သိန္းနီၿမိဳ႕နယ္ ေရပူေက်းရြာအနီး မုိင္းေပါက္ကြဲမႈကို ရွင္းလင္းရန္လာသည့္ တပ္မေတာ္အား လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ ေခ်ာင္းေျမာင္းပစ္ခတ္

သိန္းနီၿမိဳ႕နယ္ ေရပူေက်းရြာအနီး မုိင္းေပါက္ကြဲမႈကို ရွင္းလင္းရန္လာသည့္ တပ္မေတာ္အား လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ ေခ်ာင္းေျမာင္းပစ္ခတ္
ဇူလိုင် 9, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး နံေဘးတြင္ ဇူလိုင္လ (၈) ရက္ေန႔ ညပိုင္းက မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားသျဖင့္ ရွင္းလင္းရွာေဖြရန္ေရာက္ရွိလာသည့္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုတို႔ ထိေတြ႔ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ည (၁၁) နာရီ (၄၅)မိနစ္ေလာက္မွာ ေပါက္ကြဲမႈအရင္ျဖစ္တယ္။ မိုင္တိုင္ ၁၉၇/၁ နဲ႔ ၁၉၇/၂ ၾကားထဲ။ လမ္းမႀကီးနဲ႔ ေပ (၂၀) ေလာက္အကြာမွာ ျဖစ္တာ။ ေပါက္ကြဲမႈေၾကာင့္ ေဘးပတ္ဝန္းက်င္က အေဆာက္အဦးတစ္ခ်ိဳ႕ပဲ ထိခိုက္မိတာရွိတယ္။ ဒဏ္ရာရထိခိုက္တာမရွိဘူး က်ည္ဆံေတြ ဘာေတြက အိမ္ေတြကို ထိမွန္တာေတာ့ရွိတယ္ ” ဟု သိန္းနီၿမိဳ႕မရဲတပ္ဖြဲ႔ စခန္းမွဴး ဒုတိယရဲမွဴးဝင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္နက္ကိုင္အဖြဲ႕အစည္း၏အမည္ကို အတည္မျပဳႏုိင္ေသးေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ရွင္းလင္းရန္ေရာက္ရွိလာသည့္ တပ္မေတာ္အား ေခ်ာင္းေျမာင္း ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ပစ္ခတ္မႈမ်ားေၾကာင့္ တပ္မေတာ္ေမာ္ေတာ္ယာဥ္အခ်ိဳ႕ႏွင့္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ရပ္တန္႔ထားသည့္ကုန္တင္ယာဥ္အခ်ိဳ႕ က်ည္ဆံထိမွန္သြားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔က သြားၿပီးၾကည့္ရႈလို႔မရဘူးေလ။ စံုစမ္းသိရွိရသေလာက္ကေတာ့ ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံထိခိုက္တာမရွိဘူးလို႔ၾကားတယ္။ ဆက္ၿပီးေတာ့စံုစမ္းေနတယ္ ” ဟု သိန္းနီၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါထိေတြ႔ပစ္ခတ္မႈမ်ားမွာ ဇူလိုင္လ (၉) ရက္ နံနက္(၁) နာရီဝန္းက်င္အထိ ျဖစ္ပြားခဲ့ျခင္းျဖစ္ေသာ္လည္း လက္ရွိတြင္ လားရႈိး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ ပံုမွန္အတုိင္းသြားလာမႈမ်ားရိွေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ကိုေန

~~~~~~~~⊰❂ unicode ~~~~~~~~
သိန်းနီမြို့နယ် ရေပူကျေးရွာအနီး မိုင်းပေါက်ကွဲမှုကို ရှင်းလင်းရန်လာသည့် တပ်မတော်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ချောင်းမြောင်းပစ်ခတ်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး နံဘေးတွင် ဇူလိုင်လ (၈) ရက်နေ့ ညပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားသဖြင့် ရှင်းလင်းရှာဖွေရန်ရောက်ရှိလာသည့် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ည (၁၁) နာရီ (၄၅)မိနစ်လောက်မှာ ပေါက်ကွဲမှုအရင်ဖြစ်တယ်။ မိုင်တိုင် ၁၉၇/၁ နဲ့ ၁၉၇/၂ ကြားထဲ။ လမ်းမကြီးနဲ့ ပေ (၂၀) လောက်အကွာမှာ ဖြစ်တာ။ ပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်က အဆောက်အဦးတစ်ချို့ပဲ ထိခိုက်မိတာရှိတယ်။ ဒဏ်ရာရထိခိုက်တာမရှိဘူး ကျည်ဆံတွေ ဘာတွေက အိမ်တွေကို ထိမှန်တာတော့ရှိတယ် ” ဟု သိန်းနီမြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲမှူးဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်း၏အမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရှင်းလင်းရန်ရောက်ရှိလာသည့် တပ်မတော်အား ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပစ်ခတ်မှုများကြောင့် တပ်မတော်မော်တော်ယာဉ်အချို့နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့်ကုန်တင်ယာဉ်အချို့ ကျည်ဆံထိမှန်သွားကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့က သွားပြီးကြည့်ရှုလို့မရဘူးလေ။ စုံစမ်းသိရှိရသလောက်ကတော့ ပစ်ခတ်မှုတွေကြောင့် ဒေသခံထိခိုက်တာမရှိဘူးလို့ကြားတယ်။ ဆက်ပြီးတော့စုံစမ်းနေတယ် ” ဟု သိန်းနီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါထိတွေ့ပစ်ခတ်မှုများမှာ ဇူလိုင်လ (၉) ရက် နံနက်(၁) နာရီဝန်းကျင်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပုံမှန်အတိုင်းသွားလာမှုများရှိနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကိုနေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~