ထမ့္လြမ္ဂူအတြင္းက ေရတပ္အထူးအဖြဲ႕ ကေလးမ်ား ျပန္ေခၚထုတ္ႏိုင္ရန္ လမ္းေၾကာင္းစီစဥ္ေန

ထမ့္လြမ္ဂူအတြင္းက ေရတပ္အထူးအဖြဲ႕ ကေလးမ်ား ျပန္ေခၚထုတ္ႏိုင္ရန္ လမ္းေၾကာင္းစီစဥ္ေန
ဇူလိုင် 3, 2018
By 🌸
ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းခရိုင္၊ မယ္ဆုိင္ၿမိဳ႕ ထမ့္လြမ္ဂူအတြင္းရိွ ေရတပ္အထူးအဖြဲ႕က ဇူလုိင္လ (၂)ရက္ေန႔ညတြင္ ဂူအတြင္း ဖတၱယားကမ္းေျခအနီး ကေလးမ်ားကိုျပန္လည္ေတြ႔ရိွၿပီးေနာက္ ေရလႊမ္းေနသည့္ ဂူအတြင္းလမ္းေၾကာင္းမွ အျပင္သို႔ေခၚထုတ္ႏုိင္ရန္ လမ္းေၾကာင္းစီစဥ္ေနၾကၿပီျဖစ္ေၾကာင္း ထုိင္းေရတပ္အဖြဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

၎တို႔အား ေတြ႔ရိွသည့္ေနရာႏွင့္ ဂူေပါက္ဝမွာ (၅)ကီလိုမီတာဝန္းက်င္ရိွၿပီး ေရနစ္ျမဳပ္ေနဆဲျဖစ္သည့္ ေနရာမ်ားလည္းရိွေနျခင္းျဖစ္သည္။

ေရတပ္အထူးအဖြဲ႕သည္ ထုိင္းစံေတာ္ခ်ိန္ ည(၁၀)နာရီဝန္းက်င္တြင္ ကေလးမ်ားအား ရွာေတြ႔ခဲ့ၿပီးေနာက္ အေရးေပၚကုသမႈအတြက္ လုိအပ္သည့္ပစၥည္းမ်ားႏွင့္ ဆရာဝန္အဖြဲ႕အား ပို႔ေဆာင္ထားခဲ့ၿပီး အဆုိပါ ဆရာဝန္အဖြဲ႕သည္ ကေလးမ်ားအား ျပန္လည္ေခၚထုတ္ခ်ိန္အထိ ကေလးမ်ားႏွင့္အတူ ရိွေနမည္ျဖစ္ေၾကာင္း သိရသည္။

ထမ့္လြမ္ဂူအတြင္း ဇြန္လ (၂၃)ရက္ေန႔ကတည္းက ပိတ္မိေနၾကသည့္ ေဘာလံုးအသင္းမွ ေက်ာင္းသား (၁၂)ဦးနဲ႔ နည္းျပ(၁)ဦးတို႔အား ထုိင္းစစ္တပ္ႏွင့္ သက္ဆုိင္ရာအဖြဲ႕မ်ား၊ ႏုိင္ငံတကာကူညီသည့္အဖြဲ႕မ်ား ပူးေပါင္းရွာေဖြမႈ (၁၀)ရက္ေျမာက္ေန႔တြင္ ျပန္လည္ေတြ႔ရိွခဲ့ျခင္းျဖစ္သည္။

သတင္း #Tachileik News Agency
ဓါတ္ပံု #ThainavySEAL

~~~~~~~~⊰❂ unicode ~~~~~~~~
ထမ့်လွမ်ဂူအတွင်းက ရေတပ်အထူးအဖွဲ့ ကလေးများ ပြန်ခေါ်ထုတ်နိုင်ရန် လမ်းကြောင်းစီစဉ်နေ
********
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်းရှိ ရေတပ်အထူးအဖွဲ့က ဇူလိုင်လ (၂)ရက်နေ့ညတွင် ဂူအတွင်း ဖတ္တယားကမ်းခြေအနီး ကလေးများကိုပြန်လည်တွေ့ရှိပြီးနောက် ရေလွှမ်းနေသည့် ဂူအတွင်းလမ်းကြောင်းမှ အပြင်သို့ခေါ်ထုတ်နိုင်ရန် လမ်းကြောင်းစီစဉ်နေကြပြီဖြစ်ကြောင်း ထိုင်းရေတပ်အဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့အား တွေ့ရှိသည့်နေရာနှင့် ဂူပေါက်ဝမှာ (၅)ကီလိုမီတာဝန်းကျင်ရှိပြီး ရေနစ်မြုပ်နေဆဲဖြစ်သည့် နေရာများလည်းရှိနေခြင်းဖြစ်သည်။

ရေတပ်အထူးအဖွဲ့သည် ထိုင်းစံတော်ချိန် ည(၁၀)နာရီဝန်းကျင်တွင် ကလေးများအား ရှာတွေ့ခဲ့ပြီးနောက် အရေးပေါ်ကုသမှုအတွက် လိုအပ်သည့်ပစ္စည်းများနှင့် ဆရာဝန်အဖွဲ့အား ပို့ဆောင်ထားခဲ့ပြီး အဆိုပါ ဆရာဝန်အဖွဲ့သည် ကလေးများအား ပြန်လည်ခေါ်ထုတ်ချိန်အထိ ကလေးများနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ထမ့်လွမ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ပိတ်မိနေကြသည့် ဘောလုံးအသင်းမှ ကျောင်းသား (၁၂)ဦးနဲ့ နည်းပြ(၁)ဦးတို့အား ထိုင်းစစ်တပ်နှင့် သက်ဆိုင်ရာအဖွဲ့များ၊ နိုင်ငံတကာကူညီသည့်အဖွဲ့များ ပူးပေါင်းရှာဖွေမှု (၁၀)ရက်မြောက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း #Tachileik News Agency
ဓါတ်ပုံ #ThainavySEAL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~