တောင်ကြီးမှ ကျိုင်းတုံအလာ ရင်ကွဲတောင်အဆင်း မြေပြိုမှု လမ်းပွင့်သွားသော်လည်း မိုးရွာနေ၍ သတိထားသွားရန်လို

တောင်ကြီးမှ ကျိုင်းတုံအလာ ရင်ကွဲတောင်အဆင်း မြေပြိုမှု လမ်းပွင့်သွားသော်လည်း မိုးရွာနေ၍ သတိထားသွားရန်လို
ဇူလိုငျ 30, 2018
By Tachileik News Agency

[Update: 9:12AM 30/7/2018]

တောင်ကြီး မှ ကျိုင်းတုံသို့ အလာ ရင်ကွဲတောင်အဆင်းတွင် ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ည(၁၂)နာရီဝန်းကျင် အချိန်က တောင်ပြိုမှုကြောင့် ကားလမ်းပေါ်ကို မြေများပြိုကျရာကနေ လမ်းပိတ်သွားရာက စက်များဖြင့် မြေကြီးများအား ဖယ်ရှားပြီးနောက် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၈)နာရီ(၄၅)မိနစ်တွင် ယာဉ်များ သွားလာနိုင်ပြီ ဖြစ်သော်လည်း မိုးရွာနေသည့်အတွက် သတိထား သွားလာရန် လိုအပ်ကြောင်း သိရသည်။

"လမ်းက နံနက်(၈း၄၅)နာရီမှာ ပွင့်သွားပြီ၊ အဆင်းကားတွေ လွှတ်ပေးနေပြီ၊ လမ်းဖော်ပေးပြီး သွားလို့ရအောင် လုပ်ပေးထားတယ်၊ မိုးကတော့ အဆက်မပြတ်ရွာနေတယ်၊ အန္တရာယ်တော့များတယ်၊ အဆင်း တောက်လျှောက်မှာလည်း တောင်ပြိုလက်စတွေ တွေ့တယ်၊ လမ်းအနေအထားကတော့ မိုးရွာတော့ ပြိုထားတဲ့နေရာတွေမှာ လမ်းနည်းနည်းချော်တယ်၊ ဂရုစိုက်သွားမှ အဆင်ပြေမှာ"ဟု မိထ္တီလာမှ တာချီလိတ်သို့ လာသည့် (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

[Update: 9:12AM 30/7/2018]

တောင်ကြီး မှ ကျိုင်းတုံသို့ အလာ ရင်ကွဲတောင်အဆင်းတွင် ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ည(၁၂)နာရီဝန်းကျင် အချိန်က တောင်ပြိုမှုကြောင့် ကားလမ်းပေါ်ကို မြေများပြိုကျရာကနေ လမ်းပိတ်သွားရာက စက်များဖြင့် မြကြေီးများအား ဖယ်ရှားပြီးနောက် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၈)နာရီ(၄၅)မိနစ်တွင် ယာဉ်များ သွားလာနိုင်ပြီ ဖြစ်သော်လည်း မိုးရွာနေသည့်အတွက် သတိထား သွားလာရန် လိုအပ်ကြောင်း သိရသည်။

"လမ်းက နံနက်(၈း၄၅)နာရီမှာ ပွင့်သွားပြီ၊ အဆင်းကားတွေ လွှတ်ပေးနပြေီ၊ လမ်းဖော်ပေးပြီး သွားလို့ရအောင် လုပ်ပေးထားတယ်၊ မိုးကတော့ အဆက်မပြတ်ရွာနေတယ်၊ အန္တရာယ်တော့များတယ်၊ အဆင်း တောက်လျှောက်မှာလည်း တောင်ပြိုလက်စတွေ တွေ့တယ်၊ လမ်းအနေအထားကတော့ မိုးရွာတော့ ပြိုထားတဲ့နေရာတွေမှာ လမ်းနည်းနည်းချော်တယ်၊ ဂရုစိုက်သွားမှ အဆင်ပြေမှာ"ဟု မိထ္တီလာမှ တာချီလိတ်သို့ လာသည့် (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ကြီး မှ ကျိုင်းတုံသို့ အလာ ရင်ကွဲတောင်အဆင်းတွင် တောင်ပြိုမှုကြောင့် ကားလမ်းပေါ်ကို မြေများ ပြိုကျရာကနေ ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၆)နာရီက သက်ဆိုင်ရာက စတင်ရှင်းလင်းဖယ်ရှားခဲ့ရာမှ ယခုအခါမှာ ယာဉ်များ သွားလာနိုင်ပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - #အောင်ကျော်ဆင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~