မြန္ျပည္နယ္တြင္း ေရႀကီးေရလွ်ံမႈေၾကာင့္ ယာယီပိတ္ထားသည့္ အေဝးေျပးလမ္း(၂)ခု ျပန္ဖြင့္ထားၿပီး ပိတ္မိယာဥ္မ်ား ရွင္းလင္းထားႏုိင္ၿပီ

မြန္ျပည္နယ္တြင္း ေရႀကီးေရလွ်ံမႈေၾကာင့္ ယာယီပိတ္ထားသည့္ အေဝးေျပးလမ္း(၂)ခု ျပန္ဖြင့္ထားၿပီး ပိတ္မိယာဥ္မ်ား ရွင္းလင္းထားႏုိင္ၿပီ
ဇူလိုင် 31, 2018
By Tachileik News Agency

မြန္ျပည္နယ္အတြင္း ေရႀကီးေရလွ်ံျခင္းေၾကာင့္ ဇူလုိင္လ(၂၆)ရက္ေန႔ ကတည္းက ယာယီပိတ္ထားသည့္ အေဝးေျပး လမ္းမ်ားကို ဇူလုိင္လ(၃၀)ရက္ေန႔ ညေနပိုင္းမွစ၍ ျပန္လည္ အသံုးျပဳခြင့္ေပးလုိက္ၿပီး ဇူလုိင္လ (၃၁)ရက္ေန႔တြင္ ပိတ္မိေနသည့္ ယာဥ္မ်ား ရွင္းလင္းထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

ဘုရားႀကီး - ေမာ္လၿမိဳင္ - ထားဝယ္ - ေကာ့ေသာင္းအေဝးေျပးလမ္းမႀကီးႏွင့္ ရန္ကုန္ - ေမာ္လၿမိဳင္ ကားလမ္းတို႔ကို ဇူလိုင္လ(၃၀)ရက္ေန႔  ညေနမွစ၍ အသံုးျပဳခြင့္ေပးလုိက္ျခင္းျဖစ္သည္။

"ဘီးလင္းလမ္းပိုင္းကေတာ့ ရွင္းသြားၿပီခင္ဗ်။ မေန႔ညေန ကတည္းက ကားေတြသြားခြင့္ျပဳထားတာ။ ေရေဘး ကယ္ဆယ္ေရးစခန္းေတြကေတာ့  ေထာက္ပံ့ေပးေနရဆဲပါ"ဟု ဘီးလင္းၿမိဳ႕နယ္ ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ဝင္းႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘုရားႀကီး - ေမာ္လၿမိဳင္ - ထားဝယ္ - ေကာ့ေသာင္းအေဝးေျပးလမ္းမႀကီးကို ဇူလုိင္လ(၃၀)ရက္ေန႔ ညေန (၂)နာရီခြဲတြင္ သထံုၿမိဳ႕နယ္ဘက္မွလည္းေကာင္း၊ ညေန(၄)နာရီအခ်ိန္တြင္ က်ိဳက္ထိုၿမိဳ႕နယ္ဘက္မွ လည္းေကာင္း ျပန္လည္ဖြင့္ေပးခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္ - ေမာ္လၿမိဳင္အေဝးေျပးလမ္းကို ဇူလုိင္လ(၃၀)ရက္ေန႔ ညေန(၂)နာရီခြဲအခ်ိန္တြင္ သထံုၿမိဳ႕နယ္၊ ဘီးလင္းၿမိဳ႕အပိုင္းဘက္မွ စတင္ဖြင့္လွစ္ေပးလုိက္ရာ ေမာ္ေတာ္ယာဥ္အစီးေရမ်ားစြာ ျဖတ္သန္း သြားလာခဲ့ၿပီး လမ္းေရေက်ာ္မႈ အနည္းငယ္ က်န္႐ွိေနသည့္ မိုင္တိုင္အမွတ္ (၁၂၉ / ၀) မွ (၁၂၉ / ၄) ေနရာမ်ားတြင္ သက္ဆိုင္ရာဌာနမ်ားမွ ဝန္ထမ္းမ်ားက ေရလမ္းေၾကာင္းျပသျခင္းအား  ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၃၀) ရက္ေန႔ ည (၁၀) နာရီအခ်ိန္ထိလည္းေကာင္း ဇူလိုင္လ (၃၁)ရက္ေန႔တြင္ နံနက္(၆)နာရီမွ လည္းေကာင္း ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ဘီးလင္းၿမိဳ႕တြင္ ဘီးလင္းျမစ္ေရမွာ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ စိုးရိမ္ ေရမွတ္ေအာက္ က်လာၿပီျဖစ္ၿပီး ေရေဘးကယ္ဆယ္ေရးစခန္းမ်ားကို ေထာက္ပံ့မႈမ်ား ဆက္လက္ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

