မယ္ဆိုင္ဂူအတြင္းမွ ကေလးမ်ား ရက္ပိုင္းအတြင္း ေခၚထုတ္လာႏုိင္မည္ဟု ခန္႔မွန္းထား

မယ္ဆိုင္ဂူအတြင္းမွ ကေလးမ်ား ရက္ပိုင္းအတြင္း ေခၚထုတ္လာႏုိင္မည္ဟု ခန္႔မွန္းထား
ဇူလိုင် 8, 2018
By 🌸
မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားအား ယခုရက္ပိုင္းအတြင္း ကယ္ထုတ္ႏုိင္ဖြယ္ရိွသည္ဟု ခန္႔မွန္းမႈမ်ားရိွေနၿပီး ကေလးမ်ားအား ကၽြမ္းက်င္ေရငုပ္သမားမ်ားအကူအညီျဖင့္ အတူတြဲ၍ ေခၚထုတ္ရန္စီစဥ္ေနေၾကာင္းလည္း ဇူလုိင္လ(၇)ရက္ေန႔တြင္ သတင္းမ်ား ထြက္ေပၚေနသည္ကိုေတြ႔ရသည္။

ယင္းသို႔ သတင္းမ်ားထြက္ေနသည့္ ဇူလိုင္လ(၇)ရက္ေန႔ ညပိုင္းတြင္ မယ္ဆုိင္ဂူကယ္ဆယ္ေရးလုပ္ငန္းဝန္းက်င္တြင္ ယခင္ေန႔မ်ားထက္ လံုၿခံဳေရးစိစစ္မႈတင္းၾကပ္လုိက္ၿပီး သတင္းမီဒီယာမ်ားအတြက္ ကန္႔သတ္ဧရိယာကိုလည္း တိုးျမင့္ကန္႔သတ္လုိက္သည္ကို ေတြ႔ရသည္။

မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားအား ကၽြမ္းက်င္ေရငုပ္သမားမ်ားအကူအညီျဖင့္ အတူတြဲ၍ ေခၚထုတ္မည့္အစီအစဥ္ကို ထုိင္းေတာ္ဝင္ေရတပ္၊ ၿဗိတိန္၊ အေမရိကန္ႏွင့္ အျခားႏုိင္ငံမ်ားမွ ေရငုပ္သမားမ်ားပါဝင္သည့္အဖဲြ႕က ထုိင္းစစ္တပ္ေခါင္းေဆာင္ပိုင္း၊ ျပည္ထဲေရးဝန္ႀကီးဌာန တာဝန္ရိွသူမ်ားႏွင့္ ခရုိင္အုပ္ခ်ဳပ္ေရးတာဝန္ရိွသူမ်ားထံ အဆိုျပဳတင္ျပထားေၾကာင္း အေမရိကန္အစိုးရ၏ ဌာနတြင္းအစီရင္ခံစာကို ကိုးကားၿပီး ေအဘီစီသတင္းဌာနက ေဖၚျပထားသည္ကိုေတြ႔ရသည္။

အဆိုပါနည္းလမ္းမွာ အႏၱရာယ္မကင္းလွေသာ္လည္း ဂူအတြင္း ေအာက္ဆီဂ်င္ေကာင္းစြာရရိွႏုိင္ေသးျခင္း၊ ကေလးမ်ား က်န္းမာေရးအေျခအေန ေကာင္းမြန္ေနျခင္း၊ မၾကာမီ ဂူအနီးဝန္းက်င္ေဒသတြင္ မိုးသည္းထန္စြာရြာသြန္းႏုိင္ေျခရိွေနရာ ဂူအတြင္းေရဝင္ေရာက္မႈမ်ားလာႏုိင္ျခင္းတုိ႔ေၾကာင့္ အဆုိပါ နည္းလမ္းကို တင္ျပထားျခင္းျဖစ္ေၾကာင္း ေဖၚျပထားသည္။

အဆိုပါ အစီအစဥ္အား အတည္ျပဳပါက ယင္းအစီအစဥ္၏ကနဦးလုပ္ေဆာင္ခ်က္အျဖစ္ ဂူအတြင္း လက္ရိွလုပ္ေဆာင္ေနသည့္ ကယ္ထုတ္ရာလမ္းေၾကာင္းတေလွ်ာက္ လိုအပ္မည့္ပစၥည္းကိရိယာမ်ား အဆင္သင့္ျပင္ဆင္ျခင္းမွာ ဇူလုိင္လ(၇)ရက္ေန႔ညေနပိုင္းတြင္ အၿပီးသတ္လုပ္ႏုိင္ဖြယ္ရိွေၾကာင္း သိရသည္။

