မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးတြင္ သက္ဆုိင္ရာဝန္ထမ္းမ်ား ပူးေပါင္းပါဝင္လာေစေရးအတြက္ ႏုိင္ငံေတာ္က ဆုေၾကးခ်ီးျမႇင့္သည့္စနစ္ကို အေကာင္အထည္ေဖၚျခင္းျဖစ္ေၾကာင္း သမၼတေျပာၾကား

မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးတြင္ သက္ဆုိင္ရာဝန္ထမ္းမ်ား ပူးေပါင္းပါဝင္လာေစေရးအတြက္ ႏုိင္ငံေတာ္က ဆုေၾကးခ်ီးျမႇင့္သည့္စနစ္ကို အေကာင္အထည္ေဖၚျခင္းျဖစ္ေၾကာင္း သမၼတေျပာၾကား
ဇူလိုင် 11, 2018
By Tachileik News Agency

မူးယစ္ေဆးဝါးတားဆီးႏိွမ္နင္းေရးလုပ္ငန္းမ်ားတြင္ သက္ဆုိင္ရာဝန္ထမ္းမ်ားပူးေပါင္းပါဝင္လာေရးအတြက္ သတင္းေပးသူအား ႏုိင္ငံေတာ္က ဆုေၾကးခ်ီးျမႇင့္မည့္ အစီအစဥ္ကို အေကာင္အထည္ေဖၚျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ခရီးစဥ္တြင္ ေျပာၾကားသြားေၾကာင္း သိရသည္။

“သမၼတေျပာသြားတဲ့ အထဲမွာ မွတ္မွတ္ရရကေတာ့ မူးယစ္ေဆးဝါးကို ေရာင္းဝယ္တဲ့သူကိုေတြ႔ရင္ တုိင္ၾကားဖို႔ ေပါ့ေနာ္။ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္လို႔ သတင္းေပးဖို႔၊ တုိင္ၾကားဖို႔အတြက္လုပ္တာ ေကာင္းတဲ့ အစီအစဥ္ေပါ့။ တစ္ခ်ိဳ႕အမႈေတြဆိုရင္ ဒီဝန္ထမ္းေတြေရာ ရဲဌာနေတြေရာ အဲလိုမ်ိဳး ပါဝင္သြားတဲ့အတြက္ ဒီလိုမ်ိဳး ဆုေပးစနစ္လုပ္တာကလည္း သူတို႔အေနနဲ႔ ဒီလိုမ်ိဳးမလုပ္ေတာ့ဘဲ ဒီဘက္က ဆုကိုယူျခင္းအားျဖင့္ မူးယစ္ေဆးဝါးနဲ႔ပတ္သက္တဲ့ အမႈေတြမွာ ပိုမိုဖမ္းဆီးၿပီး လုပ္ေဆာင္လာႏုိင္မယ္လို႔ ေျပာသြားတယ္”ဟု သမၼတႏွင့္ ေတြ႔ဆံုပြဲတက္ေရာက္ခဲ့သည့္ သီေပါမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူးယစ္ေဆး၀ါး တားဆီးႏိွမ္နင္းေရးလုပ္ငန္းမ်ားတြင္ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ရပ္မိရပ္ဖမ်ား ပိုမိုပူးေပါင္း ပါ၀င္ႏုိင္ရန္ ေဆာင္ရြက္ၾကရန္ကိုလည္း သမၼတက တုိက္တြန္းေျပာၾကားသြားေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၏ ဇူလုိင္လ (၁၀)ရက္ေန႔က လားရိႈးၿမိဳ႕ခရီးစဥ္တြင္ ျပည္နယ္အစိုးရ၊ ျပည္နယ္တရားလႊတ္ေတာ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတုိင္းႏွင့္ ေဒသဦးစီးအဖြဲ႕၀င္မ်ား၊ ျပည္နယ္ လႊတ္ေတာ္ႏွင့္ ျပည္နယ္၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္မ်ားမွ ဌာနဆိုင္ရာတာ၀န္ရိွသူမ်ားႏွင့္ ေတြ႕ဆံုပြဲကို လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ေတြ႔ဆံုပြဲျပဳလုပ္ခဲ့ေသာ္လည္း သမၼတအား ေမးခြန္းေမးျမန္းခြင့္ႏွင့္ တင္ျပခြင့္မရခဲ့ေၾကာင္း သိရသည္။

“ေတြ႔ဆံုပြဲဆိုတဲ့အတုိင္းပဲ ဘာမွ ေမးခြန္းေတြေမးခြင့္၊ တင္ျပခြင့္ေတြ မရိွေတာ့ နားေထာင္ရံု သက္သက္ေပါ့။ ျဖစ္ေစခ်င္တာကေတာ့ သမၼတႀကီးလည္း လာေတာင့္လာခဲေပါ့ေလ။ လာတယ္ဆုိရင္လည္း ျပည္သူ႔ဆႏၵေလးေတြကို နားေထာင္သြားေစခ်င္တာေပါ့ေနာ္။ ဒီလိုေလးေတာ့ ျဖစ္ေစခ်င္တာေပါ့။ သမၼတလည္း မိန္႔ခြန္းေျပာၿပီးေတာ့ ဝန္ႀကီးခ်ဳပ္က အက်ဥ္းခ်ဳပ္တင္ျပသြားတာေလာက္ေတာ့ရိွတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြရဲ႕ လိုအပ္ခ်က္ေတြ လမ္းေတြ၊ တံတားေတြ ဖြံ႕ၿဖိဳးေရးကိစၥေတြပဲ တင္ျပသြားပါတယ္”ဟု သီေပါမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအးက ေျပာသည္။

