မယ္ဆုိင္ဂူတြင္း ၁၈ ရက္ၾကာပိတ္မိေနခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းအား ဝန္ႀကီးခ်ဳပ္က အိမ္ျပန္လက္ေဆာင္ေပးအပ္

မယ္ဆုိင္ဂူတြင္း ၁၈ ရက္ၾကာပိတ္မိေနခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းအား ဝန္ႀကီးခ်ဳပ္က အိမ္ျပန္လက္ေဆာင္ေပးအပ္
ဇူလိုင် 18, 2018
By 🌸
မယ္ဆိုင္ဂူအတြင္းမွ ဇူလုိင္လ(၁၀)ရက္ေန႔တြင္ ကယ္ထုတ္ခဲ့ကာ ခ်င္းရိုင္းျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ ေတာဝက္ေဘာလံုးအသင္းအား (၈)ရက္အၾကာတြင္ အိမ္ျပန္ခြင့္ျပဳၿပီျဖစ္ရာ ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ေခ်ာင္အိုခ်ာက အိမ္ျပန္လက္ေဆာင္မ်ား ေပးပို႔လုိက္ေၾကာင္း သိရသည္။

ကေလးမ်ားအား မိဘမ်ားထံ ျပန္မအပ္မီ သတင္းစာရွင္းလင္းပြဲ က်င္းပရာအခမ္းအနားသို႔ အဆုိပါ လက္ေဆာင္မ်ား ေပးပို႔လုိက္ျခင္းျဖစ္ၿပီး ခ်င္းရုိင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ကို္ယ္စားေပးအပ္ခဲ့ျခင္းျဖစ္သည္။

သတင္းစာရွင္းလင္းပြဲတြင္ လူငယ္(၁၃)ဦးက ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့ရသည့္ ေရတပ္ဒုဗိုလ္အျဖစ္ ေသဆံုးၿပီးခ်ိန္တြင္ ခ်ီးျမႇင့္ခံရသူ ဆာမန္ခူနန္၏ က်န္ခဲ့သည့္မိသားစုထံ ေပးပို႔မည့္ ပံုတူပန္းခ်ီတြင္ အမွတ္တရေရးသားထားမႈမ်ားကို ျပသခဲ့ကာ ဆာမန္ခူနန္အပါအဝင္ အားလံုးကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားျခင္းႏွင့္ ထုိင္းဘုရင္အား အရိုအေသျပဳျခင္းတုိ႔ကိုလည္း လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

ကေလးမ်ားအား ဂူအျပင္သို႔ ေရငုပ္အဖြဲ႕ျဖင့္ ေခၚထုတ္ရာတြင္ အလွည့္က်ေခၚထုတ္ရမယ့္လူကို ဆရာဝန္မ်ား စစ္ေဆးအတည္ျပဳခ်က္ျဖင့္ ေရြးခ်ယ္သည္ဟု ကယ္ဆယ္ေရးကာလက သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ကေလးမ်ားက ၎တို႔အခ်င္းခ်င္း ညိႇႏိႈင္းကာ ဂူႏွင့္အေဝးဆံုးေနထို္င္သူမ်ား အရင္ထြက္ေစရန္ သေဘာတူခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားအား ေရငုတ္ေခၚထုတ္ရာတြင္ စိတ္ၿငိမ္ေဆးအသံုးျပဳခဲ့ရေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း က်န္းမာေရးအရ ထိခိုက္မႈမရိွေၾကာင္း ဝန္ႀကီးခ်ုဳပ္က ေျပာၾကားထားျခင္းျဖစ္သည္။

လက္ရိွတြင္ အဆိုပါထမ့္လြမ္ဂူႏွင္ ဝန္းက်င္အား ကမၻာလွည့္ခရီးသြားမ်ား ဆြဲေဆာင္ရာေနရာတစ္ခုအျဖစ္ ေဖၚေဆာင္ရန္ လုပ္ေဆာင္ေနၿပီျဖစ္သည္။

ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူတွင်း ၁၈ ရက်ကြာပိတ်မိနေခဲ့သည့် တောဝက်ဘောလုံးအသင်းအား ဝန်ကြီးချုပ်က အိမ်ပြန်လက်ဆောင်ပေးအပ်
************
မယ်ဆိုင်ဂူအတွင်းမှ ဇူလိုင်လ(၁၀)ရက်နေ့တွင် ကယ်ထုတ်ခဲ့ကာ ချင်းရိုင်းပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် တောဝက်ဘောလုံးအသင်းအား (၈)ရက်အကြာတွင် အိမ်ပြန်ခွင့်ပြုပြီဖြစ်ရာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာက အိမ်ပြန်လက်ဆောင်များ ပေးပို့လိုက်ကြောင်း သိရသည်။

ကလေးများအား မိဘများထံ ပြန်မအပ်မီ သတင်းစာရှင်းလင်းပွဲ ကျင်းပရာအခမ်းအနားသို့ အဆိုပါ လက်ဆောင်များ ပေးပို့လိုက်ခြင်းဖြစ်ပြီး ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ကိုယ်စားပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် လူငယ်(၁၃)ဦးက ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့ရသည့် ရေတပ်ဒုဗိုလ်အဖြစ် သေဆုံးပြီးချိန်တွင် ချီးမြှင့်ခံရသူ ဆာမန်ခူနန်၏ ကျန်ခဲ့သည့်မိသားစုထံ ပေးပို့မည့် ပုံတူပန်းချီတွင် အမှတ်တရရေးသားထားမှုများကို ပြသခဲ့ကာ ဆာမန်ခူနန်အပါအဝင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခြင်းနှင့် ထိုင်းဘုရင်အား အရိုအသေပြုခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ကလေးများအား ဂူအပြင်သို့ ရေငုပ်အဖွဲ့ဖြင့် ခေါ်ထုတ်ရာတွင် အလှည့်ကျခေါ်ထုတ်ရမယ့်လူကို ဆရာဝန်များ စစ်ဆေးအတည်ပြုချက်ဖြင့် ရွေးချယ်သည်ဟု ကယ်ဆယ်ရေးကာလက သတင်းထုတ်ပြန်ခဲ့သော်လည်း ကလေးများက ၎င်းတို့အချင်းချင်း ညှိနှိုင်းကာ ဂူနှင့်အဝေးဆုံးနေထိုင်သူများ အရင်ထွက်စေရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကလေးများအား ရေငုတ်ခေါ်ထုတ်ရာတွင် စိတ်ငြိမ်ဆေးအသုံးပြုခဲ့ရကြောင်း ပြောကြားခဲ့သော်လည်း ကျန်းမာရေးအရ ထိခိုက်မှုမရှိကြောင်း ဝန်ကြီးချုုပ်က ပြောကြားထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါထမ့်လွမ်ဂူနှင် ဝန်းကျင်အား ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ဖေါ်ဆောင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

ဓါတ်ပုံ #ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~