ခ်ငး္ရို္င္းေဆးရံုေရာက္ ကေလး ၈ ဦး က်န္းမာေရးအေျခအေနေကာင္းမြန္ေသာ္လည္း ကမၻာ့ဖလားပြဲစဥ္ တက္ေရာက္ႏုိင္မည္မဟုတ္

ခ်ငး္ရို္င္းေဆးရံုေရာက္ ကေလး ၈ ဦး က်န္းမာေရးအေျခအေနေကာင္းမြန္ေသာ္လည္း ကမၻာ့ဖလားပြဲစဥ္ တက္ေရာက္ႏုိင္မည္မဟုတ္
ဇူလိုင် 10, 2018
By 🌸
မယ္ဆုိင္ဂူတြင္းပိတ္မိေနသည့္ ေတာဝက္ေဘာလံုးအသင္းႏွင့္နည္းျပအား ဇူလိုင္(၁၅)ရက္ေန႔တြင္ ရုရွား၌က်င္းပမည့္ ကမၻာ့ဖလားေနာက္ဆံုးပြဲစဥ္သို႔တက္ေရာက္ရန္ ဖိတ္ၾကားထားေသာ္လည္း ၎တို႔အေနျဖင့္ ေဆးရံုတြင္ကုသမႈခံယူေနရဆဲျဖစ္၍ တက္ေရာက္ႏုိင္မည္မဟုတ္ေၾကာင္း သိရသည္။

ဇူလုိင္လ(၉)ရက္ေန႔အထိ ကေလး(၈)ဦးကို ကယ္ထုတ္ႏုိင္ခဲ့ၿပီး ခ်င္းရိုင္းေဆးရံုတြင္ ကုသမႈခံယူေနရာ ဇူလိုင္လ(၁၀)ရက္ေန႔က အဆိုပါကေလးမ်ား၏ က်န္းမာေရးအေျခအေနကို ထုိင္းျပည္သူ႔က်န္းမာေရးဝန္ႀကီး ေ ေဒါက္တာ ေက်းဆဒါး ခ်ဳတ္ဒမ္းလုန္းဆြတ္က ခ်င္းရိုင္းေဆးရံုႀကီးတြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ျခင္းျဖစ္သည္။

ဇူလုိင္လ(၁၀)ရက္ေန႔တြင္ ဂူအတြင္းက်န္ေနသည့္ (၅)ဦးကို ထပ္မံကယ္ထုတ္ရန္ လုပ္ေဆာင္ေနၿပီး ေဆးရံုတြင္ေရာက္ရိွေနသည့္ (၈)ဦး၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္ေနေသာ္လည္း ၎တို႔မွာ အလင္းေရာင္ကိုၾကည့္၍ မရေသးဘဲ ေနကာမ်က္မွန္မ်ားတပ္ဆင္ထားၿပီး ၎တုိ႔မိဘမ်ားအေနျဖင့္ အထူးၾကပ္မတ္ခန္း၏ မွန္တံခါးေနာက္မွတစ္ဆင့္ ဖုန္းျဖင့္စကားေျပာခြင့္ေပးထားေသာ္လည္း ကေလးမ်ားႏွင့္ထိေတြ႔ခြင့္ေပးမထားေသးေၾကာင္း သိရသည္။

ကေလးမ်ားအား ေသြးစစ္ျခင္း၊ အဆုတ္ဓါတ္မွန္ရိုက္ျခင္း၊ ႏွလံုး၊ မ်က္လံုးႏွင့္ စိတ္ပိုင္းဆုိင္ရာ စစ္ေဆးျခင္းစသည့္ လိုအပ္သည့္စစ္ေဆးမႈမ်ားလုပ္ေဆာင္ေပးထားေၾကာင္း ထုိင္းျပည္သူ႔က်န္းမာေရးဝန္ႀကီးက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ပထမေရာက္လာသည့္ (၄)ေယာက္အနက္ (၂)ေယာက္မွာ အဆုတ္တြင္ ပံုမွန္မဟုတ္သည့္လကၡဏာအခ်ိဳ႕ႏွင့္ တစ္ေယာက္မွာ ညာဘက္ေျခက်င္းဝတ္တြင္ ဒဏ္ရာရထားေၾကာင္း သိရသည္။

