မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားကို အျမန္ဆံုးေခၚထုတ္ရန္ ထုိင္းဘုရင္တုိက္တြန္းလိုက္ၿပီး ေရငုပ္အဖြဲ႕ဝင္မ်ား ေန႔လယ္ပိုင္းတြင္ အင္အားထပ္ျဖည့္ေန

မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားကို အျမန္ဆံုးေခၚထုတ္ရန္ ထုိင္းဘုရင္တုိက္တြန္းလိုက္ၿပီး ေရငုပ္အဖြဲ႕ဝင္မ်ား ေန႔လယ္ပိုင္းတြင္ အင္အားထပ္ျဖည့္ေန
ဇူလိုင် 4, 2018
By 🌸
မယ္ဆုိင္ဂူအတြင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔အား အျမန္ဆံုးေခၚထုတ္ရန္ ထုိင္းဘုရင္ မဟာဗက္ဂ်ီယာေလာင္ကြန္းက တုိက္တြန္းလုိက္ေၾကာင္း ThaiPBS ၏သတင္းေဖၚျပခ်က္အရ သိရသည္။

ဂူအတြင္းပိတ္မိေနၿပီး (၁၀)ရက္အၾကာ ဇူလုိင္လ (၂)ရက္ေန႔တြင္ ျပန္ရွာေတြ႔ရသည့္ ကေလးမ်ားမွာ လက္ရိွအခ်ိန္ထိ ၎တို႔အားေတြ႔ရသည့္ ဂူအတြင္းရိွ ဖတၱယားကမ္းေျခႏွင့္ မီတာ(၄၀၀)အကြာေနရာတြင္ ဆရာဝန္မ်ား၊ ေရတပ္အထူးအဖြဲ႕မ်ားႏွင့္အတူရိွေနဆဲျဖစ္သည္။

ဂူအတြင္းပိုင္း က်ဥ္းေျမာင္းသည့္လမ္းေၾကာင္းတြင္ ေရစီးသန္ေနျခင္းက ကေလးမ်ားအား ေခၚထုတ္ရန္ အဓိကအခက္အခဲျဖစ္ေနၿပီး လူအင္အားႏွင့္ ပစၥည္းမ်ားထပ္ျဖည့္ရန္ လိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အထူးေရတပ္အပါအဝင္ ကယ္ဆယ္ေရးလုပ္ေဆာင္ေနသူမ်ားအားလံုး အေကာင္းဆံုးလုပ္ေဆာင္ႏုိင္မည္ကို ယံုၾကည္သည္ဟု ထိုင္းဘုရင္က မိန္႔ၾကားေၾကာင္း ဒုဝန္ႀကီးခ်ဳပ္က ေျပာၾကားလိုက္ျခင္းျဖစ္ၿပီး ကယ္ဆယ္ေရးလုပ္ေဆာင္ေနသူအားလံုးကိုလည္း ေဘးအႏၱရာယ္မျဖစ္ေစေရး သတိထားေဆာင္ရြက္ၾကရန္ တုိက္တြန္းလုိက္ေၾကာင္း သိရသည္။

ကေလးမ်ားအား ကယ္ထုတ္လာၿပီးပါက ေဆးရံုပို႔ေဆာင္ရန္ လူနာတင္ယာဥ္ႏွင့္ ေဆးအဖြဲ႕မ်ားက အဆင္သင့္ေစာင့္ဆုိင္းေနၾကၿပီး ခ်င္းရိုင္းေဆးရံုတြင္လည္း အထူးကုသခန္းကို အသင့္ျပင္ဆင္ ေစာင့္ဆုိင္းေနေၾကာင္း သိရသည္။

သတင္း -Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေးများကို အမြန်ဆုံးခေါ်ထုတ်ရန် ထိုင်းဘုရင်တိုက်တွန်းလိုက်ပြီး ရေငုပ်အဖွဲ့ဝင်များ နေ့လယ်ပိုင်းတွင် အင်အားထပ်ဖြည့်နေ
******************************
မယ်ဆိုင်ဂူအတွင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့အား အမြန်ဆုံးခေါ်ထုတ်ရန် ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်းက တိုက်တွန်းလိုက်ကြောင်း ThaiPBS ၏သတင်းဖေါ်ပြချက်အရ သိရသည်။

ဂူအတွင်းပိတ်မိနေပြီး (၁၀)ရက်အကြာ ဇူလိုင်လ (၂)ရက်နေ့တွင် ပြန်ရှာတွေ့ရသည့် ကလေးများမှာ လက်ရှိအချိန်ထိ ၎င်းတို့အားတွေ့ရသည့် ဂူအတွင်းရှိ ဖတ္တယားကမ်းခြေနှင့် မီတာ(၄၀၀)အကွာနေရာတွင် ဆရာဝန်များ၊ ရေတပ်အထူးအဖွဲ့များနှင့်အတူရှိနေဆဲဖြစ်သည်။

ဂူအတွင်းပိုင်း ကျဉ်းမြောင်းသည့်လမ်းကြောင်းတွင် ရေစီးသန်နေခြင်းက ကလေးများအား ခေါ်ထုတ်ရန် အဓိကအခက်အခဲဖြစ်နေပြီး လူအင်အားနှင့် ပစ္စည်းများထပ်ဖြည့်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
အထူးရေတပ်အပါအဝင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများအားလုံး အကောင်းဆုံးလုပ်ဆောင်နိုင်မည်ကို ယုံကြည်သည်ဟု ထိုင်းဘုရင်က မိန့်ကြားကြောင်း ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူအားလုံးကိုလည်း ဘေးအန္တရာယ်မဖြစ်စေရေး သတိထားဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

ကလေးများအား ကယ်ထုတ်လာပြီးပါက ဆေးရုံပို့ဆောင်ရန် လူနာတင်ယာဉ်နှင့် ဆေးအဖွဲ့များက အဆင်သင့်စောင့်ဆိုင်းနေကြပြီး ချင်းရိုင်းဆေးရုံတွင်လည်း အထူးကုသခန်းကို အသင့်ပြင်ဆင် စောင့်ဆိုင်းနေကြောင်း သိရသည်။

သတင်း -Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~