မယ္ဆုိင္ဂူမွ ကေလးမ်ားကယ္ထုတ္ေရးအတြက္ ထုိင္းနိုင္ငံ၏ အကူအညီေတာင္းခံမႈႏွင့္အတူ ထုိင္းဘက္မွ ေပးပို႔သည့္ေျမပံုအရ ျမန္မာဘက္မွ ရွာေဖြမႈ (၅)ႀကိမ္ ေဆာင္ရြက္ခဲ့

မယ္ဆုိင္ဂူမွ ကေလးမ်ားကယ္ထုတ္ေရးအတြက္ ထုိင္းနိုင္ငံ၏ အကူအညီေတာင္းခံမႈႏွင့္အတူ ထုိင္းဘက္မွ ေပးပို႔သည့္ေျမပံုအရ ျမန္မာဘက္မွ ရွာေဖြမႈ (၅)ႀကိမ္ ေဆာင္ရြက္ခဲ့
ဇူလိုင် 9, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ထိုင္းႏိုင္ငံ မယ္ဆုိင္ဂူအတြင္းပိတ္မိေနသည့္ ကေလးမ်ား ကယ္ထုတ္ရန္ လမ္းေၾကာင္း ရွာေဖြေပးေရးအတြက္ ျမန္မာဘက္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အဆုိပါဂူႏွင့္ ဆက္စပ္သည့္ ထြက္ေပါက္ရိွႏုိင္သျဖင့္ ရွာေဖြေပးရန္ ထုိင္းႏုိင္ငံက အကူအညီေတာင္းခံမႈေၾကာင့္ ကေလးမ်ား ကယ္ထုတ္သည့္ ေန႔အထိ ျမန္မာဘက္က (၅)ႀကိမ္ အထိရွာေဖြမႈမ်ား လုပ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“သူတုိ႔ဘက္က ကေလးေတြ ကယ္ထုတ္ဖို႔ လမ္းေၾကာင္းရွာခ်င္တဲ့အတြက္ တာခ်ီလိတ္ဘက္မွာ ဂူရဲ႕ ထြက္ေပါက္ ရိွႏုိင္တယ္လုိ႔ ေျပာလာတဲ့ ေနရာဘက္ေတြကို ရွာၾကည့္ေပးဖို႔ အကူအညီ ေတာင္းလာတဲ့ အတြက္ ရွာေပးပါတယ္။ သူတုိ႔ေျပာလာတဲ့ ေနရာေတြမွာ ရွာေဖြေပးသလုိ ဒီေဒသက ေဒသ ကၽြမ္းက်င္သူေတြ၊ နယ္ေျမအေၾကာင္းသိတဲ့ လူႀကီးေတြနဲ႔ ရွာေဖြေရးအဖြဲ႕ေတြ ပူးေပါင္းၿပီး ရွာေဖြေပးခဲ့ပါတယ္”ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

မယ္ဆိုင္ဂူအတြင္းမွ လူငယ္(၁၃)ဦးအား (၁၀)ရက္ေျမာက္ေန႔ ျဖစ္သည့္ ၂၀၁၈ခုႏွစ္ ဇူလိုင္လ(၂)ရက္ေန႔ ညပိုင္းတြင္ ရွာေဖြ ေတ႔ြရွိခဲ့ေသာ္လည္း ဇူလိုင္လ(၇)ရက္ေန႔အထိ ၎တို႔အား ေခၚထုတ္ရန္ ခက္ခဲေနသည့္ အတြက္ ကယ္ထုတ္ႏိုင္ရန္ နည္းလမ္းမ်ား ရွာေဖြရာတြင္ ျမန္မာႏိုင္ငံဘက္ျခမ္းတြင္ အဆုိပါဂူႏွင့္ ဆက္စပ္ေနသည့္ ဂူ၏ ထြက္ေပါက္မ်ား ရိွႏုိင္သည္ဟု ယူဆသျဖင့္ ျမန္မာဘက္ျခမ္းမွ ကူညီရွာေဖြေပးရန္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၈)ရက္ေန႔တြင္ အကူအညီေတာင္းခံလာျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ၏ အကူအညီေတာင္းခံမႈအရ ရွာေဖြေရးကို တာခ်ီလိတ္ခရိုင္ႏွင့္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ၏ ညႊန္ၾကားခ်က္ျဖင့္ ေဒသတြင္းတာဝန္ရိွသူမ်ား၊ လူမႈေရးအဖြဲ႕မ်ား ပူးေပါင္းအဖြဲ႕ျဖင့္ ဇြန္လ(၂၈)ရက္ေန႔မွစ၍ ျဖစ္ႏုိင္ေခ်ရိွသည့္ ေနရာမ်ားအား (၃)ရက္ရွာေဖြေပးခဲ့ရာ ေတြ႔ရိွရျခင္းမရိွသျဖင့္ ရွာေဖြမႈအား ရပ္နားခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ဆက္လက္၍ ၂၀၁၈ခုႏွစ္ ဇူလုိင္လ(၅)ရက္ေန႔၊ ထိုင္းစံေတာ္ခ်ိန္ နံနက္(၉း၅၆)နာရီအခ်ိန္တြင္ မယ္ဆိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ဒုရဲမွဴးႀကီး ခုမ္ကရစ္က မယ္ဆုိင္ဂူတြင္ ေရာက္ေနသည့္ ဦးစည္သူေမာင္မွ တစ္ဆင့္ ဆက္သြယ္လာကာ တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်ရြာအုပ္စု အာဒီးရြာဘက္ တစ္၀ိုက္တြင္ မယ္ဆုိင္ဂူႏွင့္ ဆက္စပ္ႏိုင္ဖြယ္ရွိသည့္ ေနရာျပ ေျမပံုမ်ားေပးပို႔ကာ ျမန္မာဘက္မွ ထပ္မံကူညီရွာေဖြ ေပးႏုိင္ပါရန္ အကူအညီေတာင္းခံလာခဲ့သည့္အတြက္ တာခ်ီလိတ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထိုင္း ဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆိုင္)သို႔ ဦးစည္သူေမာင္က ဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းေပးခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ ထိုင္းဘက္က ကယ္ဆယ္ေရးလုပ္ငန္းအတြက္ အဖက္ဖက္က ေဆာင္ရြက္ေနရသည္ျဖစ္ျခင္းေၾကာင္း အကူအညီေတာင္းခံမႈႏွင့္ ပတ္သက္၍ စာျဖင့္ မထုတ္ျပန္ႏိုင္ခဲ့ဘဲ ယခုလို ႏႈတ္ျဖင့္ အကူအညီေတာင္းခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

ထုိင္းနုိင္ငံဘက္မွ ေပးပို႔သည့္ ေျမပံုအရ ရွာေဖြျခင္းကို ျမန္မာဘက္ျခမ္းတြင္ ဇူလုိင္လ(၇)ရက္ေန႔ႏွင့္  ဇူလုိင္လ(၈)ရက္ေန႔အထိ ႏွစ္ရက္ထပ္မံရွာေဖြေပးခဲ့ျခင္းနည္းတူ၊ ထိုင္းဘက္ကလည္း ဇူလိုင္လ(၈)ရက္ေန႔အထိ ေတာအတြင္း ဂူေပါက္မ်ား ရွာေဖြေနရာက မယ္ဆိုင္ဂူေပါက္မွ တဆင့္ ဇူလိုင္လ(၈)ရက္ေန႔ ည(၅)နာရီေက်ာ္တြင္ ဂူထဲက လူငယ္(၄)ဦးအား ပထမဆံုး စတင္ကယ္ထုတ္ႏိုင္လိုက္သည့္အတြက္ ယခုအခါမွာ ေတာအတြင္းမွ ဂူေပါက္ရွာေဖြမႈကို ရပ္တန္႔လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာဘက္မွရွာေဖြမႈမ်ားကို ျမန္မာတပ္မေတာ္မွ  နယ္ေျမခံတပ္ဖဲြ႕၀င္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြ႔ဲ၊ မီးသတ္ဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ ၾကက္ေျခနီတပ္ဖဲြ႕၊ အလင္းေရာင္ ပရဟိတအသင္း ႏွင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔ အပါအ၀င္ နယ္ေျမကြ်မ္းက်င္သည့္ ေက်းရြာေန ျပည္သူမ်ားျဖင့္ ပူးေပါင္းပါ၀င္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ အာဒီးရြာ၊ နာက်ဲရြာ၊ ဗာလရြာ နဲ႔ ပါခါးရြာ ေလးရြာက နယ္နိမိတ္တစ္ေလွ်ာက္ ရွာေဖြခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ဂူေပါက္ႏွင့္ ဆက္စပ္ႏိုင္မည္ဟု ယူဆကာ ထိုင္းဘက္က အကူအညီေတာင္းခံလာမႈေၾကာင့္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၂၈)ရက္ေန႔က  ပုန္းထြန္ရပ္ကြက္အတြင္းရိွ ေငြေစတီကုန္းတြင္ လည္းေကာင္း၊ ဇြန္လ(၂၉)ရက္ေန႔က ပုန္းထြန္ရပ္ကြက္အတြင္းမွ သီရိရတနာဂူတြင္ လည္းေကာင္း၊ ဇြန္လ(၃၀)ရက္ေန႔က ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္ေရွ႕ရွိ ဂူတြင္လည္းေကာင္း၊ ဇူလိုင္လ(၇)ရက္ေန႔ ႏွင့္ ဇူလိုင္လ(၈)ရက္ေန႔တို႔တြင္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ကူညီရွာေဖြမႈမ်ား