ဒုတိယေရာက္လာသည့္ အသက္(၁၂)ႏွစ္မွ (၁၄)ႏွစ္အရြယ္ေလးေယာက္တြင္ (၂)ေယာက္၏ ခႏၶာကိုယ္အပူခ်ိန္ေလ်ာ့က်ေနၿပီး တစ္ဦး၏ႏွလံုးခုန္ႏႈန္းေႏွးေနသည္ကို ေတြ႔ရေၾကာင္းသိရသည္။

လက္ရိွတြင္ ကေလး(၈)ဦးလံုး အဖ်ားမရိွဘဲ ပံုမွန္အတုိင္း လႈပ္ရွားေနႏုိင္သည္ဟု သိရၿပီး ၎တို႔၏အစားအစာ ပံုမွန္အတိုင္းျပန္လည္စားႏုိင္ရန္ အခ်ိန္ယူေလ့က်င့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ref:Guardian

~~~~~~~~⊰❂ unicode ~~~~~~~~
ချင်းရိုင်းဆေးရုံရောက် ကလေး ၈ ဦး ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း ကမ္ဘာ့ဖလားပွဲစဉ် တက်ရောက်နိုင်မည်မဟုတ်
********************
မယ်ဆိုင်ဂူတွင်းပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းနှင့်နည်းပြအား ဇူလိုင်(၁၅)ရက်နေ့တွင် ရုရှား၌ကျင်းပမည့် ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်သို့တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း ၎င်းတို့အနေဖြင့် ဆေးရုံတွင်ကုသမှုခံယူနေရဆဲဖြစ်၍ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ဇူလိုင်လ(၉)ရက်နေ့အထိ ကလေး(၈)ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ချင်းရိုင်းဆေးရုံတွင် ကုသမှုခံယူနေရာ ဇူလိုင်လ(၁၀)ရက်နေ့က အဆိုပါကလေးများ၏ ကျန်းမာရေးအခြေအနေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ကျေးဆဒါး ချုတ်ဒမ်းလုန်းဆွတ်က ချင်းရိုင်းဆေးရုံကြီးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

ဇူလိုင်လ(၁၀)ရက်နေ့တွင် ဂူအတွင်းကျန်နေသည့် (၅)ဦးကို ထပ်မံကယ်ထုတ်ရန် လုပ်ဆောင်နေပြီး ဆေးရုံတွင်ရောက်ရှိနေသည့် (၈)ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေသော်လည်း ၎င်းတို့မှာ အလင်းရောင်ကိုကြည့်၍ မရသေးဘဲ နေကာမျက်မှန်များတပ်ဆင်ထားပြီး ၎င်းတို့မိဘများအနေဖြင့် အထူးကြပ်မတ်ခန်း၏ မှန်တံခါးနောက်မှတစ်ဆင့် ဖုန်းဖြင့်စကားပြောခွင့်ပေးထားသော်လည်း ကလေးများနှင့်ထိတွေ့ခွင့်ပေးမထားသေးကြောင်း သိရသည်။

ကလေးများအား သွေးစစ်ခြင်း၊ အဆုတ်ဓါတ်မှန်ရိုက်ခြင်း၊ နှလုံး၊ မျက်လုံးနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းစသည့် လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ပေးထားကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပထမရောက်လာသည့် (၄)ယောက်အနက် (၂)ယောက်မှာ အဆုတ်တွင် ပုံမှန်မဟုတ်သည့်လက္ခဏာအချို့နှင့် တစ်ယောက်မှာ ညာဘက်ခြေကျင်းဝတ်တွင် ဒဏ်ရာရထားကြောင်း သိရသည်။
ဒုတိယရောက်လာသည့် အသက်(၁၂)နှစ်မှ (၁၄)နှစ်အရွယ်လေးယောက်တွင် (၂)ယောက်၏ ခန္ဓာကိုယ်အပူချိန်လျော့ကျနေပြီး တစ်ဦး၏နှလုံးခုန်နှုန်းနှေးနေသည်ကို တွေ့ရကြောင်းသိရသည်။

လက်ရှိတွင် ကလေး(၈)ဦးလုံး အဖျားမရှိဘဲ ပုံမှန်အတိုင်း လှုပ်ရှားနေနိုင်သည်ဟု သိရပြီး ၎င်းတို့၏အစားအစာ ပုံမှန်အတိုင်းပြန်လည်စားနိုင်ရန် အချိန်ယူလေ့ကျင့်ရမည်ဖြစ်ကြောင်း သိရသည်။

ref:Guardian

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~