မုိင္းျဖတ္ၿမိဳ႕နယ္တြင္ သားအဖစကားမ်ားရန္ျဖစ္ရာမွ ဖခင္ျဖစ္သူ အိမ္ေပၚမွျပဳတ္က်ေသဆံုး

မုိင္းျဖတ္ၿမိဳ႕နယ္တြင္ သားအဖစကားမ်ားရန္ျဖစ္ရာမွ ဖခင္ျဖစ္သူ အိမ္ေပၚမွျပဳတ္က်ေသဆံုး
ဇူလိုင် 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕နယ္ စြပ္ပေလာင္ေက်းရြာတြင္ သားအဖႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ဖခင္ျဖစ္သူ ေနအိမ္ေပၚမွ ျပဳတ္က်ေသဆံုးသြားသျဖင့္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၀)ရက္ေန႔တြင္ သားျဖစ္သူအား အမႈဖြင့္စစ္ေဆးအေရးယူထားေၾကာင္း သိရသည္။

ေသဆံုးသြားသူမွာ စြပ္ပေလာင္ေက်းရြာမွ ဦးေလဝိဒ္ဆိုသူျဖစ္ေၾကာင္းသိရၿပီး ဇူလုိင္လ(၉)ရက္ေန႔က ေနအိမ္အေပၚထပ္တြင္ အသက္(၃၂)ႏွစ္အရြယ္ သားျဖစ္သူႏွင့္ သားအဖႏွစ္ဦး စကားမ်ားရန္ျဖစ္ တြန္းထိုးကန္ေၾကာက္ၾကရာမွ သားျဖစ္သူက ကန္မိသျဖင့္ ဦးေလဝိဒ္မွာ အျမင့္(၅)ေပခန္႔ရိွသည့္ ေနအိမ္အေပၚထပ္မွ ျပဳတ္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသြားသည့္ ဦးေလဝိဒ္အား စြပ္ပေလာင္ေက်းရြာႏွင့္ (၁၅)မိနစ္ခန္႔ကားေမာင္းႏွင္ရသည့္ မုိင္းျဖတ္ျပည္သူ႔ေဆးရံုသို႔ သယ္လာစဥ္ လမ္း၌ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဖခင္ျဖစ္သူေသဆံုးသြားသျဖင့္ သားျဖစ္သူက်လယ္အား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ - ကျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်တွင် သားအဖစကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူ အိမ်ပေါ်မှပြုတ်ကျသေဆုံး
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် စွပ်ပလောင်ကျေးရွာတွင် သားအဖနှစ်ဦး စကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူ နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးသွားသဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် သားဖြစ်သူအား အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်း သိရသည်။

သေဆုံးသွားသူမှာ စွပ်ပလောင်ကျေးရွာမှ ဦးလေဝိဒ်ဆိုသူဖြစ်ကြောင်းသိရပြီး ဇူလိုင်လ(၉)ရက်နေ့က နေအိမ်အပေါ်ထပ်တွင် အသက်(၃၂)နှစ်အရွယ် သားဖြစ်သူနှင့် သားအဖနှစ်ဦး စကားများရန်ဖြစ် တွန်းထိုးကန်ကြောက်ကြရာမှ သားဖြစ်သူက ကန်မိသဖြင့် ဦးလေဝိဒ်မှာ အမြင့်(၅)ပေခန့်ရှိသည့် နေအိမ်အပေါ်ထပ်မှ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် ဦးလေဝိဒ်အား စွပ်ပလောင်ကျေးရွာနှင့် (၁၅)မိနစ်ခန့်ကားမောင်းနှင်ရသည့် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ သယ်လာစဉ် လမ်း၌သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖခင်ဖြစ်သူသေဆုံးသွားသဖြင့် သားဖြစ်သူ ကျလယ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - ကဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~