ေက်ာက္မဲၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းပိုင္းတြင္ ႏြားတင္လာသည့္ကားအား ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈ ထပ္မံျဖစ္ပြားၿပီး ပစ္ခတ္သူမ်ားအား ဖမ္းဆီးရမိျခင္းမရိွေသး

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းပိုင္းတြင္ ႏြားတင္လာသည့္ကားအား ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈ ထပ္မံျဖစ္ပြားၿပီး ပစ္ခတ္သူမ်ားအား ဖမ္းဆီးရမိျခင္းမရိွေသး
ဇူလိုင် 9, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီး ပင္တိန္ေက်းရြာႏွင့္ မန္႔တန္းေက်းရြာၾကား ရင္ခြဲေတာင္အနီးတြင္ ဇူလိုင္လ (၉) ရက္ နံနက္ပိုင္းက ႏြားတင္လာသည့္ကားတစ္စီးအား ေသနတ္ျဖင့္ ပစ္ခံရ၍ ယာဥ္ေမာင္းတစ္ဦးထပ္မံေသဆံုးသြားကာ ႏြားတင္သည့္ကားမ်ားအား ပစ္ခတ္မႈမွ တရားခံမ်ားအား ဖမ္းဆီးရမိထားျခင္းမရိွေသးေၾကာင္း သိရသည္။

 “ေသနတ္ပစ္ခံရတဲ့ ကားဒရိုင္ဘာက ခုနကပဲေသဆံုးသြားပါတယ္။  ခင္ဦးၿမိဳ႕နယ္၊ တယ္ဘိုပင္ေက်းရြာက အသက္ (၃၇) ႏွစ္အရြယ္ ေမာင္စံ(ခ)စံထြန္းေအာင္ဆိုသူျဖစ္ပါတယ္။ အျခားသူေတြထိခိုက္ဒဏ္ရာရတာ မရွိထား ပါဘူး” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔က ေန႔လယ္ (၁၂) နာရီခန္႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ အတည္ျပဳေျပာၾကားသည္။

တရုတ္ႏုိင္ငံသို႔ မူဆယ္နယ္စပ္မွတစ္ဆင့္ ကၽြဲ၊ႏြား၊ဆိတ္မ်ားကို တရားဝင္တင္သြင္းခြင့္ေပးၿပီးေနာက္ အဆိုပါျပည္ေထာင္စုလမ္းပိုင္းတြင္ ႏြားသယ္ေဆာင္လာသည့္ကားမ်ားအား မၾကာခဏေသနတ္ျဖင့္ ပစ္ခတ္ခံရမႈမ်ားရိွလာကာ ယာဥ္ေမာင္းေသဆံုးမႈမ်ားရိွေနျခင္းျဖစ္ေသာ္လည္း ပစ္ခတ္ခံရမႈမ်ားမွ တရားခံမ်ားအား ဖမ္းဆီးရမိထားျခင္းမရိွေၾကာင္း သိရသည္။

