မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းဝနး္က်င္တြင္ ကေလးမိဘႏွင့္ လူနာတင္ယာဥ္ ၁၃ စီးမွလြဲ၍ ဝင္ခြင့္မျပဳေတာ့

မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းဝနး္က်င္တြင္ ကေလးမိဘႏွင့္ လူနာတင္ယာဥ္ ၁၃ စီးမွလြဲ၍ ဝင္ခြင့္မျပဳေတာ့
ဇူလိုင် 8, 2018
By 🌸
�Update: 7:00 AM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ္ဆုိင္ဂူအတြင္းကယ္ဆယ္ေရး (၁၆)ရက္ေျမာက္ေန႔ျဖစ္သည့္ ဇူလုိင္လ(၈)ရက္ေန႔ နံနက္(၇)နာရီမွတြင္ ကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ ကေလးမိဘမ်ားႏွင့္ လူနာတင္ယာဥ္(၁၃)စီးမွလြဲ၍ က်န္သည့္လူႏွင့္ ယာဥ္မ်ားကို ဝင္ခြင့္မျပဳေတာ့ဘဲ စတင္ဖယ္ရွားေနၿပီျဖစ္သည္။

ကယ္ဆယ္ေရးစခန္းတြင္း သတင္းမီဒီယာစင္တာတြင္ သတင္းရယူေနသည့္သတင္းမီဒီယာမ်ား၊ အစားအေသာက္လာေရာက္လွဴဒါန္းေနသူမ်ား၊ ကယ္ဆယ္ေရးနွင့္ မသက္ဆုိင္သူမ်ားအားလံုးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၏ ကားမ်ားအပါအဝင္အားလံုးကို ဖယ္ရွားၾကရန္ မယ္ဆုိင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးက ယေန႔နံနက္တြင္ ေၾကညာလိုက္ျခင္းျဖစ္သည္။

သတင္းမီဒီယာမ်ားအားလံုးအေနျဖင့္ ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ သတင္းရယူရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ ဇူလုိင္လ(၇)ရက္ေန႔ ညပိုင္းမွစ၍ လံုၿခံဳေရးစိစစ္မႈ၊ ကန္႔သတ္ဧရိယာတိုးျမင့္မႈတုိ႔ကို စတင္လုပ္ေဆာင္လာျခင္းျဖစ္သည္။

မယ္ဆိုင္ဂူအတြင္းမွ ကေလးမ်ားအား ေရငုပ္ကၽြမ္းက်င္သူမ်ားအကူအညီျဖင့္ ယေန႔တြင္ ထြက္လာႏုိင္ေခ်ရိွေနသည္ဟု ခန္႔မွန္းထားၾကၿပီး ႏုိင္ငံတကာကပါ ပူးေပါင္းပါဝင္ေနသည့္ ႏုိင္ငံေတာ္အဆင့္သတ္မွတ္ထားသည့္ အဆိုပါကယ္ဆယ္ေရးလုပ္ငန္းတြင္ ႏုိင္ငံတကာမွမီဒီယာမ်ားအပါအဝင္ သတင္းမီဒီယာသမား ရာႏွင့္ခ်ီ၍ သတင္းရယူေနၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် ကလေးမိဘနှင့် လူနာတင်ယာဉ် ၁၃ စီးမှလွဲ၍ ဝင်ခွင့်မပြုတော့
�Update: 7:00 AM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်းကယ်ဆယ်ရေး (၁၆)ရက်မြောက်နေ့ဖြစ်သည့် ဇူလိုင်လ(၈)ရက်နေ့ နံနက်(၇)နာရီမှတွင် ကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် ကလေးမိဘများနှင့် လူနာတင်ယာဉ်(၁၃)စီးမှလွဲ၍ ကျန်သည့်လူနှင့် ယာဉ်များကို ဝင်ခွင့်မပြုတော့ဘဲ စတင်ဖယ်ရှားနေပြီဖြစ်သည်။

ကယ်ဆယ်ရေးစခန်းတွင်း သတင်းမီဒီယာစင်တာတွင် သတင်းရယူနေသည့်သတင်းမီဒီယာများ၊ အစားအသောက်လာရောက်လှူဒါန်းနေသူများ၊ ကယ်ဆယ်ရေးနှင့် မသက်ဆိုင်သူများအားလုံးနှင့် တပ်ဖွဲ့ဝင်များ၏ ကားများအပါအဝင်အားလုံးကို ဖယ်ရှားကြရန် မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးက ယနေ့နံနက်တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

သတင်းမီဒီယာများအားလုံးအနေဖြင့် ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သတင်းရယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် ဇူလိုင်လ(၇)ရက်နေ့ ညပိုင်းမှစ၍ လုံခြုံရေးစိစစ်မှု၊ ကန့်သတ်ဧရိယာတိုးမြင့်မှုတို့ကို စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

မယ်ဆိုင်ဂူအတွင်းမှ ကလေးများအား ရေငုပ်ကျွမ်းကျင်သူများအကူအညီဖြင့် ယနေ့တွင် ထွက်လာနိုင်ချေရှိနေသည်ဟု ခန့်မှန်းထားကြပြီး နိုင်ငံတကာကပါ ပူးပေါင်းပါဝင်နေသည့် နိုင်ငံတော်အဆင့်သတ်မှတ်ထားသည့် အဆိုပါကယ်ဆယ်ရေးလုပ်ငန်းတွင် နိုင်ငံတကာမှမီဒီယာများအပါအဝင် သတင်းမီဒီယာသမား ရာနှင့်ချီ၍ သတင်းရယူနေကြခြင်းဖြစ်သည်။

သတင်း၊ ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~