ေအာင္ပန္းၿမိဳ႕မေစ်းတြင္ ေရာင္းခ်ေနသည့္ သံသယရိွ စားေသာက္ကုန္ ၉ မ်ိဳးကို FDA က ဓါတ္ခြဲစစ္ေဆးမည္

ေအာင္ပန္းၿမိဳ႕မေစ်းတြင္ ေရာင္းခ်ေနသည့္ သံသယရိွ စားေသာက္ကုန္ ၉ မ်ိဳးကို FDA က ဓါတ္ခြဲစစ္ေဆးမည္
ဇူလိုင် 5, 2018
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေအာင္ပန္းၿမိဳ႕ရိွ ၿမိဳ႕မေစ်းတြင္ စားသုံုးရန္မသင့္ စားေသာက္ကုန္ပစၥည္းမ်ား ေရာင္းခ်မႈရိွမရိွ စစ္ေဆးျခင္းကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၅)ရက္ေန႔က ပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္ရြက္ရာ သံသယရိွ စားေသာက္ကုန္ (၉)မ်ိဳးကို ေတြ႔ရသျဖင့္ ဓါတ္ခြဲစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔က ေအာင္ပန္းေစ်းမွာ စားသံုးရန္မသင့္တဲ့အစားအစာေတြ ေရာင္းခ်မႈရွိမရွိကို စစ္ေဆးပါတယ္။ သံသယရွိတဲ့ ပစၥည္းေတြကိုလည္း ဓာတ္ခြဲစစ္ေဆးမယ္။ တကယ္လို႔ စစ္ေဆးတာေတြ႕ရွိရင္ ေနာက္တစ္ခါ ထပ္မံမေရာင္းခ်ဖို႔အတြက္ ေျပာမယ္။ တကယ္လို႔ ထပ္ေရာင္းခ်ရင္ သိမ္းဆည္းမွာ ျဖစ္ပါတယ္။ အခု ေအာင္ပန္းေစ်းမွာ စစ္ေဆးတာကေတာ့ မေတြ႕ခဲ့ပါဘူး။  (၂၁) ၿမိဳ႕နယ္စီမံခ်က္လည္း လုပ္ထားေတာ့ သိပ္မေတြ႕ပါဘူး။ အခုကေတာ့ နမူနာေကာက္လာတာေတာ့ (၉) မ်ဳိးရွိပါတယ္။ သံသယရွိတဲ့ပစၥည္းေတြကို ေရာင္းခ်မႈရွိမရွိ ထပ္မံစစ္ေဆးတာပဲျဖစ္ပါတယ္” ဟု ရွမ္းျပည္နယ္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနမွ ဒုတိယ ႀကီးၾကပ္ေရးမွဴးဦးစည္သူစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာင္ပန္းေစ်းအတြင္း ေရာင္းခ်ေနသည့္ကုန္စည္မ်ားအနက္ လက္ဖက္အမ်ိဳးအစား(၃)မ်ိဳး၊ ပဲႀကီးေလွာ္၊ နႏြင္းမႈန္႔၊ ဇီးထန္းလ်က္၊ မန္က်ည္းထန္းလ်က္ႏွင့္ ထန္းလ်က္အမ်ိဳးအစား(၂)မ်ိဳး စုစုေပါင္း (၉)၏ နမူနာမ်ားကို ဓါတ္ခြဲစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေအာင္ပန္းၿမိဳ႕တြင္ ေစ်းအတြင္း စစ္ေဆးျခင္းကို တစ္လ (၂)ႀကိမ္ႏွင့္ ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ တစ္လ(၃)ႀကိမ္ ပံုမွန္စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ သိရသည္။

“တစ္လကိုေစ်းေတြမွာ (၂)ႀကိမ္စစ္ေဆးတယ္။ ေက်ာင္းမုန္႔ေစ်းတန္းေတြမွာလည္း တစ္လ (၃)ႀကိမ္ စစ္ေဆးတယ္။ ေဟာေျပာပြဲေတြ လုပ္ေပးတယ္။ စားသံုးရန္မသင့္တာေတြကို ေစ်းကြက္ထဲမွာ မေရာင္းခ်ဖို႔နဲ႔ အေရာင္ဆိုးေဆးေတြမပါေအာင္ အၿမဲတမ္း ဓါတ္ခြဲစစ္ေဆးတယ္”ဟု ရွမ္းျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနမွ ဒုတိယ ႀကီးၾကပ္ေရးမွဴးဦးစည္သူစိုးက ေျပာသည္။