 “မနက္ (၈) နာရီ (၄၅) ေလာက္မွာ ဖုန္းသတင္းရတဲ့အတြက္ လူနာသယ္ဖို႔သြားပါတယ္။ အဲဲဒီမွာ ေနာင္ခ်ိဳဘက္ ကေနတက္လာတဲ့အျခား လူမႈကူညီေရးအသင္းကားက အဲဒါကိုေတြ႔ၿပီး ေက်ာက္မဲေဆးရံုကိုသယ္သြားေပး တယ္။ ႏြားက အေကာင္ (၂၀) တင္ထားတာေတြ႔တယ္” ဟု ေအာင္ဓမၼာရံု(ေနာင္ပိန္) လူမႈကူညီေရးအသင္းမွ ကိုအိုက္ေနာင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါကားမွာ ျပည္ေထာင္စုလမ္းမႀကီးအတိုင္း ေနာင္ခ်ိဳဘက္မွ ေက်ာက္မဲဘက္သို႔ ေမာင္းႏွင္လာစဥ္ နံနက္ (၈) နာရီဝန္းက်င္က ရင္ကြဲေတာင္အနီး ပင္တိန္ရြာႏွင့္ မန္တန္းရြာၾကားအေရာက္ ေသနတ္ျဖင့္ပစ္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္ခံရမႈႏွင့္ပတ္သက္၍ ေနာင္ပိန္နယ္ေျမရဲစခန္းက စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု # ကမ္းလင့္လက္မ်ား လူမွူကူညီေရးအသင္း ေအာင္ဓမၼာရံု ေနာင္ပိန္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပိုင်းတွင် နွားတင်လာသည့်ကားအား သေနတ်ဖြင့် ပစ်ခတ်ခံရမှု ထပ်မံဖြစ်ပွားပြီး ပစ်ခတ်သူများအား ဖမ်းဆီးရမိခြင်းမရှိသေး
***********************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီး ပင်တိန်ကျေးရွာနှင့် မန်တန်းကျေးရွာ ကြား ရင်ခွဲတောင်အနီးတွင် ဇူလိုင်လ (၉) ရက် နံနက်ပိုင်းက နွားတင်လာသည့်ကားတစ်စီးအား သေနတ်ဖြင့် ပစ်ခံရ၍ ယာဉ်မောင်းတစ်ဦးထပ်မံသေဆုံးသွားခဲ့ကာ နွားတင်သည့်ကားများအား ပစ်ခတ်မှုမှ တရားခံများအား ဖမ်းဆီးရမိထားခြင်းမရှိသေးကြောင်း သိရသည်။

 “သေနတ်ပစ်ခံရတဲ့ ကားဒရိုင်ဘာက ခုနကပဲသေဆုံးသွားပါတယ်။  ခင်ဦးမြို့နယ်၊ တယ်ဘိုပင်ကျေးရွာက အသက် (၃၇) နှစ်အရွယ် မောင်စံ(ခ)စံထွန်းအောင်ဆိုသူဖြစ်ပါတယ်။ အခြားသူတွေထိခိုက်ဒဏ်ရာရတာ မရှိထား ပါဘူး” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့က နေ့လယ် (၁၂) နာရီခန့်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် ကျွဲ၊နွား၊ဆိတ်များကို တရားဝင်တင်သွင်းခွင့်ပေးပြီးနောက် အဆိုပါပြည်ထောင်စုလမ်းပိုင်းတွင် နွားသယ်ဆောင်လာသည့်ကားများအား မကြာခဏသေနတ်ဖြင့် ပစ်ခတ်ခံရမှုများရှိလာကာ ယာဉ်မောင်းသေဆုံးမှုများရှိနေခြင်းဖြစ်သော်လည်း ပစ်ခတ်ခံရမှုများမှ တရားခံများအား ဖမ်းဆီးရမိထားခြင်းမရှိကြောင်း သိရသည်။

 “မနက် (၈) နာရီ (၄၅) လောက်မှာ ဖုန်းသတင်းရတဲ့အတွက် လူနာသယ်ဖို့သွားပါတယ်။ အဲဒီမှာ နောင်ချိုဘက် ကနေတက်လာတဲ့အခြား လူမှုကူညီရေးအသင်းကားက အဲဒါကိုတွေ့ပြီး ကျောက်မဲဆေးရုံကိုသယ်သွားပေး တယ်။ နွားက အကောင် (၂၀) တင်ထားတာတွေ့တယ်” ဟု အောင်ဓမ္မာရုံ(နောင်ပိန်) လူမှုကူညီရေးအသင်းမှ ကိုအိုက်နောင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကားမှာ ပြည်ထောင်စုလမ်းမကြီးအတိုင်း နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာစဉ် နံနက် (၈) နာရီဝန်းကျင်က ရင်ကွဲတောင်အနီး ပင်တိန်ရွာနှင့် မန်တန်းရွာကြားအရောက် သေနတ်ဖြင့်ပစ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ နောင်ပိန်နယ်မြေရဲစခန်းက စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ # ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~