မိုင်းဆတ်မြို့ မယ်ကျန်းရွာတွင် အသက်(၅၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား (၂၇၀)ကျော်နှင့် အတူ ဖမ်းမိ

မိုင်းဆတ်မြို့ မယ်ကျန်းရွာတွင် အသက်(၅၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား (၂၇၀)ကျော်နှင့် အတူ ဖမ်းမိ
ဇူလိုင် 29, 2018
By Tachileik News Agency




ဓါတ်ပုံ - ရဲတပ်ဖွဲ့





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၂၇၅)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် မယ်ကျန်းရွာမှ ဒေါ်မဲလီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်မဲလီကို နေအိမ်တွင် တွေ့ရပြီး နေအိမ် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားများကို သိမ်းဆည်း ရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရသည့် အသက်(၅၉)နှစ်အရွယ် မဲလီအား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~