မယ္ဆုိင္ဂူတြင္းမွ ကေလးမ်ားထြက္လာမည့္အခ်ိန္ မွန္းဆမရေသးေၾကာင္း သတင္းျပန္ၾကားေရးက ထုတ္ျပန္ထားေသာ္လည္း ကေလးႏွစ္ေယာက္ ထြက္လာၿပီဟု သတင္းမ်ားထြက္ေန

မယ္ဆုိင္ဂူတြင္းမွ ကေလးမ်ားထြက္လာမည့္အခ်ိန္ မွန္းဆမရေသးေၾကာင္း သတင္းျပန္ၾကားေရးက ထုတ္ျပန္ထားေသာ္လည္း ကေလးႏွစ္ေယာက္ ထြက္လာၿပီဟု သတင္းမ်ားထြက္ေန
ဇူလိုင် 8, 2018
By 🌸
မယ္ဆုိင္ဂူအတြင္းမွ ပထမဆံုးအျဖစ္ ကေလးႏွစ္ဦးထြက္လာၿပီျဖစ္ေၾကာင္း ရိုက္တာသတင္းဌာန ကအရာရိွတစ္ဦးထံမွလည္းေကာင္း၊ ITVႏွင့္ ဘန္ေကာက္ပို႔စ္တို႔က ရဲအရာရိွတစ္ဦးထံမွလည္းေကာင္း အသီးသီး သတင္းရရိွထားသည္ဟုဆိုေသာ္လည္း သတင္းျပန္ၾကားေရးက ထုတ္ျပန္ျခင္းမရိွေသးဘဲ အျခားသတင္းမီဒီယာမ်ားအေနျဖင့္ အတည္ျပဳႏိုင္ျခင္းမရိွေသးေၾကာင္း သိရသည္။
ပထမဆံုးအဖြဲ႕တြင္ ပါဝင္မည့္သူမ်ားကို ဆရာဝန္မ်ားက စစ္ေဆးအတည္ျပဳေပးျခင္းျဖစ္ၿပီး ဂူအတြင္းပိုင္းလမ္းေၾကာင္းမွာ ခက္ခဲရႈပ္ေထြးလွသျဖင့္ ထြက္လာႏုိင္မည့္အခ်ိန္ကို ခန္႔မွန္းရခက္ခဲသည္ဟု ဆိုသည္။
ထုိင္းေရတပ္အထူးအဖြဲ႕ႏွင့္ ႏုိင္ငံတကာမွကၽြမ္းက်င္ကယ္ဆယ္ေရးသမား(၁၃)ဦးတုိ႔သည္ ဇူလုိင္လ(၈)ရက္ေန႔ နံနက္ (၁၀)နာရီမွစ၍ ကယ္ဆယ္ေရးကိုစတင္ေနျခင္းျဖစ္ၿပီး ယင္းတုိ႔အနက္ (၁၀)ဦးက ကေလးမ်ားရိွရာ ဂူအတြင္းအခန္းအမွတ္(၉)ႏွင့္ ဂူလမ္းေၾကာင္းဆံုရာ ဂူအမွတ္(၆)သို႔ စီစဥ္ထားသည့္အတုိင္း သြားေရာက္ခဲ့ၾကေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အျခားေရငုပ္သမား (၃)ဦးကလည္း ေရငုပ္အဖြဲ႕အားကူညီရန္ ေန႔လယ္(၂)နာရီတြင္ ထပ္မံဝင္ေရာက္သြားေၾကာင္း သိရသည္။
လက္ရိွဂူအတြင္းကယ္ဆယ္ေရးတြင္ ထုိင္း၊ အေမရိကန္၊ ၾသစေတးလ်၊ တရုတ္ႏ်င့္ ဥေရာပမွ ဂူအတြင္းကယ္ဆယ္ေရးကၽြမ္းက်င္သည့္ ေရငုပ္သမားမ်ားက ဂူအတြင္း အခန္းအမွတ္(၃)ႏွင့္ ဝင္ေပါက္လမ္းေၾကာင္းမ်ားတြင္ ရိွေနေၾကာင္း သိရသည္။ 
ဂူအမွတ္(၂)ႏွင့္ (၃)ၾကားရိွ သြားရခက္သည့္ေနရာမ်ား၌ ႀကိဳးအကူအညီသြားႏုိင္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
လူမႈကြန္ယက္စာမ်က္ႏွာတြင္ รวมพล คนรักทหารเรือ (I Love Navy) က ထုိင္းစံေတာ္ခ်ိန္ ညေန (၅)နာရီ (၃၇)မိနစ္တြင္ ကေလးႏွစ္ေယာက္အျပင္ကို ေရာက္လာၿပီဟု ေရးသားထားေသာ္လည္း ယင္းႏွင့္ပတ္သက္၍ အတည္ျပဳထုတ္ျပန္ျခင္းမ်ား မရိွေသးေၾကာင္း ေတြ႔ရသည္။
ဂူအတြင္းမွ ပထမဆံုးထြက္လာႏုိင္မည့္အဖြဲ႕မွာ ည(၉)နာရီတြင္ ေရာက္ရိွလာႏုိင္ေၾကာင္း တာဝန္ရိွသူမ်ားက ခန္႔မွန္းေျပာဆိုထားျခင္းျဖစ္သည္။
အဆိုပါကယ္ဆယ္ေရးလုပ္ငန္းခြင္အနီးတြင္ ႏုိင္ငံတကာမီဒီယာသမားေပါင္း (၁၀၀၀)ဝန္းက်င္ရိွေနၿပီး ခ်င္းရိုင္းေဆးရံုအနီးတြင္လည္း မီဒီယာသမားမ်ား ေစာင့္ဆုိင္းသတင္းရယူေနၾကျခင္းျဖစ္သည္။
သတင္း -Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူတွင်းမှ ကလေးများထွက်လာမည့်အချိန် မှန်းဆမရသေးကြောင်း သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသော်လည်း ကလေးနှစ်ယောက် ထွက်လာပြီဟု သတင်းများထွက်နေ
***************
မယ်ဆိုင်ဂူအတွင်းမှ ပထမဆုံးအဖြစ် ကလေးနှစ်ဦးထွက်လာပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန ကအရာရှိတစ်ဦးထံမှလည်းကောင်း၊ ITVနှင့် ဘန်ကောက်ပို့စ်တို့က ရဲအရာရှိတစ်ဦးထံမှလည်းကောင်း အသီးသီး သတင်းရရှိထားသည်ဟုဆိုသော်လည်း သတင်းပြန်ကြားရေးက ထုတ်ပြန်ခြင်းမရှိသေးဘဲ အခြားသတင်းမီဒီယာများအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပထမဆုံးအဖွဲ့တွင် ပါဝင်မည့်သူများကို ဆရာဝန်များက စစ်ဆေးအတည်ပြုပေးခြင်းဖြစ်ပြီး ဂူအတွင်းပိုင်းလမ်းကြောင်းမှာ ခက်ခဲရှုပ်ထွေးလှသဖြင့် ထွက်လာနိုင်မည့်အချိန်ကို ခန့်မှန်းရခက်ခဲသည်ဟု ဆိုသည်။