ယင္းကဲ့သို႔ စစ္ေဆးမႈမ်ား လုပ္ေဆာင္ရာတြင္ က်န္းမာေရးဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စည္ပင္သာယာေရးဌာန၊ ရဲတပ္ဖြဲ႕၊ စားသံုးသူေရးရာဦးစီးဌာနတို႔မွ တာဝန္ရိွသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #FDA

~~~~~~~~⊰❂ unicode ~~~~~~~~
အောင်ပန်းမြို့မဈေးတွင် ရောင်းချနေသည့် သံသယရှိ စားသောက်ကုန် ၉ မျိုးကို FDA က ဓါတ်ခွဲစစ်ဆေးမည်
****************
ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ မြို့မဈေးတွင် စားသုံးရန်မသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ရာ သံသယရှိစားသောက်ကုန် (၉)မျိုးကို တွေ့ရသဖြင့် ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က အောင်ပန်းဈေးမှာ စားသုံးရန်မသင့်တဲ့အစားအစာတွေ ရောင်းချမှုရှိမရှိကို စစ်ဆေးပါတယ်။ သံသယရှိတဲ့ ပစ္စည်းတွေကိုလည်း ဓာတ်ခွဲစစ်ဆေးမယ်။ တကယ်လို့ စစ်ဆေးတာတွေ့ရှိရင် နောက်တစ်ခါ ထပ်မံမရောင်းချဖို့အတွက် ပြောမယ်။ တကယ်လို့ ထပ်ရောင်းချရင် သိမ်းဆည်းမှာ ဖြစ်ပါတယ်။ အခု အောင်ပန်းဈေးမှာ စစ်ဆေးတာကတော့ မတွေ့ခဲ့ပါဘူး။  (၂၁) မြို့နယ်စီမံချက်လည်း လုပ်ထားတော့ သိပ်မတွေ့ပါဘူး။ အခုကတော့ နမူနာကောက်လာတာတော့ (၉) မျိုးရှိပါတယ်။ သံသယရှိတဲ့ပစ္စည်းတွေကို ရောင်းချမှုရှိမရှိ ထပ်မံစစ်ဆေးတာပဲဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူ းဦးစည်သူစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောင်ပန်းဈေးအတွင်း ရောင်းချနေသည့်ကုန်စည်များအနက် လက်ဖက်အမျိုးအစား(၃)မျိုး၊ ပဲကြီးလှော်၊ နနွင်းမှုန့်၊ ဇီးထန်းလျက်၊ မန်ကျည်းထန်းလျက်နှင့် ထန်းလျက်အမျိုးအစား(၂)မျိုး စုစုပေါင်း (၉)၏ နမူနာများကို ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပန်းမြို့တွင် ဈေးအတွင်း စစ်ဆေးခြင်းကို တစ်လ (၂)ကြိမ်နှင့် ကျောင်းမုန့်ဈေးတန်းများတွင် တစ်လ(၃)ကြိမ် ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

“တစ်လကိုဈေးတွေမှာ (၂)ကြိမ်စစ်ဆေးတယ်။ ကျောင်းမုန့်ဈေးတန်းတွေမှာလည်း တစ်လ (၃)ကြိမ် စစ်ဆေးတယ်။ ဟောပြောပွဲတွေ လုပ်ပေးတယ်။ စားသုံးရန်မသင့်တာတွေကို ဈေးကွက်ထဲမှာ မရောင်းချဖို့နဲ့ အရောင်ဆိုးဆေးတွေမပါအောင် အမြဲတမ်း ဓါတ်ခွဲစစ်ဆေးတယ်”ဟု ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူ းဦးစည်သူစိုးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖြဲ႕ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #FDA

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~