မယ်ဆိုင်ဂူ ဧရိယာအတွင်း သန့်ရှင်းရေးအတွက် စေတနာဖြင့် လုပ်အားပေးလိုသူ မယ်ဆိုင်ဒေသခံ (၁၀၀၀)ကျော် စာရင်းပေးထားရှိ

မယ်ဆိုင်ဂူ ဧရိယာအတွင်း သန့်ရှင်းရေးအတွက် စေတနာဖြင့် လုပ်အားပေးလိုသူ မယ်ဆိုင်ဒေသခံ (၁၀၀၀)ကျော် စာရင်းပေးထားရှိ
ဇူလိုငျ 13, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင်ရှိ ထမ့်လွမ်ဂူနှင့် ပတ်သက်၍ လူငယ်(၁၃)ဦး ကယ်ဆယ်ရေး အပြီးတွင် အဆိုပါ ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် အနေအထား အရ မူလ အတိုင်းပြန်လည် ထိန်းသိမ်းရေးအတွက် စေတနာဖြင့် လုပ်အားပေး ဆောင်ရွက်လိုသူများကို မယ်ဆိုင်မြို့ရှိ ပုံဖာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းလာပေးနိုင်ရန် ခေါ်ယူနေရာ ဇူလိုင်လ (၁၂)ရက်နေ့ တစ်ရက်ထဲတွင် စေတနာဖြင့် လုပ်အားပေးလိုသူ ဒေသခံ   (၁၀၀၀)ကျော် နေပြီဖြစ်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ရေကြီး၍ ပိတ်မိနေခဲ့သည့် တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦးတို့အား ကယ်ထုတ်ရေးအတွက် ဂူအတွင်းမှ ရေများ စုပ်ထုတ်ခြင်း၊ ဂူအတွင်း ရေစီးဝင်မည့် လမ်းကြောင်းများအား ရေလမ်းလွှဲခြင်း၊ ပိတ်ဆို့ခြင်း၊ ဂူအတွင်း ရောက်နိုင်မည့် လမ်းကြောင်း ရှာဖွေတူးဖေါ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အဆိုပါ ဂူပတ်ဝန်းကျင် အနေအထားကို မူလအတိုင်း ပြန်လည်ပြုပြင်ရေးအတွက် လုပ်အားပေးဆောင်ရွက်လိုသူများကို ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့များတွင် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ပုံဖာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးက ကြေညာထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဂူသို့ လာရောက်လည်ပတ်သူများကို ခေတ္တပိတ်ပင်ထားရှိပြီး စာရင်းပေးထားသည့် လုပ်အားပေးများကိုသာ ပေးဝင်မှာဖြစ်ကြောင်း နှင့် ဂူအား ကမ္ဘာလှည့်ခရီးသွားများအထိ လာရောက် လည်ပတ်နိုင်ရန် အကြီးစားပြင်ဆင်မှုကို (၆)လအကြာအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စ၍  တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးတို့ ၀င်ရောက်သွားရာမှ ဂူအတွင်း ရေကြီးလာမှုများကြောင့် ပြန်မထွက်လာနိုင်တော့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများပြုလုပ်ရာ ဂူအတွင်းမှ လူငယ်များအား ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိတိ ခွဲထုတ်ကယ်ဆယ်ခဲ့ရပြီးနောက် ယခုအခါမှာ လူငယ်(၁၃)ဦးမှာ ချင်းရိုင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိပြီး ကျန်းမာရေး ကောင်းမွန်နေလျှက်ရှိသည်။

Tachileik News Agency
Photo: PR Chiang Rai


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင်ရှိ ထမ့်လွမ်ဂူနှင့် ပတ်သက်၍ လူငယ်(၁၃)ဦး ကယ်ဆယ်ရေး အပြီးတွင် အဆိုပါ ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် အနေအထား အရ မူလ အတိုင်းပြန်လည် ထိန်းသိမ်းရေးအတွက် စေတနာဖြင့် လုပ်အားပေး ဆောင်ရွက်လိုသူများကို မယ်ဆိုင်မြို့ရှိ ပုံဖာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းလာပေးနိုင်ရန် ခေါ်ယူနေရာ ဇူလိုင်လ (၁၂)ရက်နေ့ တစ်ရက်ထဲတွင် စေတနာဖြင့် လုပ်အားပေးလိုသူ ဒေသခံ (၁၀၀၀)ကျော် နပြေီဖြစ်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ရကြေီး၍ ပိတ်မိနေခဲ့သည့် တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦးတို့အား ကယ်ထုတ်ရေးအတွက် ဂူအတွင်းမှ ရေများ စုပ်ထုတ်ခြင်း၊ ဂူအတွင်း ရေစီးဝင်မည့် လမ်းကြောင်းများအား ရေလမ်းလွှဲခြင်း၊ ပိတ်ဆို့ခြင်း၊ ဂူအတွင်း ရောက်နိုင်မည့် လမ်းကြောင်း ရှာဖွေတူးဖော်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အဆိုပါ ဂူပတ်ဝန်းကျင် အနေအထားကို မူလအတိုင်း ပြန်လည်ပြုပြင်ရေးအတွက် လုပ်အားပေးဆောင်ရွက်လိုသူများကို ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့များတွင် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ပုံဖာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးက ကြေညာထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဂူသို့ လာရောက်လည်ပတ်သူများကို ခေတ္တပိတ်ပင်ထားရှိပြီး စာရင်းပေးထားသည့် လုပ်အားပေးများကိုသာ ပေးဝင်မှာဖြစ်ကြောင်း နှင့် ဂူအား ကမာ္ဘလှည့်ခရီးသွားများအထိ လာရောက် လည်ပတ်နိုင်ရန် အကြီးစားပြင်ဆင်မှုကို (၆)လအကြာအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စ၍ တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးတို့ ဝင်ရောက်သွားရာမှ ဂူအတွင်း ရကြေီးလာမှုများကြောင့် ပြန်မထွက်လာနိုင်တော့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများပြုလုပ်ရာ ဂူအတွင်းမှ လူငယ်များအား ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိတိ ခွဲထုတ်ကယ်ဆယ်ခဲ့ရပြီးနောက် ယခုအခါမှာ လူငယ်(၁၃)ဦးမှာ ချင်းရိုင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိပြီး ကျန်းမာရေး ကောင်းမွန်နေလျှက်ရှိသည်။

Tachileik News Agency
Photo: PR Chiang Rai

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~