လုပ္ေဆာင္ေပးခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏုိင္ငံ အေနျဖင့္ ပူးေပါင္းကူညီေဆာင္ရြက္ႏုိင္ေရးအတြက္ ျပည္ေထာင္စုအစိုးရက ႏုိင္ငံျခားေရး ဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ သို႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၈)ရက္ေန႔တြင္ ညႊန္ၾကားလုိက္ၿပီးေနာက္ ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ခရိုင္တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ နယ္ျခားေကာ္မတီခ်င္း ခ်ိတ္ဆက္၍ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - Tachileik News Agency
ဓါတ္ပံု - ျမန္မာဘက္ ပူးေပါင္းကယ္ဆယ္ေရးအဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းပိတ်မိနေသည့် ကလေးများ ကယ်ထုတ်ရန် လမ်းကြောင်း ရှာဖွေပေးရေးအတွက် မြန်မာဘက် တာချီလိတ်မြို့နယ်အတွင်း အဆိုပါဂူနှင့် ဆက်စပ်သည့် ထွက်ပေါက်ရှိနိုင်သဖြင့် ရှာဖွေပေးရန် ထိုင်းနိုင်ငံက အကူအညီတောင်းခံမှုကြောင့် ကလေးများ ကယ်ထုတ်သည့် နေ့အထိ မြန်မာဘက်က (၅)ကြိမ် အထိရှာဖွေမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က ကလေးတွေ ကယ်ထုတ်ဖို့ လမ်းကြောင်းရှာချင်တဲ့အတွက် တာချီလိတ်ဘက်မှာ ဂူရဲ့ ထွက်ပေါက် ရှိနိုင်တယ်လို့ ပြောလာတဲ့ နေရာဘက်တွေကို ရှာကြည့်ပေးဖို့ အကူအညီ တောင်းလာတဲ့ အတွက် ရှာပေးပါတယ်။ သူတို့ပြောလာတဲ့ နေရာတွေမှာ ရှာဖွေပေးသလို ဒီဒေသက ဒေသ ကျွမ်းကျင်သူတွေ၊ နယ်မြေအကြောင်းသိတဲ့ လူကြီးတွေနဲ့ ရှာဖွေရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေပေးခဲ့ပါတယ်”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဂူအတွင်းမှ လူငယ်(၁၃)ဦးအား (၁၀)ရက်မြောက်နေ့ ဖြစ်သည့် ၂၀၁၈ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့သော်လည်း ဇူလိုင်လ(၇)ရက်နေ့အထိ၎င်းတို့အား ခေါ်ထုတ်ရန် ခက်ခဲနေသည့် အတွက် ကယ်ထုတ်နိုင်ရန် နည်းလမ်းများ ရှာဖွေရာတွင် မြန်မာနိုင်ငံဘက်ခြမ်းတွင် အဆိုပါဂူနှင့် ဆက်စပ်နေသည့် ဂူ၏ ထွက်ပေါက်များ ရှိနိုင်သည်ဟု ယူဆသဖြင့် မြန်မာဘက်ခြမ်းမှ ကူညီရှာဖွေပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ အကူအညီတောင်းခံမှုအရ ရှာဖွေရေးကို တာချီလိတ်ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဒေသတွင်းတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် ဇွန်လ(၂၈)ရက်နေ့မှစ၍ ဖြစ်နိုင်ချေရှိသည့် နေရာများအား (၃)ရက်ရှာဖွေပေးခဲ့ရာ တွေ့ရှိရခြင်းမရှိသဖြင့် ရှာဖွေမှုအား ရပ်နားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဆက်လက်၍ ၂၀၁၈ခုနှစ် ဇူလိုင်လ(၅)ရက်နေ့၊ ထိုင်းစံတော်ချိန် နံနက်(၉း၅၆)နာရီအချိန်တွင် မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ခုမ်ကရစ်က