မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ေရးသည္ ကမၻာ့သမုိင္းတြင္မည့္ ကယ္ဆယ္ေရးလုပ္ငန္းဟု ကယ္ဆယ္ေရးအဖြဲ႔ ေခါင္းေဆာင္ ေျပာၾကား

မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ေရးသည္ ကမၻာ့သမုိင္းတြင္မည့္ ကယ္ဆယ္ေရးလုပ္ငန္းဟု ကယ္ဆယ္ေရးအဖြဲ႔ ေခါင္းေဆာင္ ေျပာၾကား
ဇူလိုင် 10, 2018
By 🌸
မယ္ဆိုင္ဂူကယ္ဆယ္ေရးတြင္ ပါဝင္သူအားလံုးကို ေက်းဇူးတင္ေၾကာင္းေျပာၾကားလုိက္ၿပီး အဆုိပါကယ္ဆယ္ေရးမွာ ထုိင္းႏုိင္ငံတြင္သာမက ကမၻာမွာပါ မရိွဘူးေသးသည့္ သမုိင္းဝင္အျဖစ္အပ်က္ျဖစ္သည္ဟု ကယ္ဆယ္ေရးကို ဦးေဆာင္ႀကီးၾကပ္သည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုဆထာနာကြန္းက ေျပာၾကားလုိက္သည္။

“ဒီကယ္ဆယ္ေရးလုပ္ငန္းမွာ ကၽြန္ေတာ္တုိ႔ ထုိင္းလူမ်ိဳးေတြ ဘယ္ေလာက္စည္းလံုးတယ္ဆိုတာ ျပသႏုိင္ခဲ့ပါတယ္။ အားလံုးက စည္းစနစ္တက်လုပ္ကိုင္ႏုိင္တာကိုလည္း ကမၻာကို ျပသႏုိင္ခဲ့ပါတယ္”ဟု ကယ္ဆယ္ေရးကို ဦးေဆာင္ႀကီးၾကပ္သည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုဆထာနာကြန္းက ေျပာၾကားလုိက္သည္။

ကယ္ဆယ္ေရးၿပီးေျမာက္သည့္ ဇူလုိင္လ (၁၀)ရက္ေန႔ညတြင္ မယ္ဆိုင္ဂူအနီးရိွ ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ဖြင့္လွစ္ထားသည့္ မီဒီယာစင္တာ၌ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ျခင္းျဖစ္သည္။

မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ေယာက္ႏွင့္ အသက္(၂၅)ႏွစ္အရြယ္ နည္းျပတို႔အား (၁၈)ရက္ေျမာက္ေန႔တြင္ ေရလႊမ္းေနသည့္ဂူတြင္းမွ ကယ္ထုတ္လုိက္ႏုိင္ၿပီးေနာက္ ႏုိင္ငံတကာမွ ပူးေပါင္းပါဝင္ခဲ့သည့္ အဆုိပါကယ္ဆယ္ေရးလုပ္ငန္းအား ကမၻာ့ေခါင္းေဆာင္မ်ားအပါအဝင္ ကမၻာတလႊားက ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကသည္။

ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ေခ်ာင္အိုခ်ာကလည္း ကေလးအားလံုးကို ကယ္ဆယ္ၿပီးသည္ႏွင့္ ပါဝင္ကူညီခဲ့သည့္ အစိုးရမ်ား၊ အဖြဲ႕အစည္းမ်ားထံ ေက်းဇူးတင္ေၾကာင္း ေပးပို႔ထားၿပီးျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဂူအတြင္းအေမွာင္ထဲတြင္ ႏွစ္ပတ္ေက်ာ္ပိတ္မိေနခဲ့သည့္ ကေလး(၁၂)ဦးႏွင့္ နည္းျပတုိ႔ကို ခ်င္းရုိင္းေဆးရံုအထူးၾကပ္မတ္ေဆာင္တြင္ ကုသမႈမ်ား လုပ္ေဆာင္ေပးေနၿပီး ကနဦးေဆးရံုသို႔ေရာက္လာသည့္ ကေလးမ်ား၏ ေဆးစစ္ခ်က္မ်ားကို ဘန္ေကာက္သို႔ပို႔စစ္ထားၿပီး ႏွစ္ရက္အတြင္း သိရိွႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွအေျခအေနတြင္ အဆုိပါ(၁၃)ေယာက္အား သီးသန္႔အခန္းတြင္ထားကာ မိသားစုမ်ားႏွင့္ ဖုန္းမွတစ္ဆင့္ ဆက္သြယ္ႏုိင္မည္ျဖစ္ၿပီး အလင္းေရာင္ကို တျဖည္းျဖည္းခ်င္းၾကည့္ႏုိင္ရန္ႏွင့္ အစားအစာပံုမွန္အတိုင္း စားႏုိင္ရန္ ကုသမႈေပးေနေၾကာင္း သိရသည္။

ေရမကူးတတ္သည့္ကေလးမ်ားအား ေရငုပ္ေခၚေဆာင္လာႏုိင္ရန္အတြက္ စိတ္ၿငိမ္ေဆးအခ်ိဳ႕ သံုးစြဲခဲ့ရေၾကာင္း ဝန္ႀကီးခ်ဳပ္ပရာယြတ္က ဝန္ခံထားၿပီး ကယ္ဆယ္ေရးေအာင္ျမင္ရန္ အေရးႀကီးၿပီး ကေလးမ်ားကိုလည္း ထိခုိက္မႈမရိွေစေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားထားသည္။

