မယ်ဆိုင်ဂူအတွင်းက ကယ်ထုတ်လာသည့် လူငယ်(၁၃)ဦး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီဖြစ်၍ လာမည့် တစ်ပတ်အတွင်း အိမ်ပြန်ရဖွယ်ရှိ

မယ်ဆိုင်ဂူအတွင်းက ကယ်ထုတ်လာသည့် လူငယ်(၁၃)ဦး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီဖြစ်၍ လာမည့် တစ်ပတ်အတွင်း အိမ်ပြန်ရဖွယ်ရှိ
ဇူလိုငျ 13, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင်ရှိ ထမ့်လွမ်ဂူအတွင်းမှ ကယ်ထုတ်လာသည့် လူငယ်(၁၃)ဦး၏ ကျန်းမာရေး တိုးတက် ကောင်းမွန်နေပြီ ဖြစ်၍ လာမည့် တစ်ပတ်အတွင်း အိမ်ပြန်ရဖွယ်ရှိနေသည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးက ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် ပြောကြားလိုက်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးအားလုံး အစားအသောက်ကို ပုံမှန်အတိုင်း စားနိုင်နေပြီဖြစ်သော်လည်း ကုသမှု ခံယူ နေဆဲဖြစ်ကြောင်း သိရသည်။



ကလေးများ အနေဖြင့် ကယ်ဆယ်သူများနှင့် မတွေ့မီ ကြုံခဲ့ရသည့် စိတ်ဒဏ်ရာများကို ကုစားရန် ပတ်ဝန်းကျင်၏ အကူအညီကို လိုအပ်သည်ဟု ဆရာဝန်များက ဆိုထားသည်။

ထမ့်လွမ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စ၍ တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးတို့ ၀င်ရောက်သွားရာမှ ဂူအတွင်း ရေကြီးလာမှုများကြောင့် ပြန်မထွက်လာနိုင်တော့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရာ ဂူအတွင်းမှ လူငယ်များအား ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိတိ ခွဲထုတ်ကယ်ဆယ်ခဲ့ရပြီးနောက် ယခုအခါမှာ လူငယ်(၁၃)ဦးမှာ ချင်းရိုင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိသည်။

Tachileik News Agency
Ref:PBS


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင်ရှိ ထမ့်လွမ်ဂူအတွင်းမှ ကယ်ထုတ်လာသည့် လူငယ်(၁၃)ဦး၏ ကျန်းမာရေး တိုးတက် ကောင်းမွန်နပြေီ ဖြစ်၍ လာမည့် တစ်ပတ်အတွင်း အိမ်ပြန်ရဖွယ်ရှိနေသည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးက ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် ပြောကြားလိုက်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးအားလုံး အစားအသောက်ကို ပုံမှန်အတိုင်း စားနိုင်နပြေီဖြစ်သော်လည်း ကုသမှု ခံယူ နေဆဲဖြစ်ကြောင်း သိရသည်။

အိမ်ပြန်ခွင့် ပေးပြီးပါက စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပကတိ ကျန်းမာလာသည်အထိ ကုသမှုများကို ဆရာဝန်များက ဆက်လက် လုပ်ဆောင်ပေးနေမည်ဖြစ်ကြောင်း သိရသည်။

ဂူအတွင်း (၁၇)ရက်ကြာ ပိတ်မိခဲ့သည့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်စောင့်ရှောက်ပေးရန် လိုအပ်နေဆဲဖြစ်သဖြင့် ကလေးများ ဆေးရုံမဆင်းမီ မိဘအုပ်ထိန်းသူများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကလေးများ အနဖြေင့် ကယ်ဆယ်သူများနှင့် မတွေ့မီ ကြုံခဲ့ရသည့် စိတ်ဒဏ်ရာများကို ကုစားရန် ပတ်ဝန်းကျင်၏ အကူအညီကို လိုအပ်သည်ဟု ဆရာဝန်များက ဆိုထားသည်။

ထမ့်လွမ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက စ၍ တောဝက်ဘောလုံးအသင်း၏ ကစားသမား လူငယ်(၁၂)ဦးနှင့် နည်းပြ(၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးတို့ ဝင်ရောက်သွားရာမှ ဂူအတွင်း ရကြေီးလာမှုများကြောင့် ပြန်မထွက်လာနိုင်တော့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရာ ဂူအတွင်းမှ လူငယ်များအား ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိတိ ခွဲထုတ်ကယ်ဆယ်ခဲ့ရပြီးနောက် ယခုအခါမှာ လူငယ်(၁၃)ဦးမှာ ချင်းရိုင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိသည်။

Tachileik News Agency
Ref:PBS

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~