
ဇူလိုငျ 13, 2018
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်-စင်ကာပူ-ရန်ကုန်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ရ
***********
 မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-စင်ကာပူ-ရန်ကုန်ပြေးဆွဲသည့် ခရီးစဉ်မှ လေယာဉ်တစ်စီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်၊ နံနက် (၈)နာရီ (၃၅)မိနစ်အချိန်တွင် ချန်ဂီလေဆိပ်သို့ ထွက်ခွာရန် လေပေါ်အရောက်တွင် အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

 မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် 8M-231 ၊ လေယာဉ်အမှတ် XY-AGU ၊ အမျိုးအစား A-319 သည် ခရီးသည် (၁၀၄) ဦး တင်ဆောင်၍ ရန်ကုန်လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ထွက်ခွာစဉ် လေပေါ်အရောက် လေယာဉ်၏ Cargo တံခါး နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်အား အင်ဂျင်နီယာများက ပြုပြင်ခဲ့ပြီးနောက် နံနက် (၉)နာရီ (၅၀)မိနစ်တွင် စင်ကာပူနိုင်ငံသို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~