ရွှေတြိဂံဒေသ မဲခေါင်မြစ်ရေ (၂)ရက် အတွင်း (၆)ပေ ပန်းကျင်တက်လာ၍ မယ်ဆိုင်ချောင်း နှင့် မယ်ဟုတ်ချောင်းတို့ ရေများလာပါက ရေလျှံနိုင်

ရွှေတြိဂံဒေသ မဲခေါင်မြစ်ရေ (၂)ရက် အတွင်း (၆)ပေ ပန်းကျင်တက်လာ၍ မယ်ဆိုင်ချောင်း နှင့် မယ်ဟုတ်ချောင်းတို့ ရေများလာပါက ရေလျှံနိုင်
ဇူလိုင် 29, 2018
By Tachileik News Agency

 မြန်မာ - လာအို - ထိုင်းနယ်စပ်ဒေသ (၃)ခုဆုံရာ ရွှေတြိဂံဒေသရှိ မဲခေါင်မြစ်ရေ၏ ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့အထိ ရေတက်လာမှုမှာ နှစ်ရက်အတွင်း (၆)ပေ ၀န်းကျင်ရှိကြောင်း သိရသည်။


မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ပုံမှန်အထက် (၁၆)ပေ ရှိသည့်အတွက် ရေများ ကျမသွားဘဲ ဆက်လက်တက်လာပါက မယ်ဟုတ်ချောင်း နှင့် မယ်ဆိုင်ချောင်းအတွင်းတို့မှ ရေများမှာ မြစ်ရေကို မတိုးနိုင်ပဲ တောင့်ခံနေနိုင်သဖြင့် ချောင်းအနီး ၀န်းကျင်များသို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။


Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

 မြန်မာ - လာအို - ထိုင်းနယ်စပ်ဒေသ (၃)ခုဆုံရာ ရွှတြေိဂံဒေသရှိ မဲခေါင်မြစ်ရေ၏ ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့အထိ ရေတက်လာမှုမှာ နှစ်ရက်အတွင်း (၆)ပေ ဝန်းကျင်ရှိကြောင်း သိရသည်။

မဲခေါင်မြစ်ရေ၏ အခြေအနေမှာ ယနေ့ ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၄)နာရီအချိန် တိုင်းထွာချက် အရ ပုံမှန်အထက် (၁၁)ပေ ရှိနေကြောင်း နှင့် ဇူလိုင်လ(၂၈)ရက်နေ့က ပုံမှန်အထက် (၈.၅)ပေရှိခဲ့ကြောင်း သိရသည်။

မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ပုံမှန်အထက် (၁၆)ပေ ရှိသည့်အတွက် ရေများ ကျမသွားဘဲ ဆက်လက်တက်လာပါက မယ်ဟုတ်ချောင်း နှင့် မယ်ဆိုင်ချောင်းအတွင်းတို့မှ ရေများမှာ မြစ်ရေကို မတိုးနိုင်ပဲ တောင့်ခံနေနိုင်သဖြင့် ချောင်းအနီး ဝန်းကျင်များသို့ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

မယ်ဟုတ်ချောင်း နှင့် မယ်ဆိုင်ချောင်းရေတို့မှာ တောင်ကျရေကြောင့် ရေများလာပါက မြစ်ရေ၏ လက်ရှိ အခြေအနေအရ တိုးဝင်စီးဆင်းနိုင်မည် မဟုတ်သည့်အတွက် တာချီလိတ်မြို့တွင်းသို့ ရေလျှံနိုင်ဖွယ်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~