မွန်ပြည်နယ်အတွင်း ရေကြီးနေမှုများကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့က ရန်ကုန်-မော်လမြိုင်-ရန်ကုန်- ထားဝယ်တို့အား ဇူလိုင်လ(၃၀)ရက်နေ့တွင် အထူးခရီးစဉ်အဖြစ် ပြေးဆွဲပျံသန်းမည်

မွန်ပြည်နယ်အတွင်း ရေကြီးနေမှုများကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့က ရန်ကုန်-မော်လမြိုင်-ရန်ကုန်- ထားဝယ်တို့အား ဇူလိုင်လ(၃၀)ရက်နေ့တွင် အထူးခရီးစဉ်အဖြစ် ပြေးဆွဲပျံသန်းမည်
ဇူလိုင် 29, 2018
By Tachileik News Agency
မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရာမှ ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီပိတ်ထားရသည့် အတွက် ယာဉ်လမ်းဖြင့် သွားမရတော့၍ ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ထားဝယ် - ရန်ကုန် လေကြောင်း ခရီးစဉ်အား မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ဇူလိုင်လ(၃၀)ရက်နေ့က စ၍ အထူးခရီးစဉ်အနေဖြင့် ပြေးဆွဲပျံသန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံ လေကြောင်းလိုင်းအနေဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၇)နာရီခွဲမှ နံနက်(၁၀း၀၅)နာရီအချိန်အထိ ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်အား ပြေးဆွဲပေးသွားမည်ဖြစ်ပြီး နံနက်(၁၀)နာရီခွဲမှ နံနက်(၁၁း၅၅)နာရီအချိန်အထိ ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်သို့အား အထူးခရီးစဉ်အနေဖြင့် ပြေးဆွဲ ပျံသန်းမည်ဖြစ်ကြောင်း နှင့် ခရီးစဉ်နေ့ရက် ထပ်တိုးပါက ၎င်းတို့၏ Facebook Page တွင် ထပ်မံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့်  ၂၀၁၈ခုနှစ်  ဇူလိုင်လ(၃၀)ရက်နေ့တွင် ရန်ကုန် - မော်လမြိုင် ခရီးစဉ်အား (၃)ကြိမ်၊ မော်လမြိုင် - ရန်ကုန်အား (၂)ကြိမ် ပြေးဆွဲပျံသန်းပေးသွားးမည်ဖြစ်ပြီး ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်အား ညနေပိုင်းတွင် (၁)ကြိမ် ပြေးဆွဲပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဇူလိုင်လ(၃၁)ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်အား (၂)ကြိမ်စီ ပြေးဆွဲသွားမှာ ဖြစ်ကြောင်း နှင့် ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်တို့ကိုလည်း (၂)ကြိမ်စီ အထူးခရီးစဉ်အနေဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်အတွင်း ရကြေီးရေလျှံမှုများ ဖြစ်ပွားနေရာမှ ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီပိတ်ထားရသည့် အတွက် ယာဉ်လမ်းဖြင့် သွားမရတော့၍ ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ထားဝယ် - ရန်ကုန် လေကြောင်း ခရီးစဉ်အား မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ဇူလိုင်လ(၃၀)ရက်နေ့က စ၍ အထူးခရီးစဉ်အနဖြေင့် ပြေးဆွဲပျံသန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံ လေကြောင်းလိုင်းအနဖြေင့် ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၇)နာရီခွဲမှ နံနက်(၁၀းဝ၅)နာရီအချိန်အထိ ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်အား ပြေးဆွဲပေးသွားမည်ဖြစ်ပြီး နံနက်(၁၀)နာရီခွဲမှ နံနက်(၁၁း၅၅)နာရီအချိန်အထိ ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်သို့အား အထူးခရီးစဉ်အနဖြေင့် ပြေးဆွဲ ပျံသန်းမည်ဖြစ်ကြောင်း နှင့် ခရီးစဉ်နေ့ရက် ထပ်တိုးပါက၎င်းတို့၏ Facebook Page တွင် ထပ်မံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနဖြေင့် ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ရန်ကုန် - မော်လမြိုင် ခရီးစဉ်အား (၃)ကြိမ်၊ မော်လမြိုင် - ရန်ကုန်အား (၂)ကြိမ် ပြေးဆွဲပျံသန်းပေးသွားမည်ဖြစ်ပြီး ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်အား ညနေပိုင်းတွင် (၁)ကြိမ် ပြေးဆွဲပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဇူလိုင်လ(၃၁)ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်အား (၂)ကြိမ်စီ ပြေးဆွဲသွားမှာ ဖြစ်ကြောင်း နှင့် ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်တို့ကိုလည်း (၂)ကြိမ်စီ အထူးခရီးစဉ်အနဖြေင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်များနှင့် ပတ်သက်၍ မန်းရတနာပုံလေကြောင်းလိုင်း ရန်ကုန်ရုံးချူပ် - 01-656 969, 651 813, 653 481 Ext. 602-607 သို့ လည်းကောင်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် ပတ်သက်၍ မော်လမြိုင်ဖုန်း ဖုန်း 09-8718220 နှင့် 01374847 သို့လည်းကောင်း ခရီးစဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လမ်းမကြီးမှာ ဇူလိုင်လ(၂၉)ရက်နေ့အထိ ပိတ်မိနေလျှက်ရှိသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~