တာခ်ီလိတ္တြင္ လူအမ်ားေရွ႕၌ ဆဲဆိုၿခိမ္းေျခာက္သည္ဟု ဆိုကာ အမ်ဳိးသားတစ္ဦးအား ပုဒ္မ(၃)ခုျဖင့္ အမႈဖြင့္ထား

တာခ်ီလိတ္တြင္ လူအမ်ားေရွ႕၌ ဆဲဆိုၿခိမ္းေျခာက္သည္ဟု ဆိုကာ အမ်ဳိးသားတစ္ဦးအား ပုဒ္မ(၃)ခုျဖင့္ အမႈဖြင့္ထား
ဇူလိုင် 28, 2018
By Tachileik News Agency

ဆဲဆိုၿခိမ္းေျခာက္မႈျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕မရဲစခန္းတြင္ ဇြန္လအတြင္းက အမႈ ဖြင့္ခံထားရသည့္ အမ်ိဳးသားတစ္ဦးက ရဲစခန္းတြင္ အမႈဖြင့္ေနစဥ္ တရားလိုအား ထပ္မံ ဆဲဆိုၿခိမ္းေျခာက္ သျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔တြင္ ၎အား ပုဒ္မ(၃)ခုျဖင့္ ထပ္မံအမႈဖြင့္ တုိင္ၾကားလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၁)ေန ဦးေအာင္ေက်ာ္ေက်ာ္ႏွင့္ အက်ိဳးတူလုပ္ငန္းမွ ေဒၚနန္းခမ္းတစ္တို႔ ေငြေၾကးကိစၥႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္၊ ေမလ(၃)ရက္ေန႔တြင္ ရန္ေအာင္ေျမ ရပ္ကြက္ရံုး၌ ရွင္းလင္းၾကရာ ေဒၚနန္းခမ္းတစ္၏ ေျပာေရးဆိုခြင့္ရိွသူဆိုသည့္ ကိုထြန္းဆိုသူက ဦးေအာင္ေက်ာ္ေက်ာ္ႏွင့္ ဇနီးအား လူအမ်ားေရွ႕တြင္ ဆဲဆိုၿခိမ္းေျခာက္ခဲ့ၿပီး ယင္းေန႔ ညေနတြင္ ဦးေအာင္ေက်ာ္ေက်ာ္ႏွင့္ဇနီးတို႔က ရဲစခန္းတြင္ အမႈဖြင့္ရန္ စခန္းမွဴးျဖင့္ စကားေျပာေနစဥ္ အဆိုပါ ကိုထြန္းဆိုသူထပ္မံေရာက္လာၿပီး “ဖြင့္ေပးလုိက္ အမႈအခုဖြင့္ေပးလုိက္”ဟု ေအာ္ဟစ္ေျပာဆိုကာ ဦးေအာင္ေက်ာ္ေက်ာ္တုိ႔ လင္မယားကိုလည္း ရိုင္းျပစြာ ဆဲဆိုျခင္းမ်ား လုပ္ေဆာင္သည့္အျပင္ လက္သီးျဖင့္ထိုးရန္ ျပဳလုပ္ျခင္းခံခဲ့ရေၾကာင္း တိုင္ၾကားခ်က္တြင္ ေဖၚျပထားသည္။

၎တို႔အား လူအမ်ားေရွ႕တြင္ ဆဲဆိုၿခိမ္းေျခာက္ခဲ့သည္ဟုဆိုကာ ဦးေအာင္ေက်ာ္ေက်ာ္က  ကိုထြန္း(နာမည္အရင္းႏွင့္ ကိုယ္ေရးအခ်က္အလက္အား ရဲစခန္းမွ စိစစ္ဆဲ) အား ဇြန္လ(၂၁)ရက္ေန႔တြင္ ဥပေဒအရ အေရးယူေပးရန္ တုိင္ၾကားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ) ၂၀၃/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၂၉၄ ျဖင့္ အမႈဖြင့္ထားခဲ့ျခင္းျဖစ္ၿပီး ရဲစခန္းတြင္ ၿခိမ္းေျခာက္ေျပာဆိုမႈအတြက္ ဇူလုိင္လ (၂၆)ရက္ေန႔တြင္ ထပ္မံတုိင္ၾကားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၅၀၆/၅၀၀ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ဆဲဆိုခြိမ်းခြောက်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မရဲစခန်းတွင် ဇွန်လအတွင်းက အမှု ဖွင့်ခံထားရသည့် အမျိုးသားတစ်ဦးက ရဲစခန်းတွင် အမှုဖွင့်နေစဉ် တရားလိုအား ထပ်မံ ဆဲဆိုခြိမ်းခြောက် သဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင်၎င်းအား ပုဒ်မ(၃)ခုဖြင့် ထပ်မံအမှုဖွင့် တိုင်ကြားလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နေ ဦးအောင်ကျော်ကျော်နှင့် အကျိုးတူလုပ်ငန်းမှ ဒေါ်နန်းခမ်းတစ်တို့ ငွေကြေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ မေလ(၃)ရက်နေ့တွင် ရန်အောင်မြေ ရပ်ကွက်ရုံး၌ ရှင်းလင်းကြရာ ဒေါ်နန်းခမ်းတစ်၏ ပြောရေးဆိုခွင့်ရှိသူဆိုသည့် ကိုထွန်းဆိုသူက ဦးအောင်ကျော်ကျော်နှင့် ဇနီးအား လူအများရှေ့တွင် ဆဲဆိုခြိမ်းခြောက်ခဲ့ပြီး ယင်းနေ့ ညနေတွင် ဦးအောင်ကျော်ကျော်နှင့်ဇနီးတို့က ရဲစခန်းတွင် အမှုဖွင့်ရန် စခန်းမှူးဖြင့် စကားပြောနေစဉ် အဆိုပါ ကိုထွန်းဆိုသူထပ်မံရောက်လာပြီး “ဖွင့်ပေးလိုက် အမှုအခုဖွင့်ပေးလိုက်”ဟု အော်ဟစ်ပြောဆိုကာ ဦးအောင်ကျော်ကျော်တို့ လင်မယားကိုလည်း ရိုင်းပြစွာ ဆဲဆိုခြင်းများ လုပ်ဆောင်သည့်အပြင် လက်သီးဖြင့်ထိုးရန် ပြုလုပ်ခြင်းခံခဲ့ရကြောင်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။

၎င်းတို့အား လူအများရှေ့တွင် ဆဲဆိုခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ ဦးအောင်ကျော်ကျော်က ကိုထွန်း(နာမည်အရင်းနှင့် ကိုယ်ရေးအချက်အလက်အား ရဲစခန်းမှ စိစစ်ဆဲ) အား ဇွန်လ(၂၁)ရက်နေ့တွင် ဥပဒေအရ အရေးယူပေးရန် တိုင်ကြားသဖြင့် တာချီလိတ်မြို့မရဲစခန်း၌ (ပ) ၂၀၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပြီး ရဲစခန်းတွင် ခြိမ်းခြောက်ပြောဆိုမှုအတွက် ဇူလိုင်လ (၂၆)ရက်နေ့တွင် ထပ်မံတိုင်ကြားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၅၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၅၀၀ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~