က်ိဳင္းတံုၿမိဳ႕တြင္ ခိုးရာပါဆုိင္ကယ္မ်ား ထုခြဲေရာင္းခ်သည္ဟု သတင္းရသည့္ ဆိုင္အား ရဲတပ္ဖြဲ႕ ဝင္ေရာက္ ဖမ္းဆီး

က်ိဳင္းတံုၿမိဳ႕တြင္ ခိုးရာပါဆုိင္ကယ္မ်ား ထုခြဲေရာင္းခ်သည္ဟု သတင္းရသည့္ ဆိုင္အား ရဲတပ္ဖြဲ႕ ဝင္ေရာက္ ဖမ္းဆီး
ဇူလိုင် 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ အမွတ္ (၂)ရပ္ကြက္၊ ရဲေဘာ္ေဟာင္းရြာ၊ က်ိဳင္းတံု - တာခ်ီလိတ္ လမ္းေဘးရိွ ဆုိင္ကယ္ျပင္ဆိုင္ တစ္ဆုိင္တြင္ ခုိးရာပါဆုိင္ကယ္မ်ား ထုခြဲေရာင္းခ်ေပးေနေၾကာင္း သတင္းအရ ဝင္ေရာက္စစ္ေဆးရာ နံပါတ္မပါသည့္ ဆုိင္ကယ္တစ္စီးႏွင့္ မသကၤာဖြယ္ေတြ႔ရသည့္ ဆုိင္ပိုင္ရွင္အား ဖမ္းဆီး အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါ ဆုိင္တြင္ ထုိင္းႏုိင္ငံလုပ္ HONDA WAVE 100 အမ်ိဳးအစား အျပာေရာင္ဆိုင္ကယ္ (၁)စီးအား ေတြ႔ရသျဖင့္ ဆုိင္ပုိင္ရွင္ ဦးေစာဂ်က္ဆန္အား ေမးျမန္းရာစစ္ေဆးရာ ဆိုင္ကယ္ႏွင့္ ပတ္သက္၍ အေထာက္အထား ျပသ ေျပာဆိုႏုိင္ျခင္း မရိွသျဖင့္ ခိုးယူလာသည့္ ဆိုင္ကယ္ျဖစ္သည္ဟု ယူဆသျဖင့္ သက္ေသမ်ားေရွ႕တြင္ ဆုိင္ကယ္အား သိမ္းဆည္းၿပီး ဦးေစာဂ်က္ဆန္အား ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေစာဂ်က္ဆန္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/က်င့္ ၅၄ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ် (၂)ရပ်ကွက်၊ ရဲဘော်ဟောင်းရွာ၊ ကျိုင်းတုံ - တာချီလိတ် လမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်တွင် ခိုးရာပါဆိုင်ကယ်များ ထုခွဲရောင်းချပေးနေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရာ နံပါတ်မပါသည့် ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်တွေ့ရသည့် ဆိုင်ပိုင်ရှင်အား ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ဆိုင်တွင် ထိုင်းနိုင်ငံလုပ် HONDA WAVE 100 အမျိုးအစား အပြာရောင်ဆိုင်ကယ် (၁)စီးအား တွေ့ရသဖြင့် ဆိုင်ပိုင်ရှင် ဦးစောဂျက်ဆန်အား မေးမြန်းရာစစ်ဆေးရာ ဆိုင်ကယ်နှင့် ပတ်သက်၍ အထောက်အထား ပြသ ပြောဆိုနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်သည်ဟု ယူဆသဖြင့် သက်သေများရှေ့တွင် ဆိုင်ကယ်အား သိမ်းဆည်းပြီး ဦးစောဂျက်ဆန်အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စောဂျက်ဆန်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~