ကေလးမ်ား ဂူအတြင္းဝင္မည္ကို စိတ္မခ်၍လုိက္ခဲ့သည့္ နည္းျပမွာ အဟာရျပတ္၍ အားအနည္းဆံုးျဖစ္ေန

ကေလးမ်ား ဂူအတြင္းဝင္မည္ကို စိတ္မခ်၍လုိက္ခဲ့သည့္ နည္းျပမွာ အဟာရျပတ္၍ အားအနည္းဆံုးျဖစ္ေန
ဇူလိုင် 5, 2018
By 🌸
မယ္ဆိုင္ဂူအတြင္း ပိတ္မိေနသည့္ (၁၃)ဦးအဖြဲ႕သည္ (၁၃)ရက္ေျမာက္ေန႔ ဇူလုိင္လ(၅)ရက္ေန႔အထိ ဂူအတြင္း၌ရိွေနဆဲျဖစ္ၿပီး ပိတ္မိေနစဥ္ကာလအတြင္း အစားအေသာက္မ်ားကို ကေလး(၁၂)ေယာက္ကိုသာ ဦးစားေပးေကၽြးခဲ့သည့္နည္းျပမွာ စေတြ႔သည့္အခ်ိန္၌ အဟာရျပတ္ၿပီး အားအနည္းဆံုးျဖစ္ေနေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသည့္ ကေလး(၁၂)ေယာက္ႏွင့္အတူပါသြားသည့္ အသက္(၂၅)ႏွစ္အရြယ္ နည္းျပ အုိက္သည္ အမ်ားထင္ေၾကးေပးေျပာေနၾကသည့္အတုိင္း ကေလးမ်ားကို ဦးေဆာင္ေခၚသြားခဲ့ျခင္းမဟုတ္ဘဲ ကေလးမ်ားသြားမည့္အစီအစဥ္ကို စိတ္မခ်၍လိုက္ပါသြားခဲ့သူျဖစ္ေၾကာင္း ကေလးမ်ား၏  ေျပာျပခ်က္အရ သိရသည္ဟု သြားေတြ႔ခဲ့သည့္ တာဝန္ရိွသူတစ္ဦးက သတင္းထုတ္ျပန္လာေၾကာင္း သိရသည္။

အသက္(၂၅)အရြယ္နည္းျပသည္ ၎တို႔အဖြဲ႕ ဂူအတြင္းပိတ္မိေနခ်ိန္၌ ပါလာသည့္အစားအေသာက္မ်ား ခြဲေဝေကၽြးသည့္အခါ သူ၏ေဝစုကိုပါ ကေလးေတြ ခြဲေဝေကၽြးၿပီး သူကမစားဘဲေနခဲ့သည့္အတြက္ ျပန္ရွာေတြ႔ခ်ိန္တြင္ နည္းျပသည္ အဟာရျပတ္လတ္မႈေၾကာင့္ အားအနည္းဆံုးျဖစ္ေနတာကို ေတြ႔ရေၾကာင္း သိရသည္။

 ဂူအတြင္း ေရတက္လာ၍ ပိတ္မိေနခ်ိန္တြင္ ရက္ရွည္အသက္ရွင္သန္ရန္ ေရေသာက္နည္း၊  အားအင္မကုန္ခမ္းေစရန္ ေနထုိင္နည္း၊ စိတ္တည္ၿငိမ္ေစရန္ တရားထိုင္ျခင္းမ်ားကို နည္းျပက ဦးေဆာင္လုပ္ေပးခဲ့သည့္အျပင္ ပါလာတဲ့ ဓာတ္မီးမ်ားအားလုံးကိုစုထားၿပီး ဓါတ္မီးတစ္လက္ခ်င္းကိုသာ အသံုးျပဳကာ ေရအတက္အက်ၾကည့္ရန္အတြက္သာ မီးအလင္းေရာင္ကို အသံုးျပဳရန္ စီစဥ္ခဲ့ေၾကာင္း သိရသည္။

ဂူအတြင္းပိတ္မိခဲ့သည့္ မေတာ္တဆျဖစ္စဥ္ေၾကာင့္ ကေလးမ်ားႏွင့္နည္းျပတြင္ ကိုယ့္ကိုကိုယ္ အျပစ္တင္စိတ္မ်ားရိွေနသည္ကို သတိျပဳမိၿပီး အထူးသျဖင့္ နည္းျပမွာ ကိုယ့္ကိုကိုယ္ အျပစ္တင္တဲ့စိတ္ျဖင့္ စိတ္ဖိအားမ်ားေနသည္ကို သတိျပဳမိသျဖင့္ ေရရွည္စိတ္ဒဏ္ရာျဖစ္ကာ ကိုယ့္ကိုကိုယ္သတ္ေသသည္အထိ ျဖစ္မည္ကို စိုးရိမ္ေၾကာင္း ကေလးမ်ားအား ေတြ႔ခဲ့ရသည့္ တာဝန္ရိွသူကဆိုသည္။

