မယ်ဆိုင်ဂူ အတွင်းမှ ရေများကြောင့် ပျက်စီးခဲ့ရသည့် လယ်များအတွက် နစ်နာကြေးမယူသည့် လယ်သမားများ၏ သားသမီးများအား Ramkhamhaeng တက္ကသိုလ်တွင် ပြီးဆုံးသည်အထိ အခမဲ့ ပညာသင်ကြားနိုင်ရန် ထိုင်းအစိုးရ စီစဉ်ပေးထား

မယ်ဆိုင်ဂူ အတွင်းမှ ရေများကြောင့် ပျက်စီးခဲ့ရသည့် လယ်များအတွက် နစ်နာကြေးမယူသည့် လယ်သမားများ၏ သားသမီးများအား Ramkhamhaeng တက္ကသိုလ်တွင် ပြီးဆုံးသည်အထိ အခမဲ့ ပညာသင်ကြားနိုင်ရန် ထိုင်းအစိုးရ စီစဉ်ပေးထား
ဇူလိုငျ 14, 2018
By Tachileik News Agency


ပျက်စီးလယ်ယာမြေများ အတွက် ထိုင်းအတိုင်းအတာဖြင့် တစ်ရိုင်(ไร่)လျှင်  ထိုင်းငွေ(၁,၁၁၃)ဘတ်နှုန်းဖြင့် လျော်ကြေးပေးသော်လည်း လယ်ပိုင်ရှင် လယ်သမား (၉)ဦးက အဆိုပါ ကယ်ဆယ်ရေးကို ကူညီသည့် အနေဖြင့် လျော်ကြေး မယူခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းရှိ Ramkhamhaeng တက္ကသိုလ်တို့တွင် တက်ရောက် နေဆဲနှင့် တက်ရောက်မည့် ၎င်းတို့၏ သားသမီးများအား ကျောင်းဝင်ကြေး အခမဲ့အဖြစ် ပြီးဆုံးသည် အထိ သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ထမ့်လွမ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ၀င်ရောက်သွားသည့် လူငယ်(၁၃)ဦးသည် မိုးရွာသွန်းမှုကြောင့် ဂူအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည် ထွက်လာနိုင်ခြင်းမရှိဘဲ ပိတ်မိနေရာက ၎င်းတို့အား နိုင်ငံတကာ၏ အကူအညီဖြင့် ရှာဖွေ ကယ်ဆယ်ရေး အား ရက်ပေါင်း(၁၈)ရက် ၀န်းကျင်အကြာ ဆောင်ရွက်ခဲ့ရာတွင် ဂူအတွင်းမှ ရေလီတာသန်းပေါင်းများစွာ စုပ်ထုတ်ခဲ့ရခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်းမှ ရေများစုပ်ထုတ်၍ ရေနစ်မြုပ် ပျက်စီး သွားသည့် အနီးဝန်းကျင်မှ လယ်မြေများတွင် ပြန်လည် စိုက်ပျိုးနိုင်သည် အထိ အစိုးရက ကူညီ ပေးသွားမည်ဖြစ်ပြီး နစ်နာကြေးမယူသည့် အဆိုပါ လယ်ပိုင်ရှင်များ၏ သားသမီးများကိုပါ တက္ကသိုလ်တွင် အခမဲ့ ပညာသင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာက ပြောကြား လိုက်ကြောင်း သိရသည်။

ပျက်စီးလယ်ယာမြေများ အတွက် ထိုင်းအတိုင်းအတာဖြင့် တစ်ရိုင်(ไร่)လျှင် ထိုင်းငွေ(၁,၁၁၃)ဘတ်နှုန်းဖြင့် လျော်ကြေးပေးသော်လည်း လယ်ပိုင်ရှင် လယ်သမား (၉)ဦးက အဆိုပါ ကယ်ဆယ်ရေးကို ကူညီသည့် အနဖြေင့် လျော်ကြေး မယူခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းရှိ Ramkhamhaeng တက္ကသိုလ်တို့တွင် တက်ရောက် နေဆဲနှင့် တက်ရောက်မည့်၎င်းတို့၏ သားသမီးများအား ကျောင်းဝင်ကြေး အခမဲ့အဖြစ် ပြီးဆုံးသည် အထိ သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ထမ့်လွမ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက်သွားသည့် လူငယ်(၁၃)ဦးသည် မိုးရွာသွန်းမှုကြောင့် ဂူအတွင်း ရေများဝင်ရောက်ကာ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည် ထွက်လာနိုင်ခြင်းမရှိဘဲ ပိတ်မိနေရာက၎င်းတို့အား နိုင်ငံတကာ၏ အကူအညီဖြင့် ရှာဖွေ ကယ်ဆယ်ရေး အား ရက်ပေါင်း(၁၈)ရက် ဝန်းကျင်အကြာ ဆောင်ရွက်ခဲ့ရာတွင် ဂူအတွင်းမှ ရေလီတာသန်းပေါင်းများစွာ စုပ်ထုတ်ခဲ့ရခြင်းဖြစ်သည်။

ဂူအတွင်းမှ ရေစုပ်ထုတ်လိုက်သည့် ရေစီးကြောင်းတစ်လျှောက် ပျက်စီးလယ်မြေများအတွက် မျိုးစေ့နှင့် စိုက်ပျိုးရေး သွင်းအားစုတို့ကို ပံ့ပိုးပေးရန်နှင့် ပျက်စီးသွားသည့် လယ်ယာသုံး စက်ပစ္စည်းများပြုပြင်ပေးရန် အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~