မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်တွင် လူမျိုးအမည် မှားယွင်းဖေါ်ပြမှုများ ပြင်ဆင်ပေးနေ
မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်တွင် လူမျိုးအမည် မှားယွင်းဖေါ်ပြမှုများ ပြင်ဆင်ပေးနေ
ဇူလိုငျ 30, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်းရှိ ချင်းလူမျိုးအချို့က  အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် ဗမာဟု ဖေါ်ပြထားသည်ကို ပြင်ဆင်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဦးစီးရုံးများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းသိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - လဝက
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသားများ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် လူမျိုးအမည် ကွဲလွဲနေမှုများ ပြင်ဆင်ရေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှစ၍ ဆောင်ရွက်ပေး နေသော်လည်း လာရောက်ပြုလုပ်သူ နည်းနေသေးကြောင်း ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးထံမှ သိရသည်။
“ဇွန်လအတွင်း ကတည်းက လုပ်ပေးနေတယ်ဆိုပေမဲ့ တောင်ပေါ်မှာရော ဒေသအသီးသီးမှာ ပြန့်ကျဲနေတဲ့ ချင်းလူမျိုးတွေ အနေနဲ့ လာလုပ်တဲ့သူ နည်းနေသေးတယ်။ ဒါဆို လုပ်လို့ရတယ်ဆိုတာ ဖိတ်ခေါ် အသိပေးတာ လုပ်နေရတုန်းပဲ။ ငဖဲဘက်က လာလုပ်တဲ့ သူတွေတော့ရှိနပြေီ” ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဆလိုင်းဦးလှထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူမျိုးနှင့် အမည်ရှေ့မှ အသုံးအနှုန်း မှားယွင်းနေသည်များကို ပြင်ဆင်နိုင်ရေးအတွက် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စု လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ ၂၀၁၈ ခုနှစ် မေလက တင်ပြခဲ့ရာ မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံ ညှိနှိုင်း အကူအညီတောင်းခံဆောင်ရွက်ရန် ဇွန်လက အကြောင်းပြန်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ချင်းလူမျိုးအချို့က အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် ဗမာဟု ဖော်ပြထားသည်ကို ပြင်ဆင်နိုင်ရန် မကွေးတို်င်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဦးစီးရုံးများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းသိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - လဝက
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~