လားရှိုး - မိုင်းယော်လမ်း ကားလမ်းရေကျော်နေ၍ ဇူလိုင်လ (၃၁)ရက်နေ့အထိ ဖြတ်သန်းခွင့် ယာယီပိတ်မည်
လားရှိုး - မိုင်းယော်လမ်း ကားလမ်းရေကျော်နေ၍ ဇူလိုင်လ (၃၁)ရက်နေ့အထိ ဖြတ်သန်းခွင့် ယာယီပိတ်မည်
ဇူလိုငျ 30, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့မှစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် လားရှိုး - မိုင်းယော်လမ်းကို ဇူလိုင်လ (၃၁) ရက်နေ့အထိ ဖြတ်သန်းခွင့် ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
နမ့်မျှော်-မိုင်းယော်- မိုင်းကျက် လမ်းတစ်လျှောက် အရှည်တစ်မိုင်ခန့် လမ်းပိုင်းမှာ ၂၀၁၈ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့ နံနက်အစောပိုင်းမှစ၍ ရေနစ်မြုပ်နေသဖြင့် လမ်းအသုံးပြုခွင့်ယာယီပိတ်ထားခြင်းဖြစ်ရာ ၄င်းလမ်းမှ ဖြတ်သန်းသွားရသည့် တာပုံကျေးရွာအပါအဝင် လမ်းနံဘေးနေထိုင်သူများမှ လားရှိုးမြို့ထဲသို့ သွားလာနေသူများကို ဖိုင်ဘာလှေများဖြင့် သယ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းတွင် ယာဉ်များအား ဖြတ်သန်းခွင့်ပိတ်ထားပြီး ဖြတ်သန်းသွားလာမည့်သူများကို လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့က အင်အား (၄၀) ဦး၊ လူမှုကူညီရေးအသင်းများနှင့် တပ်မတော်သားများ ပူးပေါင်း၍ လှေဖြင့်ဖြတ်ကူးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် လားရှိုးရေပူစမ်းရှိ ရေချိုးကန်များတွင်လည်း ရွှံ့ရေများ ဝင်ရောက်လာသဖြင့် ယာယီ ပိတ်ထားကြောင်းလည်း သိရသည်။
သတင်း/သတင်း -  နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့မှစ၍ ရကြေီးရေလျှံမှု ဖြစ်ပွားနခြေင်းကြောင့် လားရှိုး - မိုင်းယော်လမ်းကို ဇူလိုင်လ (၃၁) ရက်နေ့အထိ ဖြတ်သန်းခွင့် ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
နမ့်မျှော်-မိုင်းယော်- မိုင်းကျက် လမ်းတစ်လျှောက် အရှည်တစ်မိုင်ခန့် လမ်းပိုင်းမှာ ၂၀၁၈ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့ နံနက်အစောပိုင်းမှစ၍ ရေနစ်မြုပ်နေသဖြင့် လမ်းအသုံးပြုခွင့်ယာယီပိတ်ထားခြင်းဖြစ်ရာ ၄င်းလမ်းမှ ဖြတ်သန်းသွားရသည့် တာပုံကျေးရွာအပါအဝင် လမ်းနံဘေးနေထိုင်သူများမှ လားရှိုးမြို့ထဲသို့ သွားလာနေသူများကို ဖိုင်ဘာလှေများဖြင့် သယ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“မြို့ထဲဘက်ကနေ တာပုံကျေးရွာဘက်ကို မဖြစ်မနေ ပြန်ရမယ့်သူတွေနဲ့ အဲဒီရွာဘက်ကရယ်၊ လမ်းနံဘေးက လူနေအိမ်ခြေတွေက မြို့ထဲကို လာမယ့်သူတွေရယ်ကို ဖိုင်ဘာလှေတွေနဲ့ ရကြေီးနေတဲ့ နေရာကိုဖြတ်ပြီး ပို့ဆောင်ပေးနေတယ်။ လမ်းဦးစီးဌာနက လာစစ်ဆေးတဲ့အရာရှိတွေနဲ့တိုင်ပင်ပြီးတော့ ဒီလမ်းကို ညပိုင်းကနေ မနက်ဖြန် (၃၁) ရက်နေ့အထိ အခြေအနေအရ ဖြတ်သန်းခွင့်ပိတ်ထားမယ်” ဟု လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး ဦးဝင်းသောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ယာဉ်များအား ဖြတ်သန်းခွင့်ပိတ်ထားပြီး ဖြတ်သန်းသွားလာမည့်သူများကို လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့က အင်အား (၄၀) ဦး၊ လူမှုကူညီရေးအသင်းများနှင့် တပ်မတော်သားများ ပူးပေါင်း၍ လှဖြေင့်ဖြတ်ကူးပေးနခြေင်းဖြစ်ကြောင်း သိရသည်။
လားရှိုးတွင် ဇူလိုင်လ (၂၈)ရက်နေ့ ညပိုင်းကတည်းက နမ့်လောင်းချောင်းရေတက်သဖြင့် ချောင်းဘေးအိမ်အချို့ ရေနစ်မြုပ်ပြီး အိမ်စီးကားတစ်စီး ချောင်းထဲပြုတ်ကျသွားရာ ယာဉ်မောင်း အမျိုးသားကို ဇူလိုင်လ (၃၀) ရက်နေ့အထိ ရှာမတွေ့သေးကြောင်း သိရသည်။
ရကြေီးရေလျှံမှုများကြောင့် လားရှိုးရေပူစမ်းရှိ ရေချိုးကန်များတွင်လည်း ရွှံ့ရေများ ဝင်ရောက်လာသဖြင့် ယာယီ ပိတ်ထားကြောင်းလည်း သိရသည်။
သတင်း/သတင်း - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~