ယင္းေနာက္ ဒုတိယလုပ္ေဆာင္ခ်က္အျဖစ္ ကေလးတစ္ဦးဆီကို ကၽြမ္းက်င္ေရငုပ္သမားတစ္ဦးဆီႏွင့္ အတူတြဲ၍ ေရငုပ္ထြက္လာရန္ျဖစ္ၿပီး ဇူလိုင္လ(၈)ရက္ေန႔ နံနက္ပိုင္းတြင္ စတင္ႏုိင္ဖြယ္ရိွသည္ဟု ဆိုထားသည္။

မၾကာမီ မိုးရြာသြန္းႏုိင္ေျခရိွေနရာ ကေလးမ်ားအား ဂူအျပင္သို႔ ကယ္ထုတ္ေရးကို စီစဥ္ထားသည္ထက္ ပို၍ျမန္ျမန္ဆန္ဆန္လုပ္ေဆာင္ရန္ လိုအပ္ေနသည္ဟု ကယ္ဆယ္ေရးကိုဦးေဆာင္ႀကီးၾကပ္ေနသည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး နရြန္ဆတ္အိုဆထာနကြန္းက ဇူလုိင္လ(၇)ရက္ေန႔ နံနက္ပိုင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားေသာ္လည္း ကယ္ထုတ္မည့္အခ်ိန္၊ အစီအစဥ္မ်ားႏွင့္ပတ္သက္၍ တိတိက်က်ေျပာၾကားထားျခင္းမရိွသည္ကို ေတြ႔ရသည္။

ခ်င္းရိုင္းခရိုင္၊ မယ္ဆုိင္ၿမိဳ႕ ထမ့္လြမ္ဂူအတြင္း ဇြန္လ(၂၃)ရက္ေန႔က ေတာဝက္ေဘာလံုးအသင္းက ကေလး(၁၂)ဦးႏွင့္နည္းျပတို႔ ဝင္သြားၿပီးေနာက္ မိုးရြာသြန္းကာ ဂူအတြင္းေရျပည့္သြားသျဖင့္ ပိတ္မိေနခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါကေလးမ်ားအား ကယ္ထုတ္ႏုိင္ရန္ ကနဦးတြင္ ေဒသတာဝန္ရိွသူမ်ား၊ ဌာနဆုိင္ရာမ်ား၊ ေရတပ္အဖြဲ႕မ်ားျဖင့္ လုပ္ေဆာင္ခဲ့ေသာ္လည္း ဂူအတြင္းေရျပည့္ေနသျဖင့္ အခက္အခဲျဖစ္လာရာ ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးအျဖစ္သတ္မွတ္လုပ္ေဆာင္လုိက္ၿပီးေနာက္ ႏုိင္ငံတကာမွ ပူးေပါင္းကူညီမႈမ်ားလည္း လုပ္ေဆာင္လာၾကျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေးများ ရက်ပိုင်းအတွင်း ခေါ်ထုတ်လာနိုင်မည်ဟု ခန့်မှန်းထား
****************
မယ်ဆိုင်ဂူအတွင်းမှ ကလေးများအား ယခုရက်ပိုင်းအတွင်း ကယ်ထုတ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းမှုများရှိနေပြီး ကလေးများအား ကျွမ်းကျင်ရေငုပ်သမားများအကူအညီဖြင့် အတူတွဲ၍ ခေါ်ထုတ်ရန်စီစဉ်နေကြောင်းလည်း ဇူလိုင်လ(၇)ရက်နေ့တွင် သတင်းများ ထွက်ပေါ်နေသည်ကိုတွေ့ရသည်။

ယင်းသို့ သတင်းများထွက်နေသည့် ဇူလိုင်လ(၇)ရက်နေ့ ညပိုင်းတွင် မယ်ဆိုင်ဂူကယ်ဆယ်ရေးလုပ်ငန်းဝန်းကျင်တွင် ယခင်နေ့များထက် လုံခြုံရေးစိစစ်မှုတင်းကြပ်လိုက်ပြီး သတင်းမီဒီယာများအတွက် ကန့်သတ်ဧရိယာကိုလည်း တိုးမြင့်ကန့်သတ်လိုက်သည်ကို တွေ့ရသည်။