ထိုင်းရေတပ်အထူးအဖွဲ့နှင့် နိုင်ငံတကာမှကျွမ်းကျင်ကယ်ဆယ်ရေးသမား(၁၃)ဦးတို့သည် ဇူလိုင်လ(၈)ရက်နေ့ နံနက် (၁၀)နာရီမှစ၍ ကယ်ဆယ်ရေးကိုစတင်နေခြင်းဖြစ်ပြီး ယင်းတို့အနက် (၁၀)ဦးက ကလေးများရှိရာ ဂူအတွင်းအခန်းအမှတ်(၉)နှင့် ဂူလမ်းကြောင်းဆုံရာ ဂူအမှတ်(၆)သို့ စီစဉ်ထားသည့်အတိုင်း သွားရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။

အခြားရေငုပ်သမား (၃)ဦးကလည်း ရေငုပ်အဖွဲ့အားကူညီရန် နေ့လယ်(၂)နာရီတွင် ထပ်မံဝင်ရောက်သွားကြောင်း သိရသည်။

လက်ရှိဂူအတွင်းကယ်ဆယ်ရေးတွင် ထိုင်း၊ အမေရိကန်၊ သြစတေးလျ၊ တရုတ်နျင့် ဥရောပမှ ဂူအတွင်းကယ်ဆယ်ရေးကျွမ်းကျင်သည့် ရေငုပ်သမားများက ဂူအတွင်း အခန်းအမှတ်(၃)နှင့် ဝင်ပေါက်လမ်းကြောင်းများတွင် ရှိနေကြောင်း သိရသည်။

ဂူအမှတ်(၂)နှင့် (၃)ကြားရှိ သွားရခက်သည့်နေရာများ၌ ကြိုးအကူအညီသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကွန်ယက်စာမျက်နှာတွင် รวมพล คนรักทหารเรือ (I Love Navy) က ထိုင်းစံတော်ချိန် ညနေ (၅)နာရီ (၃၇)မိနစ်တွင် ကလေးနှစ်ယောက်အပြင်ကို ရောက်လာပြီဟု ရေးသားထားသော်လည်း ယင်းနှင့်ပတ်သက်၍ အတည်ပြုထုတ်ပြန်ခြင်းများ မရှိသေးကြောင်း တွေ့ရသည်။

ဂူအတွင်းမှ ပထမဆုံးထွက်လာနိုင်မည့်အဖွဲ့မှာ ည(၉)နာရီတွင် ရောက်ရှိလာနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးလုပ်ငန်းခွင်အနီးတွင် နိုင်ငံတကာမီဒီယာသမားပေါင်း (၁၀၀၀)ဝန်းကျင်ရှိနေပြီး ချင်းရိုင်းဆေးရုံအနီးတွင်လည်း မီဒီယာသမားများ စောင့်ဆိုင်းသတင်းရယူနေကြခြင်းဖြစ်သည်။

သတင်း - Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~