မယ္ဆိုင္ဂူအတြင္း (၉)ရက္ေျမာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းကို အင္တိုက္အားတိုက္ လုပ္ေနေပမဲ့ သတင္းအားလံုးကို မထုတ္ျပန္ႏိုင္ေသးေၾကာင္း ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆို

မယ္ဆိုင္ဂူအတြင္း (၉)ရက္ေျမာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းကို အင္တိုက္အားတိုက္ လုပ္ေနေပမဲ့ သတင္းအားလံုးကို မထုတ္ျပန္ႏိုင္ေသးေၾကာင္း ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆို
ဇူလိုင် 1, 2018
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္ေဒသ၊ ထိုင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရွိ ဂူအတြင္းက ရွာေဖြကယ္ဆယ္ေရး လုပ္ငန္း (၉)ရက္ေျမာက္ေန႔ျဖစ္တဲ့ ဇူလုိင္လ (၁)ရက္ေန႔မွာ ရာသီဥတု အေျခအေနလည္း သာယာတာေၾကာင့္ ကယ္ဆယ္ေရး လုပ္ငန္းေတြကို ႏုိင္ငံတကာအဖြဲ႕ေတြပါ ပူးေပါင္းၿပီး အင္တိုက္ အားတိုက္ လုပ္ေနေပမဲ့ သတင္းအားလံုးကို မထုတ္ျပန္ႏုိင္ေသးဘူးလို႔ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက  ဇူလိုင္လ(၁)ရက္ေန႔ ညေနပိုင္းမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ၿပီး ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

“ႏုိင္ငံတကာက ကယ္ဆယ္ေရးအဖြဲ႕ေတြကလည္း ဂူထဲမွာေရာက္ရိွၿပီး အင္တုိက္အားတုိက္နဲ႔ ကယ္ဆယ္ေရး လုပ္ငန္းေတြ ေရွ႕တိုး လုပ္ႏုိင္ၿပီျဖစ္ေပမဲ့ တစ္ခ်ိဳ႕သတင္းေတြကို မထုတ္ျပန္ႏုိင္ေသးတာကို ေတာင္းပန္ပါတယ္”လို႔ ခ်င္းရိုင္းခရုိင္အုပ္ခ်ဳပ္ေရးမွဴး နာရြန္ဆတ္ အိုေဆာ့တာနာကြန္းက ဒီေန႔ ညေနက ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတယ္လို႔ အဆိုပါ ဂူအနီးသြားေရာက္ သတင္းယူေနသူ ကိုစည္သူေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာပါတယ္။

အဆိုပါ ဂူအတြင္း ကယ္ဆယ္ေရးအဖြဲ႕ေတြ လိုအပ္ေနတဲ့ ေအာက္ဆီဂ်င္ဗူးေတြလည္း ညေန (၄)နာရီမွာ ထပ္ပို႔ေပးထားၿပီး ဂူအတြင္း သတ္မွတ္အကြာအေဝးတုိင္း ေအာက္ဆီဂ်င္ဗူး (၁)ဗူးစီ ထားသြားဖို႔လည္း  ခ်ိတ္ဆက္ေဆာာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

ရွာေဖြကယ္ဆယ္ေရးမွာ အေႏွာင့္အယွက္မျဖစ္ေစဖို႔ လမ္းေတြလည္း ထပ္ရွင္းထားတာေၾကာင့္ သတင္းေထာက္ေတြ အေဝးႀကီးကေန သတင္းလာယူရတာကိုလည္း ေတာင္းပန္တဲ့အေၾကာင္း ေျပာသြားပါတယ္။

ကယ္ဆယ္ေရး လုပ္ငန္းစဥ္ (၉)ရက္ေျမာက္ေန႔အထိ ဂူအတြင္းက လူငယ္(၁၃)ဦး ကိစၥနဲ႔ ပတ္သက္ၿပီး သဲလြန္စ ရရွိမႈ ရွိမရွိဆိုတဲ့ အေျခအေနေတြနဲ႔ လူငယ္ေတြကို ေတြ႔ရွိထားျခင္း ရွိမရွိ စတာေတြနဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာၾကား သြားျခင္း မရွိေသးပါဘူး။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဂူအတွင်းက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း (၉)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ (၁)ရက်နေ့မှာ ရာသီဥတု အခြေအနေလည်း သာယာတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့တွေပါ ပူးပေါင်းပြီး အင်တိုက် အားတိုက် လုပ်နေပေမဲ့ သတင်းအားလုံးကို မထုတ်ပြန်နိုင်သေးဘူးလို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင်လ(၁)ရက်နေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ဂူထဲမှာရောက်ရှိပြီး အင်တိုက်အားတိုက်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ရှေ့တိုး လုပ်နိုင်ပြီဖြစ်ပေမဲ့ တစ်ချို့သတင်းတွေကို မထုတ်ပြန်နိုင်သေးတာကို တောင်းပန်ပါတယ်”လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆတ် အိုဆော့တာနာကွန်းက ဒီနေ့ ညနေက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ အဆိုပါ ဂူအနီးသွားရောက် သတင်းယူနေသူ ကိုစည်သူမောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောပါတယ်။

အဆိုပါ ဂူအတွင်း ကယ်ဆယ်ရေးအဖွဲ့တွေ လိုအပ်နေတဲ့ အောက်ဆီဂျင်ဗူးတွေလည်း ညနေ (၄)နာရီမှာ ထပ်ပို့ပေးထားပြီး ဂူအတွင်း သတ်မှတ်အကွာအဝေးတိုင်း အောက်ဆီဂျင်ဗူး (၁)ဗူးစီ ထားသွားဖို့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးမှာ အနှောင့်အယှက်မဖြစ်စေဖို့ လမ်းတွေလည်း ထပ်ရှင်းထားတာကြောင့် သတင်းထောက်တွေ အဝေးကြီးကနေ သတင်းလာယူရတာကိုလည်း တောင်းပန်တဲ့အကြောင်း ပြောသွားပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းစဉ် (၉)ရက်မြောက်နေ့အထိ ဂူအတွင်းက လူငယ်(၁၃)ဦး ကိစ္စနဲ့ ပတ်သက်ပြီး သဲလွန်စ ရရှိမှု ရှိမရှိဆိုတဲ့ အခြေအနေတွေနဲ့ လူငယ်တွေကို တွေ့ရှိထားခြင်း ရှိမရှိ စတာတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြား သွားခြင်း မရှိသေးပါဘူး။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~