ၾသစေၾတးလ်ႏုိင္ငံက ရခုိင္ျပည္နယ္အတြက္ အေမရိကန္ေဒၚလာသန္း(၇၀) လွဴဒါန္းရန္ႏွင့္ ထုိင္းနယ္စပ္မွ ျမန္မာေနရပ္ေရႊ႕ေျပာင္းမ်ား ျပည္တြင္းေနရာခ်ထားေရးကိစၥမ်ား လာေရာက္ ေဆြးေႏြး

ၾသစေၾတးလ်ႏုိင္ငံက ရခုိင္ျပည္နယ္အတြက္ အေမရိကန္ေဒၚလာသန္း(၇၀) လွဴဒါန္းရန္ႏွင့္ ထုိင္းနယ္စပ္မွ ျမန္မာေနရပ္ေရႊ႕ေျပာင္းမ်ား ျပည္တြင္းေနရာခ်ထားေရးကိစၥမ်ား လာေရာက္ ေဆြးေႏြး
ဇူလိုင် 31, 2018
By Tachileik News Agency

ၾသစေၾတးလ်ႏုိင္ငံက ရခုိင္ျပည္နယ္အတြက္ အေမရိကန္ေဒၚလာ သန္း(၇၀) လွဴဒါန္းရန္ကိစၥႏွင့္ ျမန္မာ - ထိုင္းႏိုင္ငံနယ္စပ္ရွိ ေနရပ္ေရႊ႕ေျပာင္းသူမ်ား ျပန္လည္ေနရာခ်ထားႏိုင္ေရးကိစၥရပ္မ်ားႏွင့္ပတ္သက္၍ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးထံ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔ နံနက္က လာေရာက္ ေတြ႔ဆံုေဆြးေႏြးေၾကာင္း သိရသည္။

ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးအား ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေတးလ်ႏုိင္ငံ သံအမတ္ႀကီး H. E Mr. Nicholas Coppel ဦးေဆာင္ေသာ အဖြဲ႕က ဝန္ႀကီး၏ရံုး၌ ဇူလုိင္လ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ လာေရာက္ ေတြ႔ဆံုျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသုိ႔ ေတြ႔ဆံုရာတြင္ ရခုိင္ျပည္နယ္သုိ႔ သြားေရာက္ေလ့လာလုိသည့္ ကိစၥမ်ား၊ UNHCR ၊ UNDP ႏွင့္ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနတုိ႔ လက္မွတ္ေရးထုိးထားေသာ နားလည္မႈ စာခၽြန္လႊာအရ အေကာင္အထည္ေဖၚမည့္ လုပ္ငန္းကိစၥမ်ား၊ မလုိအပ္ေသာ အေျခအေနတြင္ ယာယီ ခုိလႈံေရးစခန္းမ်ား ပိတ္သိမ္းႏုိင္ေရးအတြက္ ႏုိင္ငံေတာ္အဆင့္ မဟာဗ်ဴဟာ ခ်မွတ္ေရး ေဆာင္ရြက္ ေနမႈမ်ား၊ ျမန္မာ - ထုိင္းႏုိင္ငံနယ္စပ္ရွိ ေနရပ္ေရြ႕ေျပာင္း သူမ်ား၊ ႏုိင္ငံတြင္း အဆင္ေျပစြာ ျပန္လည္ ေနရာခ် ေနထုိင္ႏုိင္ေရး၊ လူမႈျဖစ္ရပ္ စီမံခန္႔ခြဲမႈလုပ္ငန္းမ်ား စနစ္တက် ေဆာင္ရြက္ေနမႈမ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
Photo: MSWRR


~~~~~~~~⊰❂ unicode ~~~~~~~~

သြစတြေးလျနိုင်ငံက ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ သန်း(၇၀) လှူဒါန်းရန်ကိစ္စနှင့် မြန်မာ - ထိုင်းနိုင်ငံနယ်စပ်ရှိ နေရပ်ရွှေ့ပြောင်းသူများ ပြန်လည်နေရာချထားနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးထံ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်က လာရောက် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံ သံအမတ်ကြီး H. E Mr. Nicholas Coppel ဦးဆောင်သော အဖွဲ့က ဝန်ကြီး၏ရုံး၌ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာလိုသည့် ကိစ္စများ၊ UNHCR၊ UNDP နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးထားသော နားလည်မှု စာချွန်လွှာအရ အကောင်အထည်ဖော်မည့် လုပ်ငန်းကိစ္စများ၊ မလိုအပ်သော အခြေအနေတွင် ယာယီ ခိုလှုံရေးစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ ချမှတ်ရေး ဆောင်ရွက် နေမှုများ၊ မြန်မာ - ထိုင်းနိုင်ငံနယ်စပ်ရှိ နေရပ်ရွေ့ပြောင်း သူများ၊ နိုင်ငံတွင်း အဆင်ပြေစွာ ပြန်လည် နေရာချ နေထိုင်နိုင်ရေး၊ လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
Photo: MSWRR

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~