တာချီလိတ်မြို့ မင်းဓမ္မတောင် အေးငြိမ်းချမ်းသာ ဘုန်ကြီးကျောင်းတွင် မိုးရွာ၍ မြပြေိုမှုကြောင့် စုပေါင်းကာ ကူညီဆောင်ရွက်ပေးနေ
တာချီလိတ်မြို့ မင်းဓမ္မတောင် အေးငြိမ်းချမ်းသာ ဘုန်ကြီးကျောင်းတွင် မိုးရွာ၍ မြပြေိုမှုကြောင့် စုပေါင်းကာ ကူညီဆောင်ရွက်ပေးနေ
ဇူလိုင် 29, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု မြို့ရှောင်လမ်း မင်းဓမ္မတောင်ရှိ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် မိုးများ၍ မြေပြိုကျမှုဖြစ်ပွားသဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့က လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ မြေထိန်းပြုလုပ်ပေးနေကြောင်း သိရသည်။
တောင်စောင်းတွင် ပေ (၂၀)ခန့် ပြိုကျသွားခြင်းဖြစ်ပြီး မျောတိုင်များ၊ သဲအိတ်များဖြင့် မြေပြိုကျခြင်းအား ထိန်းနိုင်ရန် လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး အဆောက်အဦကြံ့ခိုင်မှုမှာ စိုးရိမ်ဖွယ် မရှိသေးကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံမှ သိရသည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများ   မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊  မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်းနှင့်  ရွှေတာချီလူမှုကူညီရေးအသင်းတို့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု မြို့ရှောင်လမ်း မင်းဓမ္မတောင်ရှိ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် မိုးများ၍ မြပြေိုကျမှုဖြစ်ပွားသဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့က လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ မြေထိန်းပြုလုပ်ပေးနေကြောင်း သိရသည်။
“တစ်ထပ်ကျောင်းဆောင်က တိုင်အောက်ခြေထိ မြပြေိုပဲ့ပါသွားတယ်။ အဲဒီပြိုကျသွားတဲ့နေရာမှာ မျောတိုင်စိုက်ပြီး သဲအိတ်တွေကာပေးဖို့ လုပ်နေတယ်။ ဒီမှာက ကျောင်းဆောင်အသေးလေးရှိတော့ အဲဒီဘက်ကို ဆရာတော်တွေတော့ ရွှေ့ပြောင်းနေတယ်”ဟု မြပြေိုသည့်နေရာတွင် ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်စောင်းတွင် ပေ (၂၀)ခန့် ပြိုကျသွားခြင်းဖြစ်ပြီး မျောတိုင်များ၊ သဲအိတ်များဖြင့် မြပြေိုကျခြင်းအား ထိန်းနိုင်ရန် လုပ်ဆောင်ပေးနခြေင်းဖြစ်ပြီး အဆောက်အဦကြံ့ခိုင်မှုမှာ စိုးရိမ်ဖွယ် မရှိသေးကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံမှ သိရသည်။
“အခု လူမှုကူညီရေးအဖွဲ့တွေ၊ မီးသတ်တွေ ရောက်နကြေပါပြီ။ သူတို့နဲ့အတူတွဲပြီး လိုအပ်တဲ့ မြေထိန်းနံရံ လုပ်တာတွေ လုပ်သွားပေးမှာပါ။ ကုန်ကျစရိတ်ကလည်း သိပ်အများကြီး မရှိပါဘူး”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ဆိုသည်။
အဆိုပါ မြပြေိုမှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်းနှင့် ရွှေတာချီလူမှုကူညီရေးအသင်းတို့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကိုနေမျိုး (မဇ္ဈိမ)
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~