တာခ်ီလိတ္တြင္ ဆိုင္ကယ္ျဖင့္ သယ္လာသည့္ စိတ္ၾကြေဆးျပား ႏွစ္သိန္းေက်ာ္ ပိုင္ရွင္မဲ့ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဆိုင္ကယ္ျဖင့္ သယ္လာသည့္ စိတ္ၾကြေဆးျပား ႏွစ္သိန္းေက်ာ္ ပိုင္ရွင္မဲ့ဖမ္းဆီးရမိ
ဇူလိုင် 5, 2018
By 🌸
ျမန္မာ-ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စုရိွ ေရွ႕တန္းတပ္စခန္း နယ္ေျမအတြင္း ဆုိင္ကယ္(၃)စီးေမာင္းႏွင္လာသည့္အဖြဲ႕ကို မသကၤာ၍ လုိက္လံစစ္ေဆးရာ  စိတ္ၾကြေဆးျပား (၂)သိန္းေက်ာ္အား ဖမ္းဆီးရမိၿပီး သယ္ေဆာင္လာသူမ်ား ထြက္ေျပးသြားေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းအုပ္စု၊ ႀကိဳးတံတားရြာအနီး၊ ေရွ႕တန္းတပ္စခန္းနယ္ေျမ ေအာင္ေျမ(၂)တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃)ရက္ေန႔ နံနက္(၉)နာရီခြဲဝန္းက်င္က ႀကိဳးတံတား - ေအာင္ေျမ(၂)-က်ထီးနားလမ္းအတုိင္း အမ်ိဳးသား(၃)ဦး ေမာင္းႏွင္လာသည့္ ဆိုင္ကယ္(၃)စီးကို ေရွ႕တန္းတပ္စခန္းတာဝန္ရိွသူက မသကၤာသျဖင့္ စစ္ေဆးရန္ က်ထီးနားေရွ႕တန္းတပ္စခန္းသို႔ ဆက္သြယ္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ထီးနားမွ တပ္ဖြဲ႕က အဆိုပါဆုိင္ကယ္မ်ားအား တားဆီးစစ္ေဆးရန္ က်ထီးနားဘက္မွ ေအာင္ေျမ(၂)ဘက္သို႔ သြားစဥ္ အဆိုပါဆိုင္ကယ္(၃)စီးႏွင့္ မ်က္ႏွာခ်င္းဆုိင္တြင္ ေတြ႕ရာ အမ်ိဳးသား(၃)ဦးက ဆုိင္ကယ္မ်ားအား ထားပစ္ခဲ့ကာ လမ္းေဘးလွ်ိဳေျမာင္အတြင္း ေျပးဆင္းသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္ခဲ့သည့္ဆုိင္ကယ္မ်ားတြင္ ေတြ႕ရသည့္ ေက်ာပိုးအိတ္မ်ားအား စစ္ေဆးရာ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၃၀၀၀၀)ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆုိင္ကယ္(၃)စီးကို ေအာင္ေျမ(၂)ေရွ႕တန္းတပ္စခန္းက ရဲတပ္ဖြဲ႕သို႔ ည(၉)နာရီဝန္းက်င္တြင္ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ၁၉(က)ျဖင့္ အမႈဖြင့္ထားၿပီး တရားခံမ်ား စံုစမ္းေဖၚထုတ္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဆိုင်ကယ်ဖြင့် သယ်လာသည့် စိတ်ကြွဆေးပြား နှစ်သိန်းကျော် ပိုင်ရှင်မဲ့ဖမ်းဆီးရမိ
**************************
မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စုရှိ ရှေ့တန်းတပ်စခန်း နယ်မြေအတွင်း ဆိုင်ကယ်(၃)စီးမောင်းနှင်လာသည့်အဖွဲ့ကို မသင်္ကာ၍ လိုက်လံစစ်ဆေးရာ  စိတ်ကြွဆေးပြား (၂)သိန်းကျော်အား ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူများ ထွက်ပြေးသွားကြောင်း သိရသည်။

လွယ်တော်ခမ်းအုပ်စု၊ ကြိုးတံတားရွာအနီး၊ ရှေ့တန်းတပ်စခန်းနယ်မြေ အောင်မြေ(၂)တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က ကြိုးတံတား - အောင်မြေ(၂)-ကျထီးနားလမ်းအတိုင်း အမျိုးသား(၃)ဦး မောင်းနှင်လာသည့် ဆိုင်ကယ်(၃)စီးကို ရှေ့တန်းတပ်စခန်းတာဝန်ရှိသူက မသင်္ကာသဖြင့် စစ်ဆေးရန် ကျထီးနားရှေ့တန်းတပ်စခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျထီးနားမှ တပ်ဖွဲ့က အဆိုပါဆိုင်ကယ်များအား တားဆီးစစ်ဆေးရန် ကျထီးနားဘက်မှ အောင်မြေ(၂)ဘက်သို့ သွားစဉ် အဆိုပါဆိုင်ကယ်(၃)စီးနှင့် မျက်နှာချင်းဆိုင်တွင် တွေ့ရာ အမျိုးသား(၃)ဦးက ဆိုင်ကယ်များအား ထားပစ်ခဲ့ကာ လမ်းဘေးလျှိုမြောင်အတွင်း ပြေးဆင်းသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ခဲ့သည့်ဆိုင်ကယ်များတွင် တွေ့ရသည့် ကျောပိုးအိတ်များအား စစ်ဆေးရာ စိတ်ကြွဆေးပြား စုစုပေါင်း (၂၃၀၀၀၀)ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆိုင်ကယ်(၃)စီးကို အောင်မြေ(၂)ရှေ့တန်းတပ်စခန်းက ရဲတပ်ဖွဲ့သို့ ည(၉)နာရီဝန်းကျင်တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့် အမှုဖွင့်ထားပြီး တရားခံများ စုံစမ်းဖေါ်ထုတ်ရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~