ေတာင္ႀကီးမွ က်ဳိင္းတံုအလာ ရင္ကြဲေတာင္အဆင္းတြင္ လမ္းေပၚ ေျမမ်ားၿပိဳေန၍ ယာဥ္သြားလာရ အခက္ေတြ႔ေန

ေတာင္ႀကီးမွ က်ဳိင္းတံုအလာ ရင္ကြဲေတာင္အဆင္းတြင္ လမ္းေပၚ ေျမမ်ားၿပိဳေန၍ ယာဥ္သြားလာရ အခက္ေတြ႔ေန
ဇူလိုင် 30, 2018
By Tachileik News Agency

ေတာင္ႀကီးမွ က်ဳိင္းတံုသို႔အလာ စပါယ္ရွယ္ေတာင္ထိပ္ က်ဳိင္းတံုဘက္သို႔ (ရင္ကြဲေတာင္အဆင္း )အဆင္းတြင္ ၂၀၁၈ခုႏွစ္ ဇူလိုင္လ(၂၉)ရက္ေန႔ ည(၁၂)နာရီ၀န္းက်င္က ေတာင္ၿပိဳကာ လမ္းပိတ္ ေနေၾကာင္း မိထၱီလာမွ တာခ်ီလိတ္သို႔ (၁၂)ဘီးယာဥ္ျဖင့္ ၾကက္သြန္မ်ားတင္ေဆာင္လာသူထံက သိရသည္။

"အခုေလာေလာဆယ္ ကြ်န္ေတာ္တို႔ပဲ ရွိတယ္။ ရင္ကြဲေတာင္အဆင္းမွာ ျဖစ္ေနတာ။ တာခ်ီလိတ္၊ က်ဳိင္းတံုဘက္က ယာဥ္ေတြ လာမယ္ဆိုရင္လည္း အခု လက္ရွိအေနအထားနဲ႔ဆို သြားလို႔ ရမွာ မဟုတ္ဘူး အႏၱရာယ္ရွိႏိုင္တယ္။ ကြ်န္ေတာ္တို႔လည္း သြားလို႔မရလို႔ အခု ညဒီမွာပဲ ကားေပၚကေန အိပ္ရမွာ၊ ေျမေတြက လမ္းေပၚမွာ ၿပိဳေနတာက လူတစ္ရပ္ေလာက္ရွိတယ္"ဟု (၁၂)ဘီးယာဥ္ေမာင္း ကိုေအာင္ေက်ာ္ဆင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၂၉)ရက္ေန႔ ည(၁၂)နာရီအခ်ိန္က ေျပာသည္။

လက္ရွိတြင္ အဆိုပါ လမ္း၌ ၎တို႔ ယာဥ္တစ္စီး ႏွင့္ ယာဥ္ေမာင္းအပါအ၀င္ (၃)ဦးသာရွိေနၿပီး၊ လမ္းအေျခအေနမွာ ေျမမ်ား  လမ္းေပၚအထိ အျပည့္ၿပိဳက်ေနမႈေၾကာင့္ ဆိုင္ကယ္ ႏွင့္ ကားမ်ား  သြားလာရန္ အတြက္ အခက္အခဲမ်ားႏွင့္ ႀကံဳေတြ႔ေနလွ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - AKS


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမှ ကျိုင်းတုံသို့အလာ စပါယ်ရှယ်တောင်ထိပ် ကျိုင်းတုံဘက်သို့ (ရင်ကွဲတောင်အဆင်း )အဆင်းတွင် ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ည(၁၂)နာရီဝန်းကျင်က တောင်ပြိုကာ လမ်းပိတ် နေကြောင်း မိထ္တီလာမှ တာချီလိတ်သို့ (၁၂)ဘီးယာဉ်ဖြင့် ကြက်သွန်များတင်ဆောင်လာသူထံက သိရသည်။

"အခုလောလောဆယ် ကျွန်တော်တို့ပဲ ရှိတယ်။ ရင်ကွဲတောင်အဆင်းမှာ ဖြစ်နေတာ။ တာချီလိတ်၊ ကျိုင်းတုံဘက်က ယာဉ်တွေ လာမယ်ဆိုရင်လည်း အခု လက်ရှိအနေအထားနဲ့ဆို သွားလို့ ရမှာ မဟုတ်ဘူး အန္တရာယ်ရှိနိုင်တယ်။ ကျွန်တော်တို့လည်း သွားလို့မရလို့ အခု ညဒီမှာပဲ ကားပေါ်ကနေ အိပ်ရမှာ၊ မြေတွေက လမ်းပေါ်မှာ ပြိုနေတာက လူတစ်ရပ်လောက်ရှိတယ်"ဟု (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၉)ရက်နေ့ ည(၁၂)နာရီအချိန်က ပြောသည်။

လက်ရှိတွင် အဆိုပါ လမ်း၌၎င်းတို့ ယာဉ်တစ်စီး နှင့် ယာဉ်မောင်းအပါအဝင် (၃)ဦးသာရှိနပြေီး၊ လမ်းအခြေအနေမှာ မြေများ လမ်းပေါ်အထိ အပြည့်ပြိုကျနေမှုကြောင့် ဆိုင်ကယ် နှင့် ကားများ သွားလာရန် အတွက် အခက်အခဲများနှင့် ကြုံတွေ့နေလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - AKS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~