်တန်းထားသည့်ကြိုးကို ထိန်းပေးမည်ဖြစ်ကာ ရွှံ့ရေများရှိနေပြီး ကျဉ်းမြောင်းသည့်လမ်းကြောင်းတွင် ကလေးအား ရေငုပ်သမားနှစ်ဦးလုံးက လုံခြုံရေးကြိုးဖြင့် ချိတ်ဆက်ထိန်းညှိကာ ခေါ်ဆောင်လာကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကယ်ဆယ်ရေးပုံစံကို ကလေးများ၏မိဘများကို ရှင်းလင်းပြောပြထားပြီးဖြစ်ကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ယနေ့ နံနက်ပိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မယ်ဆိုင်ဂူအတွင်းမှ ကလေး(၁၃)ဦးကို ဇူလိုင်လ(၈)ရက်နေ့ ထိုင်းစံတော်ချိန် နံနက်(၁၀)နာရီကတည်းက ခေါ်ထုတ်နေကြခြင်းဖြစ်ပြီး ည(၉)နာရီဝန်းကျင်တွင် ရှေ့ဆုံးမှထွက်လာမည့်ကလေး ဂူအပြင်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။

သတင်း Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~