ၿငိမ္းခ်မ္းေရးအတြက္ ျပည္ေထာင္စုသေဘာတူညီခ်က္ ၅၁ ခ်က္ လက္မွတ္ေရးထိုးထား

ၿငိမ္းခ်မ္းေရးအတြက္ ျပည္ေထာင္စုသေဘာတူညီခ်က္ ၅၁ ခ်က္ လက္မွတ္ေရးထိုးထား
ဇူလိုင် 16, 2018
By Tachileik News Agency

ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးေနသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လံု ဒုတိယ အစည္းအေ၀းႏွင့္ တတိယအစည္းအေဝးမ်ားတြင္ ျပည္ေထာင္စုသေဘာတူညီခ်က္ စုစုေပါင္း (၅၁)ခ်က္ကို လက္မွတ္ေရးထုိးၿပီးျဖစ္သည္။

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၁)ကို ၂၀၁၇ ခုႏွစ္၊ ေမလ (၂၉)ရက္ေန႔တြင္ လက္မွတ္ေရးထိုးရာတြင္ သေဘာတူညီခ်က္ (၃၇)ခ်က္ပါဝင္ၿပီး ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၂)ကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၆)ရက္ေန႔တြင္ လက္မွတ္ေရးထိုးရာ၌ သေဘာတူညီခ်က္ (၁၄)ခ်က္ကို အသီးသီးလက္မွတ္ေရးထုိးႏုိင္ခဲ့ၾကျခင္းျဖစ္သည္။

လက္ရိွ အစိုးရ လက္ထက္တြင္ ပင္လံုညီလာခံ အစည္းအေဝးမ်ားကို က်င္းပေနရာ ပထမအစည္းအေဝးကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္ လည္းေကာင္း၊ ဒုတိယအစည္းအေဝးကို ၂၀၁၇ ခုႏွစ္ ေမလတြင္ လည္းေကာင္း၊ တတိယအစည္းအေဝးကို ၂၀၁၈ ခုႏွစ္ ဇူလုိင္လတြင္ လည္းေကာင္း က်င္းပခဲ့ၿပီး ၂၀၁၈ ခုနွစ္အတြင္း ေနာက္ထပ္ညီလာခံ (၁)ႀကိမ္၊ ၂၀၁၉ ခုနွစ္အတြင္း ညီလာခံ (၂)ႀကိမ္ ဆက္လက္ က်င္းပသြားရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ညီလာခံကို လိုအပ္သလို က်င္းပႏုိင္ေရးတို႔ကို ေဆာင္ရြက္ မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Img crd; Myanmar State Counsellor Office


~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယ အစည်းအေဝးနှင့် တတိယအစည်းအဝေးများတွင် ပြည်ထောင်စုသဘောတူညီချက် စုစုပေါင်း (၅၁)ချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)ကို ၂၀၁၇ ခုနှစ်၊ မေလ (၂၉)ရက်နေ့တွင် လက်မှတ်ရေးထိုးရာတွင် သဘောတူညီချက် (၃၇)ချက်ပါဝင်ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် လက်မှတ်ရေးထိုးရာ၌ သဘောတူညီချက် (၁၄)ချက်ကို အသီးသီးလက်မှတ်ရေးထိုးနိုင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ အစိုးရ လက်ထက်တွင် ပင်လုံညီလာခံ အစည်းအဝေးများကို ကျင်းပနေရာ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင် လည်းကောင်း၊ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ်ညီလာခံ (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ (၂)ကြိမ် ဆက်လက် ကျင်းပသွားရန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ညီလာခံကို လိုအပ်သလို ကျင်းပနိုင်ရေးတို့ကို ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Img crd; Myanmar State Counsellor Office

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~