မုိင္းဖုန္းဆရာေတာ္ မယ္ဆုိင္ဂူသို႔ တတိယအႀကိမ္ ၾကြေရာက္ဆုေတာင္းေမတၱာပို႔သ

မုိင္းဖုန္းဆရာေတာ္ မယ္ဆုိင္ဂူသို႔ တတိယအႀကိမ္ ၾကြေရာက္ဆုေတာင္းေမတၱာပို႔သ
ဇူလိုင် 4, 2018
By 🌸
မယ္ဆိုင္ဂူအတြင္း ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔အား ရွာေဖြကယ္ဆယ္ေနသည့္ (၁၂)ရက္ေျမာက္ေန႔  ဇူလိုင္လ (၄)ရက္ေန႔ ညေန (၆)နာရီ (၁၈)မိနစ္တြင္ မိုင္းဖုန္းဆရာေတာ္ ၾကြေရာက္လာၿပီး ဂူအတြင္းဝင္ကာ ဆုေတာင္းေမတၱာပို႔သေၾကာင္း သိရသည္။

ရွာေဖြကယ္ဆယ္ေရးလုပ္ေနစဥ္အတြင္း ဆရာေတာ္သည္ တတိယအႀကိမ္ေျမာက္ ၾကြေရာက္ျခင္းျဖစ္ၿပီး ဂူအတြင္း ကေလးမ်ားကိုမေတြ႔မီ ဇြန္လ(၂၉)ရက္ေန႔ႏွင့္ ဇြန္လ(၃၀)ရက္ေန႔တုိ႔တြင္လည္း ႏွစ္ႀကိမ္ၾကြေရာက္ ဆုေတာင္းေမတၱာပို႔ေပးခဲ့ျခင္းျဖစ္သည္။

ယခုတစ္ႀကိမ္တြင္ ဆရာေတာ္က ဂူအတြင္းၾကြေရာက္ရာ အျပင္တြင္ ကေလးမ်ားကိုေစာင့္ဆုိင္းေနၾကသည့္ ကေလးမိဘမ်ားလည္း လုိက္ပါသြားၾကသည္ကို ေတြ႔ရသည္။

မယ္ဆုိင္ဂူအတြင္း ေရႀကီးသျဖင့္ ပိတ္မိေနသူ(၁၃)ဦးကို ရွာေဖြေတြ႔ရိွသည့္ ႏွစ္ရက္ေျမာက္ေန႔တြင္ ၎တို႔အား ဂူအျပင္သို႔ ေခၚထုတ္ႏုိင္ရန္ ေရငုပ္အဖြဲ႕အင္အားထပ္ျဖည့္ကာ ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖုန်းဆရာတော် မယ်ဆိုင်ဂူသို့ တတိယအကြိမ် ကြွရောက်ဆုတောင်းမေတ္တာပို့သ
*****************
မယ်ဆိုင်ဂူအတွင်း ကလေး(၁၂)ဦးနှင့် နည်းပြတို့အား ရှာဖွေကယ်ဆယ်နေသည့် (၁၂)ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင်လ (၄)ရက်နေ့ ညနေ (၆)နာရီ (၁၈)မိနစ်တွင် မိုင်းဖုန်းဆရာတော် ကြွရောက်လာပြီး ဂူအတွင်းဝင်ကာ ဆုတောင်းမေတ္တာပို့သကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်အတွင်း ဆရာတော်သည် တတိယအကြိမ်မြောက် ကြွရောက်ခြင်းဖြစ်ပြီး ဂူအတွင်း ကလေးများကိုမတွေ့မီ ဇွန်လ(၂၉)ရက်နေ့နှင့် ဇွန်လ(၃၀)ရက်နေ့တို့တွင်လည်း နှစ်ကြိမ်ကြွရောက် ဆုတောင်းမေတ္တာပို့ပေးခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဆရာတော်က ဂူအတွင်းကြွရောက်ရာ အပြင်တွင် ကလေးများကိုစောင့်ဆိုင်းနေကြသည့် ကလေးမိဘများလည်း လိုက်ပါသွားကြသည်ကို တွေ့ရသည်။

မယ်ဆိုင်ဂူအတွင်း ရေကြီးသဖြင့် ပိတ်မိနေသူ(၁၃)ဦးကို ရှာဖွေတွေ့ရှိသည့် နှစ်ရက်မြောက်နေ့တွင် ၎င်းတို့အား ဂူအပြင်သို့ ခေါ်ထုတ်နိုင်ရန် ရေငုပ်အဖွဲ့အင်အားထပ်ဖြည့်ကာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~