ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး အပါအဝင် ရဲအရာရှိ (၅)ဦးကို ရာထူးနေရာများ အစားထိုးပြောင်းလဲ ခန့်အပ်

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး အပါအဝင် ရဲအရာရှိ (၅)ဦးကို ရာထူးနေရာများ အစားထိုးပြောင်းလဲ ခန့်အပ်
ဇူလိုငျ 31, 2018
By Tachileik News Agency


၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာချက် (၃)ခု ထုတ်ပြန်လိုက်ရာ အမိန့်ကြေငြာချက် ၉၆၁/၂၀၁၈ ဖြင့် လက်ရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ကို မူးယစ်ရဲတပ်ဖွဲ့မှူး ရာထူးသို့ လည်းကောင်း၊ လေ့ကျင့်ရေးကျောင်း ယာယီရဲမှူးချုပ် မျိုးမင်းထိုက်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ အမိန့်ကြေငြာချက် ၉၆၃/၂၀၁ဂဖြင့် လက်ရှိ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်ကို ရဲအရာရှိ အတတ်သင်ကျောင်း ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ မှုခင်းဌာန၊ ရဲဦးစီးဌာနကြီးညွှန်ကြားရေးမှူး ရဲမှူးကြီးရွှေသောင်းကို ဧရာဝတီတိုင်း ဒေသကြီး၏ ရဲတပ်ဖွဲ့မှူး အဖြစ် လည်းကောင်း၊ အမိန့်ကြေငြာချက်အမှတ် ၉၆၂/၂၀၁ဂ ဖြင့် ရဲအရာရှိ အတတ်သင်ကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးလူလူသန်းကို ရဲမှူးချုပ် အဖြစ်ရာထူးတိုးကာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း အသီးသီးပြောင်းရွှေ့ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။


ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး ရဲရာထူးအဆင့်အတန်း ရာထူးတိုးပြီးနောက် ပထမဆုံးအကြိမ် ရဲအရာရှိများအား အစားထိုးပြောင်းလဲ ခန့်အပ်ခြင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း လုပ်ဆောင်ခဲ့ရာ  အမြန်လမ်းရဲတပ်ဖွဲ့မှူးနေရာသို့ အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ဒုတိယကွပ်ကဲရေးမှူးအား လည်းကောင်း၊ လက်ရှိ အမြန်လမ်း ရဲတပ်ဖွဲ့မှူးကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ်သို့ လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေ ဒုတိယရဲတပ်ဖွဲ့မှူးကို သစ်တောရဲတပ်ဖွဲ့မှူး အဖြစ်သို့ လည်းကောင်း၊ ချင်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးကို အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူး အဖြစ်သို့ လည်းကောင်း၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးကို အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူး အဖြစ်သို့လည်းကောင်း၊ အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ဒုတိယကွပ်ကဲရေးမှူး နေရာ၌ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူးကိုလည်းကောင်း အသီးသီးအစားထိုး ပြောင်းလဲ ခန့်အပ်ခဲ့ပြီးဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရဲမှူးချုပ်၊ မူးယစ်ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲအရာရှိ အတတ်သင်ကျောင်း ကျောင်းအုပ်ကြီးနေရာများတွင် ရဲအရာရှိ (၅)ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့ ရက်စွဲဖြင့် ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြငြောချက် (၃)ခု ထုတ်ပြန်လိုက်ရာ အမိန့်ကြငြောချက် ၉၆၁/၂၀၁၈ ဖြင့် လက်ရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ကို မူးယစ်ရဲတပ်ဖွဲ့မှူး ရာထူးသို့ လည်းကောင်း၊ လေ့ကျင့်ရေးကျောင်း ယာယီရဲမှူးချုပ် မျိုးမင်းထိုက်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ အမိန့်ကြငြောချက် ၉၆၃/၂၀၁ဂဖြင့် လက်ရှိ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်ကို ရဲအရာရှိ အတတ်သင်ကျောင်း ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ မှုခင်းဌာန၊ ရဲဦးစီးဌာနကြီးညွှန်ကြားရေးမှူး ရဲမှူးကြီးရွှေသောင်းကို ဧရာဝတီတိုင်း ဒေသကြီး၏ ရဲတပ်ဖွဲ့မှူး အဖြစ် လည်းကောင်း၊ အမိန့်ကြငြောချက်အမှတ် ၉၆၂/၂၀၁ဂ ဖြင့် ရဲအရာရှိ အတတ်သင်ကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးလူလူသန်းကို ရဲမှူးချုပ် အဖြစ်ရာထူးတိုးကာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း အသီးသီးပြောင်းရွှေ့ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့တွင် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်းနှင့် ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်အောင်နိုင်သူတို့ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် ရဲရာထူး အဆင့်အတန်း ရာထူးတိုးပြီးနောက် ဒုတိယမြောက်အဖြစ် ရဲအရာရှိ ရာထူးများ အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး ရဲရာထူးအဆင့်အတန်း ရာထူးတိုးပြီးနောက် ပထမဆုံးအကြိမ် ရဲအရာရှိများအား အစားထိုးပြောင်းလဲ ခန့်အပ်ခြင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း လုပ်ဆောင်ခဲ့ရာ အမြန်လမ်းရဲတပ်ဖွဲ့မှူးနေရာသို့ အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ဒုတိယကွပ်ကဲရေးမှူးအား လည်းကောင်း၊ လက်ရှိ အမြန်လမ်း ရဲတပ်ဖွဲ့မှူးကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ်သို့ လည်းကောင်း၊ နပြေည်တော် ကောင်စီနယ်မြေ ဒုတိယရဲတပ်ဖွဲ့မှူးကို သစ်တောရဲတပ်ဖွဲ့မှူး အဖြစ်သို့ လည်းကောင်း၊ ချင်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးကို အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူး အဖြစ်သို့ လည်းကောင်း၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးကို အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူး အဖြစ်သို့လည်းကောင်း၊ အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ဒုတိယကွပ်ကဲရေးမှူး နေရာ၌ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယကွပ်ကဲရေးမှူးကိုလည်းကောင်း အသီးသီးအစားထိုး ပြောင်းလဲ ခန့်အပ်ခဲ့ပြီးဖြစ်သည်။

Tachileik News Agency
Photo: EPA/NYEIN CHAN NAING

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~