မယ်ဆိုင်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်မှ ကျေးဇူးတင်စကားဆို

မယ်ဆိုင်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်မှ ကျေးဇူးတင်စကားဆို
ဇူလိုငျ 3, 2018
By Tachileik News Agency


ထမ့်လွမ်ဂူအတွင်းမှ လူငယ်(၁၃)ဦးကို ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိများ၊ ပြည်သူများ၊ ပါဝင်ကူညီ လုပ်ဆောင်သူများနှင့် နိုင်ငံတကာမှ ပါဝင်ကူညီသူများကို ဂုဏ်ပြုေ ကျးဇူးတင်ပါကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။


ရေတပ်အထူးအဖွဲ့ ဖတ္တရားကမ်းခြေရောက်ကြောင်းကို ထိုင်းစံတော်ချိန် ည(၉)နာရီ (၄၅)မိနစ်တွင် ဝန်ကြီးချုပ်ထံ ကနဦး အစီရင်ခံသည့် အချိန်တွင် ကလေးများအား မတွေ့ရသေးဘဲ နောက်ထပ် မီတာ (၄၀၀)ခန့် ရှာဖွေပြီးနောက် ကလေးများကို တွေ့ရခြင်းဖြစ်ကြောင်း အစိုးရပြောခွင့်ရသူက သတင်းထောက်များကို ပြောကြားသည်။

တာဝန်ရှိသူများ အနေဖြင့် ကလေးများ လုံခြုံဘေးကင်းစွာ အိမ်ပြန်ရောက်သည်အထိ အထူးဂရုစိုက် ဆက်လက် ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားပြီး ယခုမတော်တဆမှုသည် ဘေးအန္တရာယ် ကျရောက်ချိန်၌ ထိုင်းနိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုကို ထင်ဟပ်ပြသနိုင်ခဲ့သည်ဟု ဆိုသည်။



Tachileik News Agency
Ref:ThaiPBS


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို ရှာဖွေ ကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့၏ ညပိုင်းတွင် ရှာတွေ့ခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့ညတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာက ကယ်ဆယ်ရေး လုပ်ဆောင်သူ အားလုံးကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး ကလေးများ အမြန်ကျန်းမာ၊ လုံခြုံစေရန် ဆုတောင်းစကား ပြောကြားလိုက်သည်။

ထမ့်လွမ်ဂူအတွင်းမှ လူငယ်(၁၃)ဦးကို ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိများ၊ ပြည်သူများ၊ ပါဝင်ကူညီ လုပ်ဆောင်သူများနှင့် နိုင်ငံတကာမှ ပါဝင်ကူညီသူများကို ဂုဏ်ပြေု ကျးဇူးတင်ပါကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်ခဲ့သည့် ရေတပ်အထူးအဖွဲ့ကို အထူး ကျေးဇူးတင်စကားလည်း ပြောကြားလိုက်သည်။

ရေတပ်အထူးအဖွဲ့ ဖတ္တရားကမ်းခြေရောက်ကြောင်းကို ထိုင်းစံတော်ချိန် ည(၉)နာရီ (၄၅)မိနစ်တွင် ဝန်ကြီးချုပ်ထံ ကနဦး အစီရင်ခံသည့် အချိန်တွင် ကလေးများအား မတွေ့ရသေးဘဲ နောက်ထပ် မီတာ (၄၀၀)ခန့် ရှာဖွပြေီးနောက် ကလေးများကို တွေ့ရခြင်းဖြစ်ကြောင်း အစိုးရပြောခွင့်ရသူက သတင်းထောက်များကို ပြောကြားသည်။

တာဝန်ရှိသူများ အနဖြေင့် ကလေးများ လုံခြုံဘေးကင်းစွာ အိမ်ပြန်ရောက်သည်အထိ အထူးဂရုစိုက် ဆက်လက် ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားပြီး ယခုမတော်တဆမှုသည် ဘေးအန္တရာယ် ကျရောက်ချိန်၌ ထိုင်းနိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုကို ထင်ဟပ်ပြသနိုင်ခဲ့သည်ဟု ဆိုသည်။

ကလေးများ အပြင်သို့ ခေါ်ထုတ်နိုင်ရေးအတွက် လက်ရှိဂူအတွင်းမှရေများ စုပ်ထုတ်ခြင်းကို ဦးစားပေးလုပ်ဆောင်နေကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက Thai PBS ကိုပြောကြားကြောင်း သိရသည်။

ဆရာဝန်များက ကလေးများအား ဂူအတွင်းမှ အပြင်ခေါ်ထုတ်ရန်နှင့် ခေါ်ထုတ်ရန်သင့်လျော်သည့် နည်းလမ်းအတွက် ကျန်းမာရေးစစ်ဆေးရန် အချိန် လေးနာရီခန့်အချိန်ယူရန်လိုအပ်ပြီး ကလေးများ ခေါ်ထုတ်ရမည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

Tachileik News Agency
Ref:ThaiPBS 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~