မယ်ဆိုင်ဂူတွင် ရောက်နေသည့် ဦးစည်သူမောင်မှ တစ်ဆင့် ဆက်သွယ်လာကာ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေရွာအုပ်စု အာဒီးရွာဘက် တစ်ဝိုက်တွင် မယ်ဆိုင်ဂူနှင့် ဆက်စပ်နိုင်ဖွယ်ရှိသည့် နေရာပြ မြေပုံများပေးပို့ကာ မြန်မာဘက်မှ ထပ်မံကူညီရှာဖွေ ပေးနိုင်ပါရန် အကူအညီတောင်းခံလာခဲ့သည့်အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)သို့ ဦးစည်သူမောင်က ဖုန်းဖြင့် ဆက်သွယ်အကြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုင်းဘက်က ကယ်ဆယ်ရေးလုပ်ငန်းအတွက် အဖက်ဖက်က ဆောင်ရွက်နေရသည်ဖြစ်ခြင်းကြောင်း အကူအညီတောင်းခံမှုနှင့် ပတ်သက်၍ စာဖြင့် မထုတ်ပြန်နိုင်ခဲ့ဘဲ ယခုလို နှုတ်ဖြင့် အကူအညီတောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ပေးပို့သည့် မြေပုံအရ ရှာဖွခြေင်းကို မြန်မာဘက်ခြမ်းတွင် ဇူလိုင်လ(၇)ရက်နေ့နှင့် ဇူလိုင်လ(၈)ရက်နေ့အထိ နှစ်ရက်ထပ်မံရှာဖွေပေးခဲ့ခြင်းနည်းတူ၊ ထိုင်းဘက်ကလည်း ဇူလိုင်လ(၈)ရက်နေ့အထိ တောအတွင်း ဂူပေါက်များ ရှာဖွေနေရာက မယ်ဆိုင်ဂူပေါက်မှ တဆင့် ဇူလိုင်လ(၈)ရက်နေ့ ည(၅)နာရီကျော်တွင် ဂူထဲက လူငယ်(၄)ဦးအား ပထမဆုံး စတင်ကယ်ထုတ်နိုင်လိုက်သည့်အတွက် ယခုအခါမှာ တောအတွင်းမှ ဂူပေါက်ရှာဖွေမှုကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှရှာဖွေမှုများကို မြန်မာတပ်မတော်မှ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ အလင်းရောင် ပရဟိတအသင်း နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ အပါအဝင် နယ်မြေကျွမ်းကျင်သည့် ကျေးရွာနေ ပြည်သူများဖြင့် ပူးပေါင်းပါဝင်ပြီး တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ အာဒီးရွာ၊ နာကျဲရွာ၊ ဗာလရွာ နဲ့ ပါခါးရွာ လေးရွာက နယ်နိမိတ်တစ်လျှောက် ရှာဖွေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ဂူပေါက်နှင့် ဆက်စပ်နိုင်မည်ဟု ယူဆကာ ထိုင်းဘက်က အကူအညီတောင်းခံလာမှုကြောင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ၂၀၁၈ခုနှစ် ဇွန်လ(၂၈)ရက်နေ့က ပုန်းထွန်ရပ်ကွက်အတွင်းရှိ ငွေစေတီကုန်းတွင် လည်းကောင်း၊ ဇွန်လ(၂၉)ရက်နေ့က ပုန်းထွန်ရပ်ကွက်အတွင်းမှ သီရိရတနာဂူတွင် လည်းကောင်း၊ ဇွန်လ(၃၀)ရက်နေ့က ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ရှေ့ရှိ ဂူတွင်လည်းကောင်း၊ ဇူလိုင်လ(၇)ရက်နေ့ နှင့် ဇူလိုင်လ(၈)ရက်နေ့တို့တွင် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ကူညီရှာဖွေမှုများ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနဖြေင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - Tachileik News Agency
ဓာတ်ပုံ - မြန်မာဘက် ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~