၁၂ ရက္ေျမာက္ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္ မယ္ဆိုင္ဂူဝန္းက်င္၏ ေန႔လယ္ပိုင္း ျမင္ကြင္းမ်ား

၁၂ ရက္ေျမာက္ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္ မယ္ဆိုင္ဂူဝန္းက်င္၏ ေန႔လယ္ပိုင္း ျမင္ကြင္းမ်ား
ဇူလိုင် 4, 2018
By 🌸
မယ္ဆုိင္ဂူအတြင္း ပိတ္မိေနတဲ့လူငယ္(၁၃)ဦးကို အျပင္ေခၚထုတ္ဖို႔ ႀကိဳးစားေနတဲ့ ဒုတိယေျမာက္ေန႔ ဇူလုိင္လ (၄)ရက္ေန႔ ေန႔လယ္ပိုင္း ျမင္ကြင္းမ်ားျဖစ္ပါတယ္။

ကေလးေတြကို ရွာေဖြေရးစကတည္းက ထုိင္းနဲ႔ ႏုိင္ငံတကာမီဒီယာသမား (၄၀၀)ေလာက္ကလည္း ေစာင့္ဆုိင္းသတင္းယူေနၾကတာျဖစ္ၿပီးေတာ့ ကေလးေတြ ေခၚထုတ္ႏုိင္မယ့္အခ်ိန္ကိုလည္း ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။ မယ္ဆုိင္ဂူထဲ ေရႀကီးၿပီးပိတ္မိေနတဲ့ ေတာဝက္ေဘာလံုးအသင္းက ကေလး(၁၂)ဦးနဲ႔ နည္းျပ(၁)ဦးတို႔ကို ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးသတ္မွတ္ၿပီး ထုိင္းနဲ႔ ႏုိင္ငံေပါင္း (၁၁)ႏုိင္ငံ ပူးေပါင္းကယ္ဆယ္ေရးလုပ္ေနတာျဖစ္ၿပီး ဒီကယ္ဆယ္ေရးလုပ္ငန္းနဲ႔ပတ္သက္လို႔ အလွဴခံျခင္းမရိွသလို အမ်ားျပည္သူေတြအေနနဲ႔ ဒီကိစၥအတြက္ အလွဴခံခြင့္ကို တားျမစ္ထားတာျဖစ္ပါတယ္။

ကယ္ဆယ္ေရးစခန္းဝန္းက်င္မွာေတာ့ ကယ္ဆယ္ေရးသမားေတြ၊ မီဒီယာသမားေတြနဲ႔ ကယ္ဆယ္ေရးနဲ႔ပတ္သက္လုိ႔ေရာက္ရိွေနသူအားလံုးအတြက္ အစားအေသာက္နဲ႔ လုိအပ္တာေတြကို အခမဲ့ရရိွႏုိင္ေအာင္ စီစဥ္ေပးထားတဲ့အျပင္ အဘက္ဘက္ကျပည့္စံုေအာင္ စီစဥ္ေပးထားတာကိုလည္း ေတြ႔ရပါတယ္။

သတင္း #Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
၁၂ ရက်မြောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မယ်ဆိုင်ဂူဝန်းကျင်၏ နေ့လယ်ပိုင်း မြင်ကွင်းများ
�Update: 1:31PM ၊ 4/7/2018�
::::::::::::::::::::::::::::::::::::::::::::

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေတဲ့လူငယ်(၁၃)ဦးကို အပြင်ခေါ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဒုတိယမြောက်နေ့ ဇူလိုင်လ (၄)ရက်နေ့ နေ့လယ်ပိုင်း မြင်ကွင်းများဖြစ်ပါတယ်။

ကလေးတွေကို ရှာဖွေရေးစကတည်းက ထိုင်းနဲ့ နိုင်ငံတကာမီဒီယာသမား (၄၀၀)လောက်ကလည်း စောင့်ဆိုင်းသတင်းယူနေကြတာဖြစ်ပြီးတော့ ကလေးတွေ ခေါ်ထုတ်နိုင်မယ့်အချိန်ကိုလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။

မယ်ဆိုင်ဂူထဲ ရေကြီးပြီးပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းက ကလေး(၁၂)ဦးနဲ့ နည်းပြ(၁)ဦးတို့ကို နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးသတ်မှတ်ပြီး ထိုင်းနဲ့ နိုင်ငံပေါင်း (၁၁)နိုင်ငံ ပူးပေါင်းကယ်ဆယ်ရေးလုပ်နေတာဖြစ်ပြီး ဒီကယ်ဆယ်ရေးလုပ်ငန်းနဲ့ပတ်သက်လို့ အလှူခံခြင်းမရှိသလို အများပြည်သူတွေအနေနဲ့ ဒီကိစ္စအတွက် အလှူခံခွင့်ကို တားမြစ်ထားတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းဝန်းကျင်မှာတော့ ကယ်ဆယ်ရေးသမားတွေ၊ မီဒီယာသမားတွေနဲ့ ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ရောက်ရှိနေသူအားလုံးအတွက် အစားအသောက်နဲ့ လိုအပ်တာတွေကို အခမဲ့ရရှိနိုင်အောင် စီစဉ်ပေးထားတဲ့အပြင် အဘက်ဘက်ကပြည့်စုံအောင် စီစဉ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

သတင်း #Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~