မေကြးၿမိဳ႕ရွိ ဧရာ၀တီတံတား၏ တိုင္တစ္တိုင္ လႈပ္ယမ္းေနသည္ဆို၍ တံတားဦးစီးဌာနက စစ္ေဆးေန

မေကြးၿမိဳ႕ရွိ ဧရာ၀တီတံတား၏ တိုင္တစ္တိုင္ လႈပ္ယမ္းေနသည္ဆို၍ တံတားဦးစီးဌာနက စစ္ေဆးေန
ဇူလိုင် 14, 2018
By Tachileik News Agency

မေကြးၿမိဳ႕ရိွ ဧရာဝတီတံတားမွ တိုင္တစ္တုိင္မွာ လႈပ္ယမ္းေနေၾကာင္း သိရသျဖင့္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၏ တံတားဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၁၄)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးေနေၾကာင္း သိရသည္။

"မေန႔က လူမႈကြန္ရက္စာမ်က္ႏွာမွာ တံတားတိုင္လႈပ္ယမ္းေနတယ္ဆိုၿပီး တင္လာတာေတြ႔ရလို႔ ဒီေန႔ ကြင္းဆင္း စစ္ေဆးၾကတာပါ။ ကၽြန္ေတာ္တို႔ေရာက္ရိွၿပီး ခုခ်ိန္အထိေတာ့ လႈပ္ယမ္းတာ မေတြ႔ရေသးသလို ေလာေလာဆယ္ အႏၱရာယ္ရိွမယ့္ အေနအထားမ်ိဳးလည္း မေတြ႔ရေသးပါဘူး။ ရန္ကုန္ရံုးခ်ဳပ္ကလည္း သံေဘာင္အေနအထားနဲ႔ နတ္တင္းအားေတြစစ္ဖို႔ လာေနပါၿပီ" ဟု တံတားဦးစီးဌာမွ အင္ဂ်င္နီယာခ်ဳပ္(ၿမိဳ႕ျပ) ဦးေမာင္ေမာင္ညႊန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ တံတား၏ P-4 ႏွင့္ P-5 ၾကားရိွ တိုင္မွာ လြန္ခဲ့သည့္ (၃) ရက္ခန္႔က လႈပ္ယမ္းေနသည္ကို သတိျပဳမိခဲ့သျဖင့္ ေဒသခံတစ္ဦးက ဇူလိုင္လ (၁၃)ရက္ေန႔တြင္ ဗီဒီယိုမွတ္တမ္းရယူကာ တံတား တာဝန္က်ရဲထံ သတင္းပို႔ျပသခဲ့ၿပီး လူမႈကြန္ယက္စာမ်က္ႏွာတြင္တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့ရှိ ဧရာဝတီတံတားမှ တိုင်တစ်တိုင်မှာ လှုပ်ယမ်းနေကြောင်း သိရသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ တံတားဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

"မနေ့က လူမှုကွန်ရက်စာမျက်နှာမှာ တံတားတိုင်လှုပ်ယမ်းနေတယ်ဆိုပြီး တင်လာတာတွေ့ရလို့ ဒီနေ့ ကွင်းဆင်း စစ်ဆေးကြတာပါ။ ကျွန်တော်တို့ရောက်ရှိပြီး ခုချိန်အထိတော့ လှုပ်ယမ်းတာ မတွေ့ရသေးသလို လောလောဆယ် အန္တရာယ်ရှိမယ့် အနေအထားမျိုးလည်း မတွေ့ရသေးပါဘူး။ ရန်ကုန်ရုံးချုပ်ကလည်း သံဘောင်အနေအထားနဲ့ နတ်တင်းအားတွေစစ်ဖို့ လာနေပါပြီ" ဟု တံတားဦးစီးဌာမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးမောင်မောင်ညွှန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တံတား၏ P-4 နှင့် P-5 ကြားရှိ တိုင်မှာ လွန်ခဲ့သည့် (၃) ရက်ခန့်က လှုပ်ယမ်းနေသည်ကို သတိပြုမိခဲ့သဖြင့် ဒေသခံတစ်ဦးက ဇူလိုင်လ (၁၃)ရက်နေ့တွင် ဗီဒီယိုမှတ်တမ်းရယူကာ တံတား တာဝန်ကျရဲထံ သတင်းပို့ပြသခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွင်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~