မယ်ဆိုင်ဂူအတွင်းမှ ကလေးများအား ကျွမ်းကျင်ရေငုပ်သမားများအကူအညီဖြင့် အတူတွဲ၍ ခေါ်ထုတ်မည့်အစီအစဉ်ကို ထိုင်းတော်ဝင်ရေတပ်၊ ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံများမှ ရေငုပ်သမားများပါဝင်သည့်အဖွဲ့က ထိုင်းစစ်တပ်ခေါင်းဆောင်ပိုင်း၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများထံ အဆိုပြုတင်ပြထားကြောင်း အမေရိကန်အစိုးရ၏ ဌာနတွင်းအစီရင်ခံစာကို ကိုးကားပြီး အေဘီစီသတင်းဌာနက ဖေါ်ပြထားသည်ကိုတွေ့ရသည်။

အဆိုပါနည်းလမ်းမှာ အန္တရာယ်မကင်းလှသော်လည်း ဂူအတွင်း အောက်ဆီဂျင်ကောင်းစွာရရှိနိုင်သေးခြင်း၊ ကလေးများ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေခြင်း၊ မကြာမီ ဂူအနီးဝန်းကျင်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ခြေရှိနေရာ ဂူအတွင်းရေဝင်ရောက်မှုများလာနိုင်ခြင်းတို့ကြောင့် အဆိုပါ နည်းလမ်းကို တင်ပြထားခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

အဆိုပါ အစီအစဉ်အား အတည်ပြုပါက ယင်းအစီအစဉ်၏ကနဦးလုပ်ဆောင်ချက်အဖြစ် ဂူအတွင်း လက်ရှိလုပ်ဆောင်နေသည့် ကယ်ထုတ်ရာလမ်းကြောင်းတလျှောက် လိုအပ်မည့်ပစ္စည်းကိရိယာများ အဆင်သင့်ပြင်ဆင်ခြင်းမှာ ဇူလိုင်လ(၇)ရက်နေ့ညနေပိုင်းတွင် အပြီးသတ်လုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယလုပ်ဆောင်ချက်အဖြစ် ကလေးတစ်ဦးဆီကို ကျွမ်းကျင်ရေငုပ်သမားတစ်ဦးဆီနှင့် အတူတွဲ၍ ရေငုပ်ထွက်လာရန်ဖြစ်ပြီး ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် စတင်နိုင်ဖွယ်ရှိသည်ဟု ဆိုထားသည်။

မကြာမီ မိုးရွာသွန်းနိုင်ခြေရှိနေရာ ကလေးများအား ဂူအပြင်သို့ ကယ်ထုတ်ရေးကို စီစဉ်ထားသည်ထက် ပို၍မြန်မြန်ဆန်ဆန်လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ကယ်ဆယ်ရေးကိုဦးဆောင်ကြီးကြပ်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နရွန်ဆတ်အိုဆထာနကွန်းက ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသော်လည်း ကယ်ထုတ်မည့်အချိန်၊ အစီအစဉ်များနှင့်ပတ်သက်၍ တိတိကျကျပြောကြားထားခြင်းမရှိသည်ကို တွေ့ရသည်။

ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ဇွန်လ(၂၃)ရက်နေ့က တောဝက်ဘောလုံးအသင်းက ကလေး(၁၂)ဦးနှင့်နည်းပြတို့ ဝင်သွားပြီးနောက် မိုးရွာသွန်းကာ ဂူအတွင်းရေပြည့်သွားသဖြင့် ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကလေးများအား ကယ်ထုတ်နိုင်ရန် ကနဦးတွင် ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရေတပ်အဖွဲ့များဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဂူအတွင်းရေပြည့်နေသဖြင့် အခက်အခဲဖြစ်လာရာ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးအဖြစ်သတ်မှတ်လုပ်ဆောင်လိုက်ပြီးနောက် နိုင်ငံတကာမှ ပူးပေါင်းကူညီမှုများလည်း လုပ်ဆောင်လာကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~