Update News

လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဇနီးျဖစ္သူအား ေသနတ္ျဖင့္ ပစ္ရန္ႀကိဳးစားေနစဥ္ ၀င္ေရာက္တားျမစ္သူ အိမ္နီးခ်င္းကို ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ထြက္ေျပး

လင္မယားခ်င္း စကားမ်ားရာမွ ဇနီးျဖစ္သူအား ခင္ပြန္းက တူမီးေသနတ္ျဖင့္ ပစ္ရန္ ႀကိဳးစားေနစဥ္ အိမ္နီးျခင္းက ၀င္ေရာက္ တားျမစ္ရာမွ အိမ္နီးခ်င္းျဖစ္သူမွာ ေသနတ္ျဖင့္ပစ္ခတ္ခံလိုက္ရ၍  (၃)ခ်က္ဒဏ္ရာရမႈ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ခရိုင္၊ မုိင္းခုတ္ၿမိဳ႕နယ္၊ လြယ္ေဆာင္းေက်းရြာအုပ္စု၊ နားမေက်းရြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


မုိင္းဆတ္ျပည္သူ႔ေဆးရံုႀကီးတြင္ ေသနတ္ ဒဏ္ရာရထားသည့္ အမ်ိဳးသားလူနာတစ္ဦး ေရာက္ေနေၾကာင္း သတင္းအရ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၈)ရက္ေန႔ ည(၉)နာရီခြဲအခ်ိန္တြင္ မိုင္းဆတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေအာင္ႏုိင္ေရႊႏွင့္ ၿမိဳ႕မစခန္းမွဳဴး ဒုရဲမွဴးစိုးမင္းတို႔က သြားေရာက္စစ္ေဆးရာ ေသနတ္ပစ္ခံရသူမွာ နားမေက်းရြာမွ အသက္ (၂၇)ႏွစ္အရြယ္ ဦးက်အူဆိုသူျဖစ္ၿပီး အိမ္နီးခ်င္းက တူမီးေသနတ္ျဖင့္ ပစ္ခတ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဦးက်အူက အိမ္နီးခ်င္းျဖစ္သူ ေလာအူ ေနမေကာင္းျဖစ္ေနသျဖင့္ သြားေရာက္ၾကည့္ရႈရာ ေလာအူအား ၎၏ ေနအိမ္ေပၚတြင္ ဇနီးျဖစ္သူ ေဒၚနာဖာ၊ တစ္ရြာတည္းေနဦးက်လဲတုိ႔ႏွင့္ အတူေတြ႔ရၿပီး (၅)မိနစ္ခန္႔အၾကာ၌ ေလာအူႏွင့္ ၎၏ဇနီး ေဒၚနာဖာတို႔ စကားမ်ားရာ ေလာအူက တူမီး ေသနတ္ျဖင့္ ပစ္ရန္ႀကိဳးစားသျဖင့္ ဦးက်အူက ဝင္ေရာက္္ တားျမစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဦးက်အူႏွင့္ ဦးက်လဲတို႔ အိမ္ျပင္သို႔ ထြက္ေျပးစဥ္ ေပ(၂၀)ခန္႔အေရာက္၌ ေလာအူက တူမီးေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ဦးက်အူ၏ ညာဘက္တင္ပါးတြင္ ေသနတ္ ဒဏ္ရာ(၂)ခ်က္ႏွင့္ ဘယ္ဘက္ တင္ပါးတြင္ ေသနတ္ဒဏ္ရာ (၁)ခ်က္တုိ႔ရသြားၿပီး မိုင္းဆတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္၍ တိမ္းေရွာင္သြားသည့္ အသက္(၃၅)ႏွစ္အရြယ္ ေလာအူအား မိုင္းခုတ္နယ္ေျမ ရဲစခန္းတြင္ (ပ) ၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူအား ခင်ပွန်းက တူမီးသေနတ်ဖြင့် ပစ်ရန် ကြိုးစားနေစဉ် အိမ်နီးခြင်းက ဝင်ရောက် တားမြစ်ရာမှ အိမ်နီးချင်းဖြစ်သူမှာ သေနတ်ဖြင့်ပစ်ခတ်ခံလိုက်ရ၍  (၃)ချက်ဒဏ်ရာရမှု ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ နားမကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ပြည်သူ့ဆေးရုံကြီးတွင် သေနတ် ဒဏ်ရာရထားသည့် အမျိုးသားလူနာတစ်ဦး ရောက်နေကြောင်း သတင်းအရ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ ည(၉)နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေနှင့် မြို့မစခန်းမှုူး ဒုရဲမှူးစိုးမင်းတို့က သွားရောက်စစ်ဆေးရာ သေနတ်ပစ်ခံရသူမှာ နားမကျေးရွာမှ အသက် (၂၇)နှစ်အရွယ် ဦးကျအူဆိုသူဖြစ်ပြီး အိမ်နီးချင်းက တူမီးသေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကျအူက အိမ်နီးချင်းဖြစ်သူ လောအူ နေမကောင်းဖြစ်နေသဖြင့် သွားရောက်ကြည့်ရှုရာ လောအူအား၎င်း၏ နေအိမ်ပေါ်တွင် ဇနီးဖြစ်သူ ဒေါ်နာဖာ၊ တစ်ရွာတည်းနေဦးကျလဲတို့နှင့် အတူတွေ့ရပြီး (၅)မိနစ်ခန့်အကြာ၌ လောအူနှင့်၎င်း၏ဇနီး ဒေါ်နာဖာတို့ စကားများရာ လောအူက တူမီး သေနတ်ဖြင့် ပစ်ရန်ကြိုးစားသဖြင့် ဦးကျအူက ဝင်ရောက် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဦးကျအူနှင့် ဦးကျလဲတို့ အိမ်ပြင်သို့ ထွက်ပြေးစဉ် ပေ(၂၀)ခန့်အရောက်၌ လောအူက တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးကျအူ၏ ညာဘက်တင်ပါးတွင် သေနတ် ဒဏ်ရာ(၂)ချက်နှင့် ဘယ်ဘက် တင်ပါးတွင် သေနတ်ဒဏ်ရာ (၁)ချက်တို့ရသွားပြီး မိုင်းဆတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်၍ တိမ်းရှောင်သွားသည့် အသက်(၃၅)နှစ်အရွယ် လောအူအား မိုင်းခုတ်နယ်မြေ ရဲစခန်းတွင် (ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::