ႏုိင္ငံေတာ္၏ ျပဳျပင္ေျပာင္းလဲေရးတြင္ သက္ဆိုင္ရာဌာနအလိုက္ ပါဝင္လာေစေရး၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးတြင္ အားလံုးပူးေပါင္းပါဝင္လာေစေရး၊ သိမ္းဆည္းခံေျမယာမ်ား မူလပိုင္ရွင္မ်ားထံ ျပန္လည္ေရာက္ရိွေရး၊ ျပည္သူ႔ဝန္ထမ္းမ်ားအေနျဖင့္ ျပည္သူ႔ဝန္ေဆာင္မႈကို အေကာင္းဆံုး ေဆာင္ရြက္လာေရး၊ ဘက္လုိက္မႈကင္းသည့္ တရားစီရင္ေရးစနစ္ျဖစ္ေစေရးတုိ႔အတြက္ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရးမ႑ိဳင္တို႔မွ တာ၀န္ရိွသူမ်ားအား သမၼတက တုိက္တြန္းသြားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ထမ်းများပူးပေါင်းပါဝင်လာရေးအတွက် သတင်းပေးသူအား နိုင်ငံတော်က ဆုကြေးချီးမြှင့်မည့် အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ခရီးစဉ်တွင် ပြောကြားသွားကြောင်း သိရသည်။

“သမ္မတပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရကတော့ မူးယစ်ဆေးဝါးကို ရောင်းဝယ်တဲ့သူကိုတွေ့ရင် တိုင်ကြားဖို့ ပေါ့နော်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ သတင်းပေးဖို့၊ တိုင်ကြားဖို့အတွက်လုပ်တာ ကောင်းတဲ့ အစီအစဉ်ပေါ့။ တစ်ချို့အမှုတွေဆိုရင် ဒီဝန်ထမ်းတွေရော ရဲဌာနတွေရော အဲလိုမျိုး ပါဝင်သွားတဲ့အတွက် ဒီလိုမျိုး ဆုပေးစနစ်လုပ်တာကလည်း သူတို့အနေနဲ့ ဒီလိုမျိုးမလုပ်တော့ဘဲ ဒီဘက်က ဆုကိုယူခြင်းအားဖြင့် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုတွေမှာ ပိုမိုဖမ်းဆီးပြီး လုပ်ဆောင်လာနိုင်မယ်လို့ ပြောသွားတယ်”ဟု သမ္မတနှင့် တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် သီပေါမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ ပိုမိုပူးပေါင်း ပါဝင်နိုင်ရန် ဆောင်ရွက်ကြရန်ကိုလည်း သမ္မတက တိုက်တွန်းပြောကြားသွားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇူလိုင်လ (၁၀)ရက်နေ့က လားရှိုးမြို့ခရီးစဉ်တွင် ပြည်နယ်အစိုးရ၊ ပြည်နယ်တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို လားရှိုးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံပွဲပြုလုပ်ခဲ့သော်လည်း သမ္မတအား မေးခွန်းမေးမြန်းခွင့်နှင့် တင်ပြခွင့်မရခဲ့ကြောင်း သိရသည်။

“တွေ့ဆုံပွဲဆိုတဲ့အတိုင်းပဲ ဘာမှ မေးခွန်းတွေမေးခွင့်၊ တင်ပြခွင့်တွေ မရှိတော့ နားထောင်ရုံ သက်သက်ပေါ့။ ဖြစ်စေချင်တာကတော့ သမ္မတကြီးလည်း လာတောင့်လာခဲပေါ့လေ။ လာတယ်ဆိုရင်လည်း ပြည်သူ့ဆန္ဒလေးတွေကို နားထောင်သွားစေချင်တာပေါ့နော်။ ဒီလိုလေးတော့ ဖြစ်စေချင်တာပေါ့။ သမ္မတလည်း မိန့်ခွန်းပြောပြီးတော့ ဝန်ကြီးချုပ်က အကျဉ်းချုပ်တင်ပြသွားတာလောက်တော့ရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ လိုအပ်ချက်တွေ လမ်းတွေ၊ တံတားတွေ ဖွံ့ဖြိုးရေးကိစ္စတွေပဲ တင်ပြသွားပါတယ်”ဟု သီပေါမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးတွင် သက်ဆိုင်ရာဌာနအလိုက် ပါဝင်လာစေရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတွင် အားလုံးပူးပေါင်းပါဝင်လာစေရေး၊ သိမ်းဆည်းခံမြေယာများ မူလပိုင်ရှင်များထံ ပြန်လည်ရောက်ရှိရေး၊ ပြည်သူ့ဝန်ထမ်းများအနဖြေင့် ပြည်သူ့ဝန်ဆောင်မှုကို အကောင်းဆုံး ဆောင်ရွက်လာရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ဖြစ်စေရေးတို့အတွက် အုပ်ချုပ်ရေး၊ ဥပဒပြေုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများအား သမ္မတက တိုက်တွန်းသွားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~