တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် စိုက်ထူမည့် နိုင်ငံတော်သမ္မတ၏ ပုံတူ ပန်းချီစိုက်ထူပွဲသို့ မည်သူမဆို တက်ရောက်နိုင်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် စိုက်ထူမည့် နိုင်ငံတော်သမ္မတ၏ ပုံတူ ပန်းချီစိုက်ထူပွဲသို့ မည်သူမဆို တက်ရောက်နိုင်
ဇူလိုင် 14, 2018
By Tachileik News Agency



ဓါတ်ပုံ - ဦးတင့်ဆွေ




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းရှေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပုံတူပန်းချီအား စိုက်ထူပွဲအဖြစ် ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၉)နာရီ တိတိတွင် ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် စိုက်ထူပွဲ အခမ်းအနားသို့ မည်သူမဆို တက်ရောက် နိုင်ကြောင်း သိရသည်။

အဆိုပါ နေရာတွင် ယခင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပုံ ဗီနိုင်းပိုစတာ စိုက်ထူထားရှိရာမှ ယခုအခါမှာ တာချီလိတ်မှ ပန်းချီဆရာ ကိုကျော်ဇော်လင်း(ကိုသားကြီး)မှ ဂုဏ်ပြုရေးဆွဲပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးတင့်ဆွေ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~