က်ဳိင္းတံုၿမိဳ႕ ယန္းလူး(လမ္းခြဲ)ေက်းရြာတြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသူအား လက္နက္ပုဒ္မျဖင့္ ဖမ္းဆီး အေရးယူထား

က်ဳိင္းတံုၿမိဳ႕ ယန္းလူး(လမ္းခြဲ)ေက်းရြာတြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသူအား လက္နက္ပုဒ္မျဖင့္ ဖမ္းဆီး အေရးယူထား
ဇူလိုင် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ယန္းလူး(လမ္းခြဲ)ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔အကူး နံနက္ (၁)နာရီမထိုးမီက အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသည့္ အမ်ိဳးသား(၁)ဦးကို ရဲတပ္ဖြဲ႕မွ ထိန္းသိမ္းထားရေၾကာင္း သိရသည္။

ယန္းလူး(လမ္းခြဲ)ေက်းရြာအနီး လမ္းမေပၚတြင္  ဇူလုိင္လ (၃၁)ရက္ေန႔ နံနက္အေစာပိုင္းက အရိုးအသြား(၂)ေပခြဲခန္႔ရိွသည့္ ဓါးတစ္လက္ျဖင့္ အရက္မူး ေအာ္ဟစ္ဆဲဆိုေသာင္းက်န္းေနသည့္ အသက္(၄၄)ႏွစ္အရြယ္ တင္ေအာင္စိုးအား ရဲတပ္ဖြဲ႕က ထိန္းသိမ္းခဲ့ျခင္းျဖစ္ျဖစ္သည္။

တင္ေအာင္စိုးကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၅/၂၀၁၈၊ လက္နက္ပုဒ္မ ၁၉(င)အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး(လမ်းခွဲ)ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့အကူး နံနက် (၁)နာရီမထိုးမီက အရက်မူးပြီး ဓားကိုင်ရမ်းကားနေသည့် အမျိုးသား(၁)ဦးကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားရကြောင်း သိရသည်။

ယန်းလူး(လမ်းခွဲ)ကျေးရွာအနီး လမ်းမပေါ်တွင် ဇူလိုင်လ (၃၁)ရက်နေ့ နံနက်အစောပိုင်းက အရိုးအသွား(၂)ပေခွဲခန့်ရှိသည့် ဓားတစ်လက်ဖြင့် အရက်မူး အော်ဟစ်ဆဲဆိုသောင်းကျန်းနေသည့် အသက်(၄၄)နှစ်အရွယ် တင်အောင်စိုးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်းဖြစ်ဖြစ်သည်။

တင်အောင်စိုးကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၅၅/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~