အထူးသျဖင့္ နည္းျပနဲ႔ပတ္သက္၍ ျပင္ပတြင္ ထင္ေၾကးျဖင့္ေျပာဆိုေနၾကျခင္းမ်ားေၾကာင့္  ၎တို႔အျပင္ထြက္လာခ်ိန္တြင္ စိတ္ဒဏ္ရာပိုတိုးမသြားေစရန္အတြက္ အေျခအေနကို တင္ျပေပးျခင္းျဖစ္ေၾကာင္း အဆိုပါတာဝန္ရိွသူက ဆိုသည္။

တစ္ႏုိင္ငံလံုးကို ၎အေနျဖင့္ အသိေပးလိုသည္မွာ နည္းျပမွာ ေလးစားစရာေကာင္းသည့္ သူရဲေကာင္းတစ္ေယာက္ျဖစ္ေၾကာင္းႏွင့္ လက္ရိွအျဖစ္အပ်က္သည္ မေတာ္တဆျဖစ္သြားခဲ့ျခင္းသာျဖစ္၍ အျပစ္မတင္ၾကရန္ အဆိုပါတာဝန္ရိွသူက ဆုိသည္။

ဂူအတြင္းပိတ္မိေနသည့္ ကေလး (၁၂)ေယာက္၏မိဘမ်ားက အျပင္တြင္ ေစာင့္ႀကိဳေနၾကေသာ္လည္း နည္းျပမွာ မိဘမ်ားမရိွေတာ့ေၾကာင္း သိရသည္။

ရွာေဖြကယ္ဆယ္ေရးလုပ္ေဆာင္ေနစဥ္ကာလအတြင္း ကေလးမ်ား၏ မိဘမ်ားကို စိတ္ပိုင္းဆိုင္ရာႀကံ႕ခိုင္ေရးအတြက္ ကၽြမ္းက်င္သည့္ဆရာဝန္မာ်း အကူအညီျဖင့္ ေဆာင္ရြက္ေပးေနသည့္အျပင္ ထိုင္းဘုရင္၊ ဝန္ႀကီးခ်ဳပ္တုိ႔ကလည္း အားေပးစကားမ်ား ေျပာၾကားခဲ့ၾကသည္။

ဂူအတြင္းမွ ကေလးမ်ားအား ျပန္ေခၚထုတ္ရန္အတြက္ ကေလးမ်ား၏ ကိုယ္ခႏၶာႀကံ႕ခုိင္မႈအျပင္ ၎တို႔ခံစားေနရမည့္ စိတ္ဒဏ္ရာကိုပါ ကုသေပးႏိုင္ေရးအတြက္ ထည့္သြင္းစဥ္းစား ေဆာင္ရြက္ေပးေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု ThainavySEAL

~~~~~~~~⊰❂ unicode ~~~~~~~~
ကလေးများ ဂူအတွင်းဝင်မည်ကို စိတ်မချ၍လိုက်ခဲ့သည့် နည်းပြမှာ အဟာရပြတ်၍ အားအနည်းဆုံးဖြစ်နေ
*******************
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် (၁၃)ဦးအဖွဲ့သည် (၁၃)ရက်မြောက်နေ့ ဇူလိုင်လ(၅)ရက်နေ့အထိ ဂူအတွင်း၌ရှိနေဆဲဖြစ်ပြီး ပိတ်မိနေစဉ်ကာလအတွင်း အစားအသောက်များကို ကလေး(၁၂)ယောက်ကိုသာ ဦးစားပေးကျွေးခဲ့သည့်နည်းပြမှာ စတွေ့သည့်အချိန်၌ အဟာရပြတ်ပြီး အားအနည်းဆုံးဖြစ်နေကြောင်း သိရသည်။
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် ကလေး(၁၂)ယောက်နှင့်အတူပါသွားသည့် အသက်(၂၅)နှစ်အရွယ် နည်းပြ အိုက်သည် အများထင်ကြေးပေးပြောနေကြသည့်အတိုင်း ကလေးများကို ဦးဆောင်ခေါ်သွားခဲ့ခြင်းမဟုတ်ဘဲ ကလေးများသွားမည့်အစီအစဉ်ကို စိတ်မချ၍လိုက်ပါသွားခဲ့သူဖြစ်ကြောင်း ကလေးများ၏  ပြောပြချက်အရ သိရသည်ဟု သွားတွေ့ခဲ့သည့် တာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်လာကြောင်း သိရသည်။

အသက်(၂၅)အရွယ်နည်းပြသည် ၎င်းတို့အဖွဲ့ ဂူအတွင်းပိတ်မိနေချိန်၌ ပါလာသည့်အစားအသောက်များ ခွဲဝေကျွေးသည့်အခါ သူ၏ဝေစုကိုပါ ကလေးတွေ ခွဲဝေကျွေးပြီး သူကမစားဘဲနေခဲ့သည့်အတွက် ပြန်ရှာတွေ့ချိန်တွင် နည်းပြသည် အဟာရပြတ်လတ်မှုကြောင့် အားအနည်းဆုံးဖြစ်နေတာကို တွေ့ရကြောင်း သိရသည်။
 ဂူအတွင်း ရေတက်လာ၍ ပိတ်မိနေချိန်တွင် ရက်ရှည်အသက်ရှင်သန်ရန် ရေသောက်နည်း၊  အားအင်မကုန်ခမ်းစေရန် နေထိုင်နည်း၊ စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်းများကို နည်းပြက ဦးဆောင်လုပ်ပေးခဲ့သည့်အပြင် ပါလာတဲ့ ဓာတ်မီးများအားလုံးကိုစုထားပြီး ဓါတ်မီးတစ်လက်ချင်းကိုသာ အသုံးပြုကာ ရေအတက်အကျကြည့်ရန်အတွက်သာ မီးအလင်းရောင်ကို အသုံးပြုရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ဂူအတွင်းပိတ်မိခဲ့သည့် မတော်တဆဖြစ်စဉ်ကြောင့် ကလေးများနှင့်နည်းပြတွင် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်များရှိနေသည်ကို သတိပြုမိပြီး အထူးသဖြင့် နည်းပြမှာ ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့စိတ်ဖြင့် စိတ်ဖိအားများနေသည်ကို သတိပြုမိသဖြင့် ရေရှည်စိတ်ဒဏ်ရာဖြစ်ကာ ကိုယ့်ကိုကိုယ်သတ်သေသည်အထိ ဖြစ်မည်ကို စိုးရိမ်ကြောင်း ကလေးများအား တွေ့ခဲ့ရသည့် တာဝန်ရှိသူကဆိုသည်။

အထူးသဖြင့် နည်းပြနဲ့ပတ်သက်၍ ပြင်ပတွင် ထင်ကြေးဖြင့်ပြောဆိုနေကြခြင်းများကြောင့်  ၎င်းတို့အပြင်ထွက်လာချိန်တွင် စိတ်ဒဏ်ရာပိုတိုးမသွားစေရန်အတွက် အခြေအနေကို တင်ပြပေးခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

တစ်နိုင်ငံလုံးကို ၎င်းအနေဖြင့် အသိပေးလိုသည်မှာ နည်းပြမှာ လေးစားစရာကောင်းသည့် သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်းနှင့် လက်ရှိအဖြစ်အပျက်သည် မတော်တဆဖြစ်သွားခဲ့ခြင်းသာဖြစ်၍ အပြစ်မတင်ကြရန် အဆိုပါတာဝန်ရှိသူက ဆိုသည်။

ဂူအတွင်းပိတ်မိနေသည့် ကလေး (၁၂)ယောက်၏မိဘများက အပြင်တွင် စောင့်ကြိုနေကြသော်လည်း နည်းပြမှာ မိဘများမရှိတော့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်ကာလအတွင်း ကလေးများ၏ မိဘများကို စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးအတွက် ကျွမ်းကျင်သည့်ဆရာဝန်မာျး အကူအညီဖြင့် ဆောင်ရွက်ပေးနေသည့်အပြင် ထိုင်းဘုရင်၊ ဝန်ကြီးချုပ်တို့ကလည်း အားပေးစကားများ ပြောကြားခဲ့ကြသည်။

ဂူအတွင်းမှ ကလေးများအား ပြန်ခေါ်ထုတ်ရန်အတွက် ကလေးများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအပြင် ၎င်းတို့ခံစားနေရမည့် စိတ်ဒဏ်ရာကိုပါ ကုသပေးနိုင်ရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ ThainavySEAL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~