ဘီးလင္းၿမိဳ႕နယ္ အတြင္း ေရႀကီးေရလွ်ံသည့္အခ်ိန္မွစ၍ လွ်ပ္စစ္ဓါတ္အား ျဖတ္ေတာက္ထားရာ လက္ရိွအခ်ိန္တြင္ ေရက် သြားၿပီျဖစ္ေသာ္လည္း ၃၃ ေကဗီ ဘီးလင္းဓါတ္အားလိုင္းမွာ ေရႏွင့္ ထိစပ္ေနေၾကာင္း စစ္ေဆးေတြ႔ရွိရသျဖင့္ လတ္တေလာ လွ်ပ္စစ္ဓါတ္အား ပို႔လႊတ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

ဘီးလင္းၿမိဳ႕နယ္အတြင္းမွ ေရေဘးေရွာင္စခန္းမ်ားႏွင့္ စခန္းျပင္ပမွ ေရေဘးေရွာင္မ်ားအား ေရေဘးကြပ္ကဲေရးရံုးက စားနပ္ရိကၡာႏွင့္ လုိအပ္သည္မ်ား ပံ့ပိုးေပးေနၿပီး အနီးဝန္းက်င္ ေရေဘးလြတ္သည့္ ေဒသမ်ားမွလည္း လာေရာက္ကူညီမႈမ်ားရိွေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မြန္ျပည္နယ္ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်အတွင်း ရကြေီးရေလျှံခြင်းကြောင့် ဇူလိုင်လ(၂၆)ရက်နေ့ ကတည်းက ယာယီပိတ်ထားသည့် အဝေးပြေး လမ်းများကို ဇူလိုင်လ(၃၀)ရက်နေ့ ညနေပိုင်းမှစ၍ ပြန်လည် အသုံးပြုခွင့်ပေးလိုက်ပြီး ဇူလိုင်လ (၃၁)ရက်နေ့တွင် ပိတ်မိနေသည့် ယာဉ်များ ရှင်းလင်းထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်းအဝေးပြေးလမ်းမကြီးနှင့် ရန်ကုန် - မော်လမြိုင် ကားလမ်းတို့ကို ဇူလိုင်လ(၃၀)ရက်နေ့ ညနေမှစ၍ အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။

"ဘီးလင်းလမ်းပိုင်းကတော့ ရှင်းသွားပြီခင်ဗျ။ မနေ့ညနေ ကတည်းက ကားတွေသွားခွင့်ပြုထားတာ။ ရေဘေး ကယ်ဆယ်ရေးစခန်းတွေကတော့ ထောက်ပံ့ပေးနေရဆဲပါ"ဟု ဘီးလင်းမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်းအဝေးပြေးလမ်းမကြီးကို ဇူလိုင်လ(၃၀)ရက်နေ့ ညနေ (၂)နာရီခွဲတွင် သထုံမြို့နယ်ဘက်မှလည်းကောင်း၊ ညနေ(၄)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ လည်းကောင်း ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းကို ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၂)နာရီခွဲအချိန်တွင် သထုံမြို့နယ်၊ ဘီးလင်းမြို့အပိုင်းဘက်မှ စတင်ဖွင့်လှစ်ပေးလိုက်ရာ မော်တော်ယာဉ်အစီးရေများစွာ ဖြတ်သန်း သွားလာခဲ့ပြီး လမ်းရေကျော်မှု အနည်းငယ် ကျန်ရှိနေသည့် မိုင်တိုင်အမှတ် (၁၂၉ / ဝ) မှ (၁၂၉ / ၄) နေရာများတွင် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ရေလမ်းကြောင်းပြသခြင်းအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့ ည (၁၀) နာရီအချိန်ထိလည်းကောင်း ဇူလိုင်လ (၃၁)ရက်နေ့တွင် နံနက်(၆)နာရီမှ လည်းကောင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် စိုးရိမ် ရေမှတ်အောက် ကျလာပြီဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများကို ထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဘီးလင်းမြို့နယ် အတွင်း ရကြေီးရေလျှံသည့်အချိန်မှစ၍ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားရာ လက်ရှိအချိန်တွင် ရေကျ သွားပြီဖြစ်သော်လည်း ၃၃ ကေဗီ ဘီးလင်းဓာတ်အားလိုင်းမှာ ရေနှင့် ထိစပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လတ်တလော လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းမှ ရေဘေးရှောင်စခန်းများနှင့် စခန်းပြင်ပမှ ရေဘေးရှောင်များအား ရေဘေးကွပ်ကဲရေးရုံးက စားနပ်ရိက္ခါနှင့် လိုအပ်သည်များ ပံ့ပိုးပေးနပြေီး အနီးဝန်းကျင် ရေဘေးလွတ်သည့် ဒေသများမှလည်း လာရောက်ကူညီမှုများရှိနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မွန်ပြည်နယ်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~