လောင်းကစားဂိမ်းခုံဖွင့်ထားသည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဂိမ်းခုံ ၅၁ လုံးနှင့် ပိုင်ရှင်အမျိုးသမီးအား ဖမ်းမိပြီး အမျိုးသား ထွက်ပြေးနေ

လောင်းကစားဂိမ်းခုံဖွင့်ထားသည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဂိမ်းခုံ ၅၁ လုံးနှင့် ပိုင်ရှင်အမျိုးသမီးအား ဖမ်းမိပြီး အမျိုးသား ထွက်ပြေးနေ
ဇူလိုင် 3, 2018
By Tachileik News Agency

လောင်းကစားဂိမ်းခုံ (၅၁)လုံး ဖွင့်လှစ်ထားသည့် နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ဆိုင်ပိုင်ရှင် အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ၎င်း၏ အမျိုးသမီးနှင့် ဂိမ်းစက်များအား ဖမ်းဆီးရမိထားကာ လောင်းကစား ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။


ဖမ်းဆီးရမိထားသည် ၀ါဝါရှိန် နှင့် ထွက်ပြေးလွတ်မြောက်နေသူ ချိုတူး တို့အား မြဝတီမြို့မရဲစခန်းတွင် (ပ)၅၈၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၄(က) ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ချိုတူးအား ဖမ်းဆီး ရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

လောင်းကစားဂိမ်းခုံ (၅၁)လုံး ဖွင့်လှစ်ထားသည့် နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ဆိုင်ပိုင်ရှင် အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့်၎င်း၏ အမျိုးသမီးနှင့် ဂိမ်းစက်များအား ဖမ်းဆီးရမိထားကာ လောင်းကစား ဥပဒဖြေင့် အရေးယူထားကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဂိမ်းခုံဖွင့်ထားသည့် နေအိမ်အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က သတင်းအရ ခရိုင်ရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့က ဝင်ရောက်ရှာဖွေရာ ဂိမ်းဆိုင် ဖွင့်ထားသူ ချိုတူးမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး၎င်း၏ ဇနီးဖြစ်သူ ဝါဝါရှိန်ကို ဖမ်းဆီးရမိကာ ငါးခုံ ဂိမ်းစက် (၆) လုံး၊ အကြွေစေ့ထည့် ပန်းသီးဂိမ်းစက် အကြီး (၄၅) လုံး၊ မီးစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည် ဝါဝါရှိန် နှင့် ထွက်ပြေးလွတ်မြောက်နေသူ ချိုတူး တို့အား မြဝတီမြို့မရဲစခန်းတွင် (ပ)၅၈၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၄(က) ဖြင့် အမှုဖွင့်စစ်ဆေးနပြေီး ချိုတူးအား ဖမ်းဆီး ရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~