အဆိုပါကယ္ဆယ္ေရးေအာင္ျမင္ေၾကာင္းသတင္းရသည္ႏွင့္ ထုိင္းျပည္သူမ်ားက ေအာင္ပြဲခံခဲ့ၾကၿပီး ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့သည့္ ေရတပ္မွ တပ္ၾကပ္ေဟာင္း ဆာမန္ခူနန္ကိုလည္း ဂုဏ္ျပဳခဲ့ၾကသည္။
အဆိုပါ ထမ့္လြမ္ဂူအား ကမၻာလွည့္ခရီးသြားမ်ား ဆြဲေဆာင္ရာေနရာတစ္ခုအျဖစ္ ျပဳျပင္မြမ္းမံသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးသည် ကမ္ဘာ့သမိုင်းတွင်မည့် ကယ်ဆယ်ရေးလုပ်ငန်းဟု ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ပြောကြား
*****************
မယ်ဆိုင်ဂူကယ်ဆယ်ရေးတွင် ပါဝင်သူအားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြီး အဆိုပါကယ်ဆယ်ရေးမှာ ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာမှာပါ မရှိဘူးသေးသည့် သမိုင်းဝင်အဖြစ်အပျက်ဖြစ်သည်ဟု ကယ်ဆယ်ရေးကို ဦးဆောင်ကြီးကြပ်သည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုဆထာနာကွန်းက ပြောကြားလိုက်သည်။

“ဒီကယ်ဆယ်ရေးလုပ်ငန်းမှာ ကျွန်တော်တို့ ထိုင်းလူမျိုးတွေ ဘယ်လောက်စည်းလုံးတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ အားလုံးက စည်းစနစ်တကျလုပ်ကိုင်နိုင်တာကိုလည်း ကမ္ဘာကို ပြသနိုင်ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးကို ဦးဆောင်ကြီးကြပ်သည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုဆထာနာကွန်းက ပြောကြားလိုက်သည်။

ကယ်ဆယ်ရေးပြီးမြောက်သည့် ဇူလိုင်လ (၁၀)ရက်နေ့ညတွင် မယ်ဆိုင်ဂူအနီးရှိ ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ထားသည့် မီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ယောက်နှင့် အသက်(၂၅)နှစ်အရွယ် နည်းပြတို့အား (၁၈)ရက်မြောက်နေ့တွင် ရေလွှမ်းနေသည့်ဂူတွင်းမှ ကယ်ထုတ်လိုက်နိုင်ပြီးနောက် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ခဲ့သည့် အဆိုပါကယ်ဆယ်ရေးလုပ်ငန်းအား ကမ္ဘာ့ခေါင်းဆောင်များအပါအဝင် ကမ္ဘာတလွှားက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာကလည်း ကလေးအားလုံးကို ကယ်ဆယ်ပြီးသည်နှင့် ပါဝင်ကူညီခဲ့သည့် အစိုးရများ၊ အဖွဲ့အစည်းများထံ ကျေးဇူးတင်ကြောင်း ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂူအတွင်းအမှောင်ထဲတွင် နှစ်ပတ်ကျော်ပိတ်မိနေခဲ့သည့် ကလေး(၁၂)ဦးနှင့် နည်းပြတို့ကို ချင်းရိုင်းဆေးရုံအထူးကြပ်မတ်ဆောင်တွင် ကုသမှုများ လုပ်ဆောင်ပေးနေပြီး ကနဦးဆေးရုံသို့ရောက်လာသည့် ကလေးများ၏ ဆေးစစ်ချက်များကို ဘန်ကောက်သို့ပို့စစ်ထားပြီး နှစ်ရက်အတွင်း သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် အဆိုပါ(၁၃)ယောက်အား သီးသန့်အခန်းတွင်ထားကာ မိသားစုများနှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ်နိုင်မည်ဖြစ်ပြီး အလင်းရောင်ကို တဖြည်းဖြည်းချင်းကြည့်နိုင်ရန်နှင့် အစားအစာပုံမှန်အတိုင်း စားနိုင်ရန် ကုသမှုပေးနေကြောင်း သိရသည်။

ရေမကူးတတ်သည့်ကလေးများအား ရေငုပ်ခေါ်ဆောင်လာနိုင်ရန်အတွက် စိတ်ငြိမ်ဆေးအချို့ သုံးစွဲခဲ့ရကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ဝန်ခံထားပြီး ကယ်ဆယ်ရေးအောင်မြင်ရန် အရေးကြီးပြီး ကလေးများကိုလည်း ထိခိုက်မှုမရှိစေကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။

အဆိုပါကယ်ဆယ်ရေးအောင်မြင်ကြောင်းသတင်းရသည်နှင့် ထိုင်းပြည်သူများက အောင်ပွဲခံခဲ့ကြပြီး ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့သည့် ရေတပ်မှ တပ်ကြပ်ဟောင်း ဆာမန်ခူနန်ကိုလည်း ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ထမ့်လွမ်ဂူအား ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~