တရုတ္ႏုိင္ငံတြင္ အလုပ္ရမည္ဟု လိမ္ညာေခၚေဆာင္ခံရသည့္ ေက်ာက္မဲႏွင့္ေယာေဒသမွ အမ်ိဳးသား၊အမ်ိဳးသမီး ၂၇ ဦး ကို မူဆယ္တြင္ လူမႈကူညီေရးအဖြဲ႕တစ္ခု ကူညီေပးထား

တရုတ္ႏုိင္ငံတြင္ အလုပ္ရမည္ဟု လိမ္ညာေခၚေဆာင္ခံရသည့္ ေက်ာက္မဲႏွင့္ေယာေဒသမွ အမ်ိဳးသား၊အမ်ိဳးသမီး ၂၇ ဦး ကို မူဆယ္တြင္ လူမႈကူညီေရးအဖြဲ႕တစ္ခု ကူညီေပးထား
ဇူလိုင် 14, 2018
By Tachileik News Agency

ေက်ာက္မဲႏွင့္ ေယာေဒသမ်ားမွ အမ်ိဳးသား၊ အမ်ိဳးသမီး (၂၇)ေယာက္ကို တ႐ုတ္ႏုိင္ငံအတြင္း စက္ရံု၌ အလုပ္ရမည္ဟုဆိုကာ wechat မွတစ္ဆင့္ ဆက္သြယ္ေခၚယူကာ ခရီးစရိတ္မ်ား ယူေဆာင္သြားၿပီး ေရႊလီတြင္ ထားခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၁၄)ရက္ေန႔တြင္ မူဆယ္ၿမိဳ႕မွ လူမႈကူညီေရးအသင္းက ကူညီေပးထားေၾကာင္း သိရသည္။

“ဒီေန႔ ေန႔လယ္ (၁)နာရီေလာက္မွာ ဖုန္းဆက္လာေတာ့ ကၽြန္ေတာ္သြားေတြ႔တယ္။ ေငြယူသြားတဲ့ အမ်ိဳးသားရဲ႕ ဇနီးက ဒီမွာ(မူဆယ္)ရိွေတာ့ သြားညိႇေပးတယ္။ သူ႔အမ်ိဳးသမီးကလည္း သူ႔ေယာက်္ား ယူသြားတာ မသိဘူးဆိုေတာ့ ဘာမွလုပ္လို႔ မရဘူးျဖစ္ေနတယ္။ လက္ရိွေတာ့ သူတုိ႔ကို ဒီမွာတည္းခိုဖို႔နဲ႔ စားေသာက္ဖို႔ စီစဥ္ေပးထားခဲ့တယ္။ တစ္ခ်ိဳ႕ကေတာ့ မနက္ျဖန္မွာ ျပန္ၾကမယ္ေပါ့။ တစ္ခ်ိဳ႕ကလည္း ေငြေၾကးေခ်းငွား လာၾကတာဆိုေတာ့ အလုပ္ရွာအံုးမယ္ေပါ့”ဟု သြားေရာက္ကူညီေပးထားသည့္ မူဆယ္ၿမိဳ႕ရိွ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးအပ္ေရးကြန္ယက္မွ ကိုေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ (၂၇)ေယာက္အဖြဲ႕ကို  wechat မွ ခ်ိတ္ဆက္မိသူက အလုပ္ရွာေပးမည္ျဖစ္၍ ဇူလုိင္လ(၈)ရက္ေန႔၌ မူဆယ္သို႔လာေရာက္ရန္ ေခၚေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူကေတာ့ ကၽြန္မတို႔ကို ဇူလုိင္လ(၈)ရက္ေန႔မွာ မူဆယ္ကို တက္လာဖို႔ ခ်ိန္းတယ္။ စုစုေပါင္း (၂၇)ေယာက္တက္လာတယ္။ ေက်ာက္မဲကေတာ့ မ်ားတယ္။ ေယာကလည္းပါတယ္။ ဒီမူဆယ္ကို (၁၁)ရက္ေန႔ ေရာက္လာၿပီးေတာ့မွ က်ယ္ေဂါင္မွာေခၚသြားၿပီး ဟိုတယ္မွာ(၂)ည ေပးအိပ္တယ္။ (၁၃)ရက္ေန႔မွာ ေရႊလီဘက္ေခၚသြားၿပီး အခန္းက်ယ္ႀကီးထဲမွာ ထားတယ္။ အျပင္လည္း ေပးမထြက္ေတာ့ဘူး။ ဖုန္းေတြ အကုန္သိမ္းတယ္။ ၿပီးေတာ့ ကားခ စုထားတာ အကုန္ေပးပါဆိုေတာ့ စုၿပီးေပးလုိက္တာ ယြမ္ (၁၇,၉၀၀) ေပါ့။ အဲဒီညမွာ သူ႔မိန္းမ သြားေခၚမယ္ဆိုၿပီး ထြက္သြားတာ ျပန္မလာေတာ့ဘူး။ ေနာက္ေန႔က်ေတာ့ တရုတ္က လာေျပာတယ္။ နင္တုိ႔ေလာပန္းလည္း နင္တို႔ကို မလိုခ်င္ေတာ့ဘူး။ ငါတို႔လည္း နင္တုိ႔ကို မလိုခ်င္ဘူး။ အိမ္ျပန္ေတာ့ဆိုၿပီး မူဆယ္ဘက္ ျပန္ပို႔ေပးလုိက္တယ္”ဟု အလုပ္ရွာရန္သြားေရာက္အဖြဲ႕မွ မေအးေအးခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၎တို႔ အဖြဲ႕အေနျဖင့္ အလုပ္ရွာေဖြေပးရန္ ေခၚေဆာင္လာသည့္ ေအာင္မာန္ဆိုသူအား we chat မွတစ္ဆင့္ ခ်ိတ္ဆက္မိျခင္းျဖစ္ၿပီး ၎တို႔အား တရုတ္ႏုိင္ငံတြင္း ေခၚေဆာင္သြားရာတြင္ ေအာင္မာန္ႏွင့္ အတူ ၎၏ညီ အခိုင္ ဆိုသူလည္း ပါဝင္ေၾကာင္း သိရသည္။

“ ဒီလိုပဲ wechat ကေနေတြ႔တာ။ အျပင္မွာေတာ့ မသိဘူး။ wechat ကေနေျပာတဲ့ သူရယ္ ၊ သူ႔ရဲ႕ ညီေျပာတာပဲ သူတုိ႔ေခၚသြားတာ။ ကားခက သူ႔ညီဆိုတာက ယူသြားတာ။ ေအာင္မာန္နဲ႔ အခုိင္တဲ့ သူတို႔ နာမည္ေတြက။ အခုျပန္လာတာေတာ့ ေယာက္်ားေလး ( ၉ )နဲ႔ မိန္းကေလးက (၇)ေယာက္ျပန္လာတယ္။ က်န္တဲ့ သူေတြကေတာ့ သူတို႔အဆက္အသြယ္နဲ႔သူတုိ႔ အလုပ္ရွာၾကမယ္ဆိုၿပီး ဟိုဘက္မွာပဲ ျပန္သြားၾကတယ္။ ဒီဘက္ျပန္လာေတာ့ နာရီစင္နားက ရဲႀကီးကိုေတာ့ ေျပာျပတယ္။ သူကေတာ့ စာရင္းေတြေကာက္ၿပီး တရားစြဲခ်င္တယ္ ဆိုရင္စြဲေပါ့။ အခုက လူကုန္ကူးမႈေတာ့ မေျမာက္ဘူးလို႔ ေျပာတယ္။ ကၽြန္မတုိ႔က ဒီဘက္မွာ အခက္ အခဲျဖစ္ေနေတာ့ အဖြဲ႕ထဲက တစ္ေယာက္က သူ႔ သူငယ္ခ်င္းဆီကို ဆက္သြယ္ေတာ့ အခုလာကူညီတဲ့ ကိုေဌးနဲ႔ ဆက္သြယ္မိတာ”ဟု မေအးေအးခိုင္က ေျပာသည္။

၎တို႔အဖြဲ႕မွ (၁၆)ဦးမွာ မူဆယ္ဘက္သို႔ ျပန္လာၿပီးေနာက္ က်န္သူမ်ားမွာ တရုတ္ႏုိင္ငံဘက္တြင္ အလုပ္ရွာေဖြရန္ မိမိတုိ႔အစီအစဥ္ျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။

 Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲနှင့် ယောဒေသများမှ အမျိုးသား၊ အမျိုးသမီး (၂၇)ယောက်ကို တရုတ်နိုင်ငံအတွင်း စက်ရုံ၌ အလုပ်ရမည်ဟုဆိုကာ wechat မှတစ်ဆင့် ဆက်သွယ်ခေါ်ယူကာ ခရီးစရိတ်များ ယူဆောင်သွားပြီး ရွှေလီတွင် ထားခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့တွင် မူဆယ်မြို့မှ လူမှုကူညီရေးအသင်းက ကူညီပေးထားကြောင်း သိရသည်။

“ဒီနေ့ နေ့လယ် (၁)နာရီလောက်မှာ ဖုန်းဆက်လာတော့ ကျွန်တော်သွားတွေ့တယ်။ ငွေယူသွားတဲ့ အမျိုးသားရဲ့ ဇနီးက ဒီမှာ(မူဆယ်)ရှိတော့ သွားညှိပေးတယ်။ သူ့အမျိုးသမီးကလည်း သူ့ယောကျာ်း ယူသွားတာ မသိဘူးဆိုတော့ ဘာမှလုပ်လို့ မရဘူးဖြစ်နေတယ်။ လက်ရှိတော့ သူတို့ကို ဒီမှာတည်းခိုဖို့နဲ့ စားသောက်ဖို့ စီစဉ်ပေးထားခဲ့တယ်။ တစ်ချို့ကတော့ မနက်ဖြန်မှာ ပြန်ကြမယ်ပေါ့။ တစ်ချို့ကလည်း ငွေကြေးချေးငှါး လာကြတာဆိုတော့ အလုပ်ရှာအုံးမယ်ပေါ့”ဟု သွားရောက်ကူညီပေးထားသည့် မူဆယ်မြို့ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်မှ ကိုဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ (၂၇)ယောက်အဖွဲ့ကို wechat မှ ချိတ်ဆက်မိသူက အလုပ်ရှာပေးမည်ဖြစ်၍ ဇူလိုင်လ(၈)ရက်နေ့၌ မူဆယ်သို့လာရောက်ရန် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကတော့ ကျွန်မတို့ကို ဇူလိုင်လ(၈)ရက်နေ့မှာ မူဆယ်ကို တက်လာဖို့ ချိန်းတယ်။ စုစုပေါင်း (၂၇)ယောက်တက်လာတယ်။ ကျောက်မဲကတော့ များတယ်။ ယောကလည်းပါတယ်။ ဒီမူဆယ်ကို (၁၁)ရက်နေ့ ရောက်လာပြီးတော့မှ ကျယ်ဂေါင်မှာခေါ်သွားပြီး ဟိုတယ်မှာ(၂)ည ပေးအိပ်တယ်။ (၁၃)ရက်နေ့မှာ ရွှေလီဘက်ခေါ်သွားပြီး အခန်းကျယ်ကြီးထဲမှာ ထားတယ်။ အပြင်လည်း ပေးမထွက်တော့ဘူး။ ဖုန်းတွေ အကုန်သိမ်းတယ်။ ပြီးတော့ ကားခ စုထားတာ အကုန်ပေးပါဆိုတော့ စုပြီးပေးလိုက်တာ ယွမ် (၁၇,၉၀၀) ပေါ့။ အဲဒီညမှာ သူ့မိန်းမ သွားခေါ်မယ်ဆိုပြီး ထွက်သွားတာ ပြန်မလာတော့ဘူး။ နောက်နေ့ကျတော့ တရုတ်က လာပြောတယ်။ နင်တို့လောပန်းလည်း နင်တို့ကို မလိုချင်တော့ဘူး။ ငါတို့လည်း နင်တို့ကို မလိုချင်ဘူး။ အိမ်ပြန်တော့ဆိုပြီး မူဆယ်ဘက် ပြန်ပို့ပေးလိုက်တယ်”ဟု အလုပ်ရှာရန်သွားရောက်အဖွဲ့မှ မအေးအေးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းတို့ အဖွဲ့အနဖြေင့် အလုပ်ရှာဖွေပေးရန် ခေါ်ဆောင်လာသည့် အောင်မာန်ဆိုသူအား we chat မှတစ်ဆင့် ချိတ်ဆက်မိခြင်းဖြစ်ပြီး၎င်းတို့အား တရုတ်နိုင်ငံတွင်း ခေါ်ဆောင်သွားရာတွင် အောင်မာန်နှင့် အတူ၎င်း၏ညီ အခိုင် ဆိုသူလည်း ပါဝင်ကြောင်း သိရသည်။

“ ဒီလိုပဲ wechat ကနေတွေ့တာ။ အပြင်မှာတော့ မသိဘူး။ wechat ကနေပြောတဲ့ သူရယ်၊ သူ့ရဲ့ ညီပြောတာပဲ သူတို့ခေါ်သွားတာ။ ကားခက သူ့ညီဆိုတာက ယူသွားတာ။ အောင်မာန်နဲ့ အခိုင်တဲ့ သူတို့ နာမည်တွေက။ အခုပြန်လာတာတော့ ယောက်ျားလေး ( ၉ )နဲ့ မိန်းကလေးက (၇)ယောက်ပြန်လာတယ်။ ကျန်တဲ့ သူတွေကတော့ သူတို့အဆက်အသွယ်နဲ့သူတို့ အလုပ်ရှာကြမယ်ဆိုပြီး ဟိုဘက်မှာပဲ ပြန်သွားကြတယ်။ ဒီဘက်ပြန်လာတော့ နာရီစင်နားက ရဲကြီးကိုတော့ ပြောပြတယ်။ သူကတော့ စာရင်းတွေကောက်ပြီး တရားစွဲချင်တယ် ဆိုရင်စွဲပေါ့။ အခုက လူကုန်ကူးမှုတော့ မမြောက်ဘူးလို့ ပြောတယ်။ ကျွန်မတို့က ဒီဘက်မှာ အခက် အခဲဖြစ်နေတော့ အဖွဲ့ထဲက တစ်ယောက်က သူ့ သူငယ်ချင်းဆီကို ဆက်သွယ်တော့ အခုလာကူညီတဲ့ ကိုဌေးနဲ့ ဆက်သွယ်မိတာ”ဟု မအေးအေးခိုင်က ပြောသည်။

၎င်းတို့အဖွဲ့မှ (၁၆)ဦးမှာ မူဆယ်ဘက်သို့ ပြန်လာပြီးနောက် ကျန်သူများမှာ တရုတ်နိုင်ငံဘက်တွင် အလုပ်ရှာဖွေရန် မိမိတို့အစီအစဉ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နကြေကြောင်း သိရသည်။

 Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~