မယ္ဆိုင္ဂူတြင္းမွ ေနာက္ဆံုးေခၚထုတ္လာမည့္အဖြဲ႕တြင္ နည္းျပပါဝင္လာမည္

မယ္ဆိုင္ဂူတြင္းမွ ေနာက္ဆံုးေခၚထုတ္လာမည့္အဖြဲ႕တြင္ နည္းျပပါဝင္လာမည္
ဇူလိုင် 10, 2018
By 🌸
�Update: 3: 52 PM(MMTime)၊ 10/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ္ဆိုင္ဂူအတြင္းမွ ဇူလုိင္လ(၁၀)ရက္ေန႔၌ ေနာက္ဆံုး ေခၚထုတ္လာမည့္ (၅)ဦးအဖြဲ႔တြင္  နည္းျပ ပါလာမည္ျဖစ္သည္။

“အားလံုးအဆင္ေျပတယ္ဆိုရင္ေတာ့ ကေလး(၄)ေယာက္နဲ႔ နည္းျပရယ္၊ သူတို႔နဲ႔အတူေနေပးေနတဲ့ ဆရာဝန္တစ္ေယာက္၊ ေရတပ္အထူးအဖြဲ႕ေတြ အတူတူျပန္ထြက္လာၾကေတာ့မွာပါ”ဟု ကယ္ဆယ္ေရးကို ၾကီးၾကပ္ေနသည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုစထာနာကြန္းကလည္း ဇူလုိင္လ(၁၀)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။

မယ္ဆုိင္ဂူအတြင္းမွ လက္ရိွေခၚထုတ္ထားၿပီးသည့္ (၈)ေယာက္မွာ အသက္(၁၄)ႏွစ္မွ (၁၆)ႏွစ္အရြယ္မ်ားျဖစ္ေၾကာင္း ခ်င္းရိုင္းေဆးရံုတြင္ ဇူလုိင္လ(၁၀)ရက္ေန႔ နံနက္ကျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ က်န္းမာေရးဝန္ႀကီးက ထုတ္ေဖၚေျပာၾကားထားျခင္းျဖစ္သည္။

ဂူအတြင္းမွ ကေလးမ်ားအား ေခၚထုတ္ရာတြင္ ကေလးမ်ားႏွင့္အတူရိွေနသည့္ ဆရာဝန္က စစ္ေဆးၿပီး က်န္းမာေရးအေကာင္းဆံုးအဖြဲ႕ျဖင့္ ကယ္ဆယ္ေရးကို စတင္ျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္ေနသည့္(၅)ဦးအား ကယ္ဆယ္ေရးကို ထုိင္းစံေတာ္ခ်ိန္ နံနက္(၁၀)နာရီကတည္းကစတင္ေနျခင္းျဖစ္ၿပီး ယမန္ေန႔မ်ားထက္ ပို၍ျမန္ျမန္ ေဆာင္ရြက္ႏုိင္မည္ဟု ခန္႔မွန္းထားၾကသည္။

သတင္း -Tachileik News Agency
ဓါတ္ပံု #PR Chaingrai

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူတွင်းမှ နောက်ဆုံးခေါ်ထုတ်လာမည့်အဖွဲ့တွင် နည်းပြပါဝင်လာမည်
�Update: 3: 52 PM(MMTime)၊ 10/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်းမှ ဇူလိုင်လ(၁၀)ရက်နေ့၌ နောက်ဆုံး ခေါ်ထုတ်လာမည့် (၅)ဦးအဖွဲ့တွင် နည်းပြ ပါလာမည်ဖြစ်သည်။

“အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ကလေး(၄)ယောက်နဲ့ နည်းပြရယ်၊ သူတို့နဲ့အတူနေပေးနေတဲ့ ဆရာဝန်တစ်ယောက်၊ ရေတပ်အထူးအဖွဲ့တွေ အတူတူပြန်ထွက်လာကြတော့မှာပါ”ဟု ကယ်ဆယ်ရေးကို ကြီးကြပ်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုစထာနာကွန်းကလည်း ဇူလိုင်လ(၁၀)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မယ်ဆိုင်ဂူအတွင်းမှ လက်ရှိခေါ်ထုတ်ထားပြီးသည့် (၈)ယောက်မှာ အသက်(၁၄)နှစ်မှ (၁၆)နှစ်အရွယ်များဖြစ်ကြောင်း ချင်းရိုင်းဆေးရုံတွင် ဇူလိုင်လ(၁၀)ရက်နေ့ နံနက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားထားခြင်းဖြစ်သည်။

ဂူအတွင်းမှ ကလေးများအား ခေါ်ထုတ်ရာတွင် ကလေးများနှင့်အတူရှိနေသည့် ဆရာဝန်က စစ်ဆေးပြီး ကျန်းမာရေးအကောင်းဆုံးအဖွဲ့ဖြင့် ကယ်ဆယ်ရေးကို စတင်ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်နေသည့်(၅)ဦးအား ကယ်ဆယ်ရေးကို ထိုင်းစံတော်ချိန် နံနက်(၁၀)နာရီကတည်းကစတင်နေခြင်းဖြစ်ပြီး ယမန်နေ့များထက် ပို၍မြန်မြန် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြသည်။

သတင်း -Tachileik News Agency
ဓါတ်ပုံ #PR Chaingrai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~