ဆက္သြယ္ေရးရံုးကို ေလးခြျဖင့္ ပစ္ေနသူအား လာေရာက္တားျမစ္သည့္ ၀န္ထမ္း(၂)ဦး ဓါးျဖင့္ ထိုးခံရ

ဆက္သြယ္ေရးရံုးကို ေလးခြျဖင့္ ပစ္ေနသူအား လာေရာက္တားျမစ္သည့္ ၀န္ထမ္း(၂)ဦး ဓါးျဖင့္ ထိုးခံရ
ဇူလိုင် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕တြင္ ဆက္သြယ္ေရးအိတ္ခ်ိန္းရံုးကို ေလးခြျဖင့္ ပစ္ခတ္ေနသူအား တားျမစ္သည့္ ဆက္သြယ္ေရးဝန္ထမ္း(၂)ဦး ဓါးျဖင့္ အထိုးခံရၿပီး (၁)ဦးမွာ ဒဏ္ရာျပင္းထန္သျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕၊ မယ္ဆြမ္ေျမာက္ရပ္ကြက္ရိွ ဆက္သြယ္ေရးအိတ္ခ်ိန္းရံုးတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၀)ရက္ေန႔ ည(၇)နာရီဝန္းက်င္က ရံုးေရွ႕မွ အမ်ဳိးသားတစ္ဦး ေလးခြျဖင့္ ပစ္ေနသျဖင့္ ဆက္သြယ္ေရး ဝန္ထမ္းမ်ားျဖစ္သည့္ ဦးေဇာ္မင္းထြန္းႏွင့္ ဦးေက်ာ္စြာဝင္းတို႔က တားဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တားျမစ္သည့္ ဝန္ထမ္း(၂)ဦးအား ရံုးကို ေလးခြျဖင့္ ပစ္ေနသည့္ ေစာမင္းႏုိင္ဆိုသူက ျပန္လည္ ခုခံလံုးေထြးၿပီး လြယ္အိတ္အတြင္းမွ ပါလာသည့္ ဓါးျဖင့္ထုတ္၍ ထုိးခဲ့သျဖင့္ ဦးေဇာ္မင္းထြန္းတြင္ လက္ေမာင္းႏွစ္ဖက္၊ ရင္အံု၊ ဝမ္းဗိုက္တို႔၌ ဓါးဒဏ္ရာ (၁)ခ်က္စီႏွင့္ ဦးေက်ာ္စြာဝင္းတြင္ လက္ဖ်ံ၊ ရင္အံု၊ လက္ေမာင္းတို႔တြင္ ဓါးဒဏ္ရာ (၁)ခ်က္စီ ရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသြားသည့္ ဝန္ထမ္း(၂)ဦးကို မိုင္းဆတ္ျပည္သူ႔ေဆးရံုတြင္ ပို႔ေဆာင္ကုသေပးေနရာမွ ဒဏ္ရာ ျပင္းထန္သည့္ ဦးေဇာ္မင္းထြန္းကို တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးျဖင့္ထိုးသည့္ ေစာမင္းႏုိင္(ခ)ညီညီထြန္းအား မုိင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၆/၃၂၆/၃၂၄/၃၃၃ တို႔ျဖင့္ ဇူလုိင္လ(၃၀)ရက္ေန႔က အမႈဖြင့္ ဖမ္းဆီး စစ္ေဆးေနရာမွ ျပည္သူ႔ဝန္ထမ္း အလုပ္ဝတၱရားေဆာင္ရြက္ေနစဥ္ အျပင္းအထန္ ဒဏ္ရာရရိွေအာင္ ျပဳလုပ္ျခင္း၊ ဆက္သြယ္ေရးရံုးအား ေလးခြျဖင့္ ပစ္ခတ္ျခင္းတို႔ေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၃၃၆/၃၃၃ ျဖင့္ ဇူလုိင္လ(၃၁)ရက္ေန႔တြင္ ပုဒ္မေျပာင္းလဲကာ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -  ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဆက်သွယ်ရေးအိတ်ချိန်းရုံးကို လေးခွဖြင့် ပစ်ခတ်နေသူအား တားမြစ်သည့် ဆက်သွယ်ရေးဝန်ထမ်း(၂)ဦး ဓားဖြင့် အထိုးခံရပြီး (၁)ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ဆက်သွယ်ရေးအိတ်ချိန်းရုံးတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့ ည(၇)နာရီဝန်းကျင်က ရုံးရှေ့မှ အမျိုးသားတစ်ဦး လေးခွဖြင့် ပစ်နေသဖြင့် ဆက်သွယ်ရေး ဝန်ထမ်းများဖြစ်သည့် ဦးဇော်မင်းထွန်းနှင့် ဦးကျော်စွာဝင်းတို့က တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တားမြစ်သည့် ဝန်ထမ်း(၂)ဦးအား ရုံးကို လေးခွဖြင့် ပစ်နေသည့် စောမင်းနိုင်ဆိုသူက ပြန်လည် ခုခံလုံးထွေးပြီး လွယ်အိတ်အတွင်းမှ ပါလာသည့် ဓားဖြင့်ထုတ်၍ ထိုးခဲ့သဖြင့် ဦးဇော်မင်းထွန်းတွင် လက်မောင်းနှစ်ဖက်၊ ရင်အုံ၊ ဝမ်းဗိုက်တို့၌ ဓားဒဏ်ရာ (၁)ချက်စီနှင့် ဦးကျော်စွာဝင်းတွင် လက်ဖျံ၊ ရင်အုံ၊ လက်မောင်းတို့တွင် ဓားဒဏ်ရာ (၁)ချက်စီ ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် ဝန်ထမ်း(၂)ဦးကို မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ကုသပေးနေရာမှ ဒဏ်ရာ ပြင်းထန်သည့် ဦးဇော်မင်းထွန်းကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ထိုးသည့် စောမင်းနိုင်(ခ)ညီညီထွန်းအား မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၆/၃၂၆/၃၂၄/၃၃၃ တို့ဖြင့် ဇူလိုင်လ(၃၀)ရက်နေ့က အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေရာမှ ပြည်သူ့ဝန်ထမ်း အလုပ်ဝတ္တရားဆောင်ရွက်နေစဉ် အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း၊ ဆက်သွယ်ရေးရုံးအား လေးခွဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၃၆/၃၃၃ ဖြင့် ဇူလိုင်လ(၃၁)ရက်နေ့တွင် ပုဒ်မပြောင်းလဲကာ အမှုဖွင